♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 1, 2016

" အေးဓမြတွေကို အားလုံး သတိရှိကြပါ "


ဖုန်း ၁ call ဝင်လာပါတယ် ....
သူတို့ကုမ္ပဏီကနေ ကျွန်မဖုန်းနံပါတ်ကို .....random ရွေးပြီး မဲပေါက်ပါသဖြင့် သူတို့အရောင်းဆိုင်တွေမှာ လက်ဆောင်
ပစ္စည်းလာထုတ်ပါတဲ့ပုလဲကွန်ဒိုကိုသွားလိုက်ပါတယ် ။ သူတို့က msg လဲပို့ပါတယ်ကဲသွားကြည့်မယ်ဆိုပြီး သွားတာပေါ့။

ဆိုင်ကိုရောက်တော့ msg လဲရတယ် ဖုန်းလဲဆက်ထားလို့ လာတဲ့အကြောင်း ပြောပြီး သူတို့က နံမည်ရေးမှတ် msg ကိုကြည့်ပြီး ဖျက်လိုက်ပါတယ်။ ပြီးတော့ သူတို့ပစ္စည်းတွေအကြောင်း ရှင်းပြပါတယ်။

ရေသန်ု့စက် .....လေသန့်စက် ......မီးဖို ....air fryer......ဖုန်စုပ်စက် ....ဟော့ပေါ့အိုး .....အဆီချခါးပတ် .....အနှိမ့်ခုံ .....
ကောင်းပါတယ် သူတို့ပစ္စည်းတွေက ဂျပန်ပစ္စည်းတွေပေါ့ ပြီးတော့ဈေးတွေ ပြောပါတယ်။ ၂ သိန်းကျော်က အနည်းဆုံး။

ပြီးတော့ ဘယ်ပစ္စည်းကို စိတ်ဝင်စားပါသလဲတဲ့ အတင်းမေးပါတယ်။ ကိုယ်စိတ်ဝင်စားတာက air fryer လို့ပြောလိုက်တော့ ၆ သိန်းကျော်။
မဝယ်နိုင်ပါဘူး စိတ်ဝင်စားလားမေးလို့ဖြေတာ.... ပြောတော့ ကံစမ်းမဲ ခဲခြစ် တခုရွေးခိုင်းပါတယ်။ သူတို့က ကိုယ်ရွေးပေးတဲ့ တခုကို ခဲခြစ်လိုက်တယ်။
အဲဒီအချိန်မှာ ဆိုင်ထဲက ဝန်ထမ်း ၃ ယောက်လောက်က.....ဟာ.....ကံစမ်းမဲ ခဲခြစ်တာလား ပျော်စရာကြီး ....ဘာပေါက်လဲ မသိဘူး ဆိုပြီး ဝိုင်းအုံလာပါတယ်။

မဲက ဆယ်သိန်းအထက် ပစ္စည်းတခုဝယ်ရင် ၃၂ လက်မ TV တလုံးလက်ဆောင်ပေးပြီး နောက် ဟော့ပေါ့အိုးတလုံး တခုပေး
ပါမယ်တဲ့။
အဲဒီမှာ သူတို့အားလုံးက ဝိုင်းလက်ခုတ်တီးပြီး .....အရမ်းကံကောင်းတာဘဲ ဆိုပြီး အော်ကြပါတယ်။ ကိုယ်လဲကြောင်တောင်တောင်ဖြစ်နေတာပေါ့။
ကျွန်မတို့က ပစ္စည်းဝယ်ဖို့လာသူမဟုတ်ဘူး ပြောတော့ ....စရံပေးခဲ့ပြီး နောက်မှငွေလာပေးရင်လဲ ရပါတယ်တဲ့။ စရံပေးလိုက်ရင် မုန့်စားဖို့ ငွေမရှိတော့ဘူးဆိုတော့ အိမ်လိုက်ယူပါ့မယ်တဲ့ .....
အော် အတင်းအဓမ္မအေးဓားမြ နဲ့လာတိုးနေပါလား .....
ငါတို့ကိုဖုန်းဆက်ခေါ် msg ပို့ ငါတို့မှာ ကားဓာတ်ဆီအကုန်ခံပြီးလာရ......ပြီးတော့ အေးဓားမြနဲ့တွေ့ ....ဘာမှမဝယ်ဘူး
.....နင်တို့က လူလတ်တန်းစား သုံးနိုင်တဲ့ ပစ္စည်းတွေ မဟုတ်ဘူး
ပြောပြီးပြန်ထွက်တော့ .....ဒီပန်းကန်တချပ် လက်ဆောင်ဆိုပြီး ပေးလိုက်လေရဲ့
မိတ်ဆွေတို့လဲ ကျွန်မလိုအဖြစ်မခံရအောင် ကြိုအသိပေးလိုက်ပါတယ်ရှင်

Credit to (ကိုယ်တွေ့ရေးသားသူ - တီတီပုလေး)

Credit : http://www.lwinpyin.com/2016/01/blog-post_845.html

No comments:

Subscribe

လာလည်သူများ

free counters