♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 3, 2015

"ဒေါ်လာတစ်သိန်းခွဲ တန်ဖိုးရှိ ပွဲတက်ဝတ်စုံ အခိုးခံလိုက်ရတဲ့ မင်းသမီး " အလိုလေး..တိုဆီမယ်.တသက်စားမကုန်တဲ့ တန်ဘိုးပါလား

 
အမေရိကန်ပြည်ထောင်စုရဲ့ ကျွန်စနစ်ကိုရိုက်ကူးထားတဲ့ 12 years A Slave ဇာတ်လမ်းထဲက မင်းသမီး ဖြစ်တဲ့ LupitaNyongဟာ တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့တဲ့ အကယ်ဒမီပွဲမှာ ပုလဲတွေနဲ့ ချုပ်လုပ်ထားတဲ့ Calvin Klein ရဲ့ တန်ဖိုးကြီး ၀တ်စုံနဲ့ ပွဲတက်ခဲ့ခြင်းဟာ သူ့အတွက် မှားယွင်းတဲ့
ဆွဲဆောင်မှုတွေကို ပြုလုပ်ခဲ့သလို ဖြစ်ခဲ့ရပါတယ်။
ယခင်နှစ်က အကောင်းဆုံးဇာတ်ပို့ဆုရရှိခဲ့တဲ့ LupitaNyongရဲ့ တန်ဖိုးကြီး ၀တ်စုံဟာ သူမရဲ့ ဟိုတယ်ခန်း အတွင်းကနေ ခိုးယူခံလိုက်ရတယ်လို့ TMZ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အင်္ဂါနေ့က သူမအပြင်သွားနေချိန် သူမတည်းခိုတဲ့ London West Hollywood ဟိုတယ်အတွင်း မနက် ၈ နာရီနဲ့ ည ၉ နာရီကြားမှာ ခိုးယူခံလိုက်ရတာဖြစ်ပြီး သူမရဲ့ ပွဲတက်ဝတ်စုံဟာ ဒေါ်လာတစ်သိန်းခွဲ တန်ဖိုးရှိတယ်လို့ သိရပါတယ်။
သူမရဲ့ ဟိုတယ်အခန်းအတွင်းသို့ ၀င်ရောက်ခွင့် ရှိထားသူတွေမှာ ပုဂ္ဂလိကအကူများ ၊ ဆံပင်ပညာရှင်တွေနဲ့ ဟိုတယ် ၀န်ထမ်းတွေအားလုံး ဖြစ်နေတဲ့အတွက် ခိုးယူသူကို ခန့်မှန်းဖို့ မလွယ်ကူပေမယ့်လည်း အာဏာပိုင်တွေရဲ့ ပြောကြားချက်အရတော့ ဟိုတယ်ရဲ့ လုံခြုံရေးကင်မရာတွေက တစ်ဆင့် သူခိုးကို ခြေရာခံနေတယ်လို့ ဆိုပါတယ်။
Ref:starpulse.com
Credit : trend myanmar

No comments:

Subscribe

လာလည်သူများ

free counters