♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 6, 2015

"မုန့်လိပ်ပြာ စိမ့်စိမ့်လေး လုပ်စားကြမယ်လေ..လွယ်ပါတယ်"


  မြန်မာမုန့်လေးတွေကို နှစ်နှစ်သက်သက် ကြိုက်မိသူတွေအတွက် မုန့်လိပ်ပြာလေးပါ လုပ်စားရတာလဲလွယ်ပါတယ် တောမှာနေပြီး တောမှာကြီးခဲ့တဲ့ မာမာတစ်ယောက် မြန်မာမုန့်လေးတွေ ကြိုက်တာ မဆန်းဘူးထင်ပါတယ်နော်။
ငယ်ငယ်ထဲက စားခဲ့တဲ့မုန့်လေးတွေရဲ့ အရသာကို နှစ်သက်နေကြအုံးမယ်ဆိုရင် ဒီနည်းလေးအတိုင်း အလွယ်တစ်ကူ လုပ်စားကြည့်နိုင်ပါတယ်နော်။

မုန့်လုပ်ရန်

  • ပဲနီ - တစ်ဗူး 400g
  • Rice Paper - ၇ရွက်
  • သကြားအဖြူ (သို့) သကြားအညို - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ရေ - 2cups



ပဲနီဗူးကိုဖောက်ပြီး ရေစင်အောင်ဆေးထားပေးကာ ဆား သကြားအညို ထမင်းစားဇွန်းတစ်ဇွန်းနှင့် ရေထဲ့ကာ ပဲများ ကျေပြီး ရေခမ်းသွားတဲ့အထိကျိုပြီး ပဲယိုထိုးပေးပါ

မုန့်လိပ်ပြာအတွက် ပဲယိုနှင့်လိပ်ရန် ဆန်ပြားရွက်

ဆန်ပြားရွက်ကို ရေအေးနှင့်ပျော့သွားတဲ့အထိ မိနစ်ဝက်လောက်ရေစိမ်ပေးပါ

ရေစိမ်ထားသော ဆန်ပြားရွက်ကို ပန်းကန်ပြားတစ်ချပ်ပေါ်တွင်တင်ပြီး ပဲယိုကိုအလယ်တည့်တည့်မှာ ထမင်းစားဇွန်း တစ်ဇွန်းသာသာ ပုံပေးပါ

ပဲယိုပေါ်သို့ အောက်ဖက်မှစပြီး စပြီးခေါက်တင်ပေးပြီးမှ ဘေးစနှစ်ဖက်ကို တစ်ထပ်ချင်းခေါက်ပေးပါ နောက်ဆုံးမှ ကျန်နေတဲ့ အစကိုအုပ်ပေးပြီး ပဲယိုကိုထုတ်လိုက်ပါ

မုန့်လိပ်ပြာမွှေးမွှေးလေးရပါပြီ နှမ်းထောင်း အုန်းသီးမှုန့်တို့ဖြူးပြီး မိန်ယှက်စွာစားသုံးနိုင်ပါပြီ

Credit : mmlazp.blogs

No comments:

Subscribe

လာလည်သူများ

free counters