၁။ လက်ဆောင်ပစ္စည်းကောင်းကောင်းလေးတစ်ခုပေးဖို့ကိစ္စအတွက် စိတ်မပူရတော့ပါ
ချစ်သူများနေ့မှာ သက်ဆိုင်သူရှိနေတဲ့အခါ မိမိရဲ့စိတ်ခံစားချက်များနဲ့ ပတ်သက်လို့ ရိုမန်တစ်ဆန်ဆန် ဖွင့်ဟပြောဆိုမှုပြုဖို့ သင့်ကို မျှော်လင့်ထားပါတယ်။ မျှော်လင့်ချက်တွေ ရှိတဲ့နေရာမှာ လက်တွေ့ဖြစ်လာမတတ်တဲ အခြေအနေလည်း ရှိတတ်ပြန်ပါတယ်။ ပန်းကို အရောင်မှား ဝယ်မိရင်၊ သင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာ သူ မကြိုက်ရင် ဒါမှမဟုတ် သင် ရွေးချယ်လိုက်တဲ့ လက်ဝတ်ရတနာလေးကို သူမ သဘောမကျခဲ့ရင် ဘယ်လိုလုပ်မလဲ။ စိတ်ကူးယဉ်ခဲ့သမျှ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ယူဆထားတဲ့ တစ်နေ့ဟာ မနှစ်မြို့ဖွယ် စိတ်ဖိစီးမှုဖြစ်စေတဲ့ နေ့တစ်နေ့သို့ ပြောင်းသွားနိုင်ပါတယ်။
၂။ ပိုက်ဆံ အကုန်အကျများများစားစားမရှိတော့ပါ
မိမိခံစားမှုကို သူသိအောင်ပြသဖို့ ပိုက်ဆံတွေ ကုန်ရပါတယ်။ တကယ်လို့ မိမိတစ်ဦးတည်းသာဖြစ်ရင် ပိုက်ဆံကို ကောင်းကောင်း စုလို့ရပါတယ်။ အတွဲမရှိသူတွေ ရုပ်ရှင်အတွက် သို့မဟုတ် အရက်သေစာအတွက် ပိုက်ဆံအများကြီးပေးကောင်းပေးနိုင်ပေမယ့် ဆွဲကြိုးတစ်ကုံး သို့မဟုတ် ညနေစာ တစ်ခါ စတိုင်ကျကျ စီစဉ်စားသောက်ရတာထက် များစွာ သက်သာနေပါသေးတယ်။
၃။ တက်ကြွနေသယောင် ဟန်ဆောင်ဖို့ မလိုတော့ပါ
သင့်မှာ တစ်ယောက်သောသူရှိနေပါက သွားတွေဖြဲပြ၊ စားပွဲပေါ်က အသည်းပုံစက္ကူလေးတွေ သဘောကျသလို ဟန်ဆောင်လုပ်ပြနေရုံကလွဲလို့ ရွေးချယ်စရာမရှိပါ။ အဲဒါထက် ရိုးရိုးသားသားပြုမူနေထိုင်ရတာ များစွာ ပိုပြီးလွယ်ကူ ပေါ့ပါး
ပါလိမ့်မယ်။
၎။ အစီအစဉ်ကို လနဲ့ချီ ကြိုတင်လုပ်ထားစရာမလိုတော့ပါ
အံ့မခန်းဖွယ် ရိုမန်တစ်ဆန်သော ချစ်သူများနေ့ဖြစ်ဖို့အတွက် ကြိုတင်အသိပေးထားတဲ့ လက်ဆောင်များနဲ့ လှုပ်ရှားမှုများက ကြိုတင်ပြင်ဆင်မှု လိုအပ်ပါတယ်။ စောင့်နေရင် စားသောက်ဆိုင်မှာ ဘယ်ထိုင်ခုံမှ ရတော့မှာ မဟုတ်တော့ပါဘူး။ ချစ်သူများနေ့ကျင်းပတယ်ဆိုတာ တစ်ယောက်ထဲသမားတွေ စိတ်ပြေလက်ပျောက်၊ ဘာဂရုစိုက်စရာဘာမှ မရှိတဲ့အချိန် ချစ်သူနဲ့သူတွေကတော့ မဟာဗျူဟာတွေ ဆွဲနေရတဲ့ အချိန် ဖြစ်ပါတယ်။
Ref:yourtango
Credit : http://www.trend.com.mm/2016/02/03/relationships-8737
No comments:
Post a Comment