♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 4, 2016

" ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး စမ်းသပ်တဲ့လူ "

 
အန်းဒရီးစ် ဝါ့လ် (Andreas Wahl) ဟာ ရူပဗေဒအဆိုကို သက်သေပြနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး စမ်းသပ်ခဲ့ပါတယ်။ သူက ရူပဗေဒ ပညာရှင်တစ်ဦးပါ။ရေထဲမှာ သေနတ်ပစ်လို့ မရဘူးဆိုတဲ့ ရူပဗေဒ အဆိုကို သူက စမ်းသပ်ဖို့အတွက် ရေကန်တစ်ခုထဲမှာ ကြိုးကိုသုံးပြီး သူ့ကိုယ်သူ ပစ်ခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သေနတ်ကို ရေထဲမှာ
ခွာထားပြီးနောက် သေနတ်ရဲ့ ခလုတ်ကို ကြိုးနဲ့ ထိန်းထားပြီး သူ့ကိုယ်သူ ပြန်ပစ်လိုက်တာပါ။

                           

နောက်ဆက်တွဲ အကျိုးဆက်ကတော့ သူ့ရဲ့ စမ်းသပ်မှု အောင်မြင်သွားတာပါပဲ။ သိပ္ပံလောကရဲ့ အဆိုဟာ တကယ်ကို မှန်ကန်ကြောင်း သူ့အသက်နဲ့ရင်းပြီး သိရှိလိုက်တာလည်း ဖြစ်ပါတယ်။ သေနတ်ရဲ့ ခလုတ်ကို ဆွဲလိုက်တဲ့အခါ ကျည်ဆန်က သူ့ဆီ တန်းတန်းမတ်မတ် ရောက်မလာခဲ့ပါဘူး။ ရေကို အတန်ငယ်ဖြတ်သန်းပြီးနောက် ရေကန်ကြမ်းပြင်ပေါ်ကို ကျည်ဆန်က ပြုတ်ကျသွားခဲ့ပါတယ်။ ဒီတော့မှ ဝါ့လ်လည်း အသက်ဝဝ ရှုနိုင်ပြီး စကားပြောနိုင်ပါတော့တယ်။

 

သေနတ်ဟာ အပြင်မှာ သုံးနိုင်တဲ့အတိုင်း ရေအောက်ထဲမှာ သုံးလို့မရနိုင်ပါဘူး။ အကြောင်းကတော့ ရေဟာ လေထက် အဆပေါင်း ၈၀၀ လောက် ပိုပြီး သိပ်သည်းဆ များနေလို့ပါ။

Credit : ဖိုးသူတော်(http://www.phothutaw.com/2016/01/blog-post_293.html?m=0)
Credit : duwun

No comments:

Subscribe

လာလည်သူများ

free counters