♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 7, 2015

" Nail Art (Girly Pink) လက်သည်းလးတွေ ပုံစံဖော်ကြမယ် "

 ဒါလေးက မဘေဘီ ရဲ့ ဘလော့မှာ တင်ထားတဲ့ tutorial လေးကို ပြန်လုပ်ကြည့်ထားတာပါ။ လိုအပ်ချက်လေးတွေရှိပါသေးတယ်။ အစ်မတော့ ဒါကိုမြင်ပြီးရင် စိတ်ဓာတ်ကျမလားပဲ။ :P


ပထမဆုံးအနေနဲ့ ပန်းရောင် ကို အပြည့်ဆိုးပါတယ်။ 


ရေစိုလက်သည်း အတွက်၊ ခရမ်းနုရောင်ကို မိတ်ကပ် sponge နဲ့တို့ပြီး လက်သည်းထိပ်လေးတွေကို လိုက်တို့ပါတယ်။


လက်သည်းထောင့်လေးတွေကို သွားကြားထိုးတံကို သုံးပြီး အဖြူ အစက် ငါးစက်ချပါ။ 



ပြီးရင် အလယ်မှာ ဝတ်ဆံ အတွက် ရွှေအိုရောင်ကို အစက်ချပါတယ်။


သွားကြားထိုးတံကို အသစ်လဲလိုက်ပြီး အစက်ချထားတဲ့ ရွှေရောင်ဆီကနေ ပွင့်ဖတ်တွေဆီသို့ ဆွဲလိုက်ပါ။ 
ဒါဆို ပန်းပွင့်လေးရပါပြီ။ 




စိတ်ကူးရှိရင်ရှိသလို ပန်းပွင့်နေရာ၊ အရေအတွက်နဲ့ နောက်ခံအရောင်တွေ ကိုယ့် version နဲ့ကိုယ် ပြောင်းသွားလို့ရပါတယ်ရှင်။


 Note:

 ရေစို အတွက် အရောင်နှစ်ရောင်လုံးကို တစ်ထပ်တည်းဆိုးရင် သိပ်မထင်တဲ့ ပုလဲရောင်လေးတွေကို သုံးထားပါတယ်။
ပျော့တဲ့ မိတ်ကပ် sponge နဲ့ လုပ်ရင် ပုံထွက်ပိုကောင်းပါတယ်။
 သွားကြားထိုးတံ ဆိုးဆေးအရည်ထဲမှာကြာကြာနှစ်လေ၊ အစက်ရဲ့ အရွယ်ကြီးလေပါ။


အပိုပစ္စည်းမလိုတဲ့ အားလပ်ရက် အပျင်းပြေ လုပ်ကြည့်ချင်စရာလေး တစ်ခုပါ။
လုပ်ကြည့်လို့အဆင်မပြေတာများရှိရင် ပြန်ပြောပေးကြပါနော်။
အလှတွေပိုနိုင်ကြပါစေရှင်။

စာလုပ်စရာတွေ အများကြီးရှိနေလို့ ဘလော့လေးနဲ့ ခဏအဆက်ဖြတ်ထားရတော့မယ်။ စိတ်ထဲမကောင်းဘူး။ အကုန်လုံးကို သတိရနေမှာပါ။ ဝန်ပိနေတာတွေ လျော့တာနဲ့ တက်ခဲ့ပါမယ်နော်။ သနပ်ခါးမေ ဘလော့လေးကို အစဉ်တဆိုက် အားပေးသူ စာဖတ်ပရိတ်သတ်များကို ကျေးဇူးတင်လျက်-

မြတ်ကြည်
 
Credit : thanakharmay.blog

No comments:

Subscribe

လာလည်သူများ

free counters