♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 4, 2015

"အသက်အရွယ် ငယ်ငယ်လေးနဲ့ ပါးရေတွန့်ခြင်း ကင်းဝေးစေဖို့"

အသက်ကလေး နည်းနည်းရလာတာနဲ့အမျှ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာတတ်တာ သိကြမှာပါ။ ဒါပေမယ့် ကိုယ့်အသက်က ခုမှ ၁၉၊ ၂၀ လောက်ပဲရှိသေးရဲ့နဲ့ မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာပြီဆိုရင်တော့
ကိုယ့်ဘက်က ဂရုစိုက်ပေးရမယ့်အခြေအနေတွေ ဖြစ်လာပါပြီ။ တစ်ချို့က ကိုယ့်အသားအရေအတွက် နည်းပေါင်းစုံနဲ့ကို ဂရုစိုက်ကြတဲ့အတွက် အရေးအကြောင်းတွေ လျော့နည်းတာမျိုး ရှိသလို တစ်ချို့ကျတော့လည်း ဖြစ်သလိုနေထိုင်စားသောက်နေကြတာမို့ ရှိနေတဲ့ အသက်ကို ပိုရင့်တယ်လို့ ထင်ရသလို အရေးအကြောင်းတွေလည်း ပိုမိုမြန်ဆန်စွာ ပေါ်ပေါက်လာကြပါတယ်။ ဒါ့ကြောင့် မျက်နှာမှာ အရေးအကြောင်း နည်းပါးအောင် ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

၁။ ဆေးလိပ်မသောက်ပါနဲ့။

ပါးရေတွန့်ခြင်း၊ အရေးအကြောင်းဖြစ်ပေါ်စေခြင်းအတွက် အဓိကရှောင်ရမယ့်အချက်ကတော့ ဆေးလိပ်သောက်ခြင်းပါပဲ။ ဆေးလိပ်မသောက်တဲ့သူနဲ့ သောက်တဲ့သူယှဉ်ရင် သောက်တဲ့သူက အရေးအကြောင်းပိုများပြိး ပိုရင့်ပါတယ်။

၂။ဝိတ်ချခြင်းဟာ နည်းမှန်လမ်းမှန်ဖြစ်ပါစေ။

ကိုယ်က ၀နေလို့၊ အဆီတွေများနေလို့ ၀ိတ်ချချင်တယ်ဆိုရင်လည်း ကိုယ်လုပ်နေတာ၊ စားနေတာ နည်းမှန်လမ်းမှန်ဖြစ်ရဲ့လားဆိုတာ သေချာအောင်လုပ်ပါ။ ချိုတဲ့အစားအစာတွေ၊ သကြားတွေ အများကြီး သုံးထားတဲ့ အစားအစာတွေဟာ ကိုယ့်ရဲ့ဘော်ဒီကို ပိန်သွယ်တာမျိုး မဖြစ်စေနိုင်ပါဘူး။ လူကို ပိုရင့်စေတာပါ။

၃။အရက်အလွန်အကျွံ မသောက်ပါနဲ့။

အရက်ကို လုံးဝမသောက်ဖို့ ပြောရင် မဖြစ်နိုင်ဘူးလို့ ပြန်ပြောမယ့်သူတွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် အသားအရေကို လှပအောင် ထိန်းသိမ်းချင်သူတွေအတွက်တော့ အရက်ကို ရှောင်နိုင်သမျှ ရှောင်ဖို့ ပြောချင်ပါတယ်။

၎။ပီကေမ၀ါးပါနဲ့။

တစ်ချို့လူတွေက တစ်ခါ၊ နှစ်ခါ ပီကေ၀ါးတာမျိုး မဟုတ်ဘဲ အဆက်မပြတ် ပီကေ ၀ါးနေတတ်တာမျိုးပါ။ ဒါဟာ ပါးရေတွန့်စေဖို့ အချက်တွေထဲက တစ်ခုဖြစ်တာမို့ အချိန်တိုင်း ပီကေ၀ါးနေတာမျိုးကို ရှောင်ပါ။

၅။ညအိပ်ခါနီး မိတ်ကပ်တွေကို ဖျက်ပါ။

ဘယ်လောက်ပဲ အိမ်ပြန်နောက်ကျ၊ နောက်ကျ၊ ဘယ်လောက်ပဲ အရက်တွေမူးမူး၊ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း မိတ်ကပ်တွေ မဖျက်ဘဲ အိပ်ယာထဲ တန်းဝင်အိပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။ ဒါဟာ မျက်နှာ အသားအရေအတွက် ဆိုးကျိုးဖြစ်စေသလို ပါးရေတွန့်ခြင်းရဲ့ အဓိက အကြောင်းအရင်းပါပဲ။

၆။မျက်နှာက အဖုတွေကို လက်နဲ့ညှစ်၊ ဖြစ်တာမျိုးတွေရှောင်ပါ။

အားနေရင် မျက်နှာကို လက်နဲ့စမ်းပြီး ဟိုညှစ်၊ ဒီညှစ်လုပ်တာမျိုးတွေကလည်း တကယ်ဆိုးဝါးတဲ့ အချက်တစ်ချက်ပါပဲ။

၇။မှောက်အိပ်တာမျိုး ရှောင်ကြဉ်ပါ။

အိပ်တော့မယ်ဆိုရင် သတိထားပြီး ဘေးစောင်းအိပ်ရင်အိပ်၊ မဟုတ်ရင်လည်း ပက်လက်အနေအထားနဲ့ပဲ အိပ်ပါ။ မှောက်အိပ်တာမျိုးကလည်း မျက်နှာအသားအရေအတွက် အရေးအကြောင်းတွေ ဖြစ်စေနိုင်လို့ပါ။

Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...

Credit : Shwe Chit Thu

No comments:

Subscribe

လာလည်သူများ

free counters