♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 2, 2015

"အစာအိမ်ကို လှည့်စားကြည့်ကြစို့ "



အချိန်အတိအကျ လိုက်နာဖို့ဆိုတာ မလွယ်ချင်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် သင့်ရဲ့ အစာအိမ်ကတောင် အခု ဘယ်အချိန်ရှိနေပြီဆိုတာ သိနေတယ်ဆိုရင် အံ့သြသွားမှာပေါ့။ ဘယ်အချိန်မှာ စားမယ်ဆိုတာနဲ့ အကြောတွေက ဘယ်လိုတုံ့ပြန်မယ်ဆိုတာကို သိချင်ရင် အချိန်ကိုတော့ ခြေရာခံမှ ရပါမယ်။  ဥပမာ- သွေးပြန်ကြောတွေဟာ နေ့ဘက်မှာ ခံစားမှုအားနည်းတဲ့အတွက် သင်များများ စားနိုင်ပြီး ညဘက်ဆိုရင်တော့ ဒါနဲ့ပြောင်းပြန်ဖြစ်သွားပြီး နည်းနည်းပဲ စားရပါမယ်။ ညဘက်မှာ သင့်ရဲ့အကြောတွေဟာ အာရုံခံမှု အားကောင်းနေတဲ့အတွက် သင့်ကို ပိုဝစေပါတယ်။ ဒါကြောင့် သင့်ရဲ့အလေးချိန်ကို ထိန်းချုပ်နိုင်ဖို့အတွက် ဘယ်အချိန်မှာ ဘာစားရမယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။

(၁)     နေ့တစ်နေ့ကို ပရိုတိန်းဓါတ်နဲ့စတင်ပါ။
ပရိုတိန်းဓါတ်ပါဝင်မှု မြင့်မားတဲ့ ကြက်ဥ ၊ နွားနို့တွေကို မနက်စာအဖြစ် စားလိုက်တဲ့အခါ မနက်ပိုင်းမှာ ဗိုက်ဆာနေမှာမဟုတ်တော့ဘဲ နေ့လည်စာစားချိန်မှာတောင် အနည်းငယ် လျော့စားဖြစ်ပါလိမ့်မယ်။ ရလဒ်ကတော့ သင့်ရဲ့ခါးတ၀ိုက်ကိုပါ သေးသွယ်စေနိုင်ပါတယ်။

(၂)    နေ့လည်စာကို (၃)နာရီမတိုင်ခင် စားပါ။

မပြီးဆုံးနိုင်တဲ့ စာရွက်စာတမ်းတွေနဲ့ အစည်းအဝေးတွေက သင့်ရဲ့ နေ့လည်စာကို (၅)နာရီထိ သယ်ဆောင်သွားတဲ့အခါ သင်အပြစ်တင်မိပါလိမ့်မယ်။ Internationall Journal of Obesity ရဲ့လေ့လာချက်အရ နေ့လည်စာဟာ နေ့တစ်နေ့ရဲ့ အကြီးဆုံးအစားအစာ ဖြစ်သင့်ပြီး သုံးနာရီကိုမကျော်သင့်ပါဘူး။ ဒါမှသာ သင့်ခန္ဓာကိုယ်အလေးချိန် လျော့ချရာမှ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။

(၃)     ပရိုတိန်းဓါတ် လုံလောက်အောင် စားပါ။

ပျှမ်းမျှအားဖြင့် အရွယ်ရောက်ပြီးသူတွေဟာ တနေ့ကို ပရိုတိန်း ၅၀-၆၀ ဂရမ်လောက် လိုအပ်ပါတယ်။ ဒီတော့ မနက်စာမှာ လုံလောက်တဲ့ ပရိုတိန်းဓါတ် မပြည့်ဝထားဘူးဆိုပါစို့။ သင့်ရဲ့ ကြွက်သားကြီးထွားမှုကို နှေးကွေးစေပြီး ဆာလောင်မှုဖြစ်စေပါတယ်။ ပရိုတိန်းဓါတ် ပြည့်ဝမှာသာ အလွန်အကျွံစားသုံးမှုကို လျော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မွန်းလွဲပိုင်းအချိန်မှာ (ဒါမှမဟုတ်) နေ့လည်စာစားချိန်မှာ ပရိုတိန်းဓါတ် ပြည့်ဝတာတစ်ခုခု သွားစားလိုက်ပါ။

(၄)     စားချိန်ကို နည်းပါးအောင် သတ်မှတ်ပါ။

နေ့လည်စာ (သို့) ညစာစားပွဲမှာ ကြာကြာထိုင်လေ များများစားမိလေပါပဲ။ ဒါကြောင့် သင်စားလို့ ပြီးလောက်မယ့်အချိန်ကို သေချာသတ်မှတ်ပြီး အဲဒီအချိန်ထက်ကျော်တာနဲ့ စားပွဲက ထပါ။ စားစရာတွေကို ထုပ်ပိုးပြီး ရေခဲသေတ္တာထဲ အလျင်အမြန်ပြန်ထည့်ပါ။ ဒါမှသာ ညစာကို လိုတာထက် ပိုပြီး မစားမိမှာ ဖြစ်ပါတယ်။

Credit : Trend Myanmar,  Shwe Chit Thu. Com
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

No comments:

Subscribe

လာလည်သူများ

free counters