♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 4, 2015

"ရှေးဟောင်း ဝေဒနာ... သြော်..အညာ..အညာ ပျော်စရာ လွမ်းစရာပါလားကွယ်.."

ကျွန်တော် လေးတန်းကျောင်းသား အရွယ်မှာ ကျောင်းမုန့်ဖိုးငါးမူး (ပြားငါးဆယ်) ရပါတယ်။ ပဲပင်ပေါက် သုပ်တစ်ပွဲကို တစ်မတ်ပဲပေးရပါတယ်။ ကာကာဆိုင်ကမလှိုင် ပြစ်ပြစ်နဲ့ လက်ဖက်ရည်တစ်ခွက် ငါးမူး ခေတ်ပေါ့။ ကျွန်တော်က တစ်ရက်ကို တစ်မတ်ဖိုးပဲသုံးပြီး
တစ်မတ်ကိုစုတယ်။ အဘွားကလည်း ကျွန်တော့်စုဘူးထဲကို ကျွန်တော်မသိအောင် အကြွေတွေ ထည့်ပေးတတ်တယ်။ ကျွန်တော့်ဇာတိမြို့ကလေးမှာ အရပ်အခေါ် ဂေါ်ဆွမ်းလို့ခေါ်တဲ့ အရုဏ်ဆွမ်း အသင်းရှိတယ်။
သံဃာကုန် အပါးတစ် ထောင်နီးပါးရှိတယ်။ တစ်ဦးကောင်းလှူလို့ ရသလို နိုင်သလောက်လည်း လှူလို့ရတယ်။ ကျွန်တော်စုဘူးဖောက်ပြီးရင် တစ်ဝက်ကို အမြဲလှူတယ်။ အဘွားနဲ့အတူ ဆွမ်းသွားလောင်းတယ်။ ပီတိ တစ်ခုပါပဲ။ အရပ်ဒေသတစ်ခုရဲ့ အကျင့်စရိုက်ဆို တာကလည်း ဒေသတစ်ခုနဲ့တစ်ခု တူချင်မှတူတာကိုး။ ကျွန်တော်ကတော့ ကျွန်တော့် ဇာတိကိုချစ်တယ်။ ဆယ့်နှစ်လရာသီ ဘုရားပွဲဆိုတာ နားတဲ့လမရှိ စည်ကားတဲ့ တောမြို့လေးမှာ မေ့မရနိုင်တဲ့အကြောင်း တွေကလည်း အများသားပေါ့။ ဘာသာရေးဆို လက်မနှေးတတ်သလို ... ရပ်ရေးရွာ ရေး၊ သာရေးနာရေးဆိုလည်း စည်းလုံးညီ ညွတ်ကြတယ်။ ကျွန်တော့် အဘွားရဲ့အစ်မကြီးက ရေနံချောင်းဈေးထဲမှာ လက်ဖက်အကြော်စုံနဲ့ ငပိ၊ ငံပြာရည်ရောင်းတဲ့ ဆိုင်ရှိတယ်။ ဥပုသ်နေ့ဆို ဈေးကြီးက ပိတ်တယ်။ အပြင်တန်းပဲ ဖွင့်တတ်တယ်။ ဥပုသ်နေ့ဈေးနားတယ် ဆို တာကလည်း၊ ဥပုသ်သီတင်းလေးစောင့်ပြီး၊ အနားပေးတာပေါ့။ ကုသိုလ်လည်းရ အနားလည်းရကိုး။ ဥပုသ်နေ့မတိုင်မီ အဖိတ်နှစ်ရက်ရှိတယ်။ တောဖိတ်၊ မြို့ဖိတ်ဆိုပြီးခေါ်ကြတယ်။ တောဖိတ်နေ့မှာ ရွာနီးချုပ်စပ်က မြို့ပေါ်တက်ပြီး၊ ဈေးဝယ်ခြမ်းကြတယ်။ တောဖိတ်နေ့ဆို ဈေးကြီးနားမှာ လူစည်တော့တာပဲ။ တောဘက်ကပါလာတဲ့ ထန်းလျက်ကအစ ပဲဆီနှမ်းဆီ အဆုံး ဖောခြင်းသောခြင်းပဲ။ ဈေးထဲက ဘွားကြီးဆိုင်မှာဆို ဝယ်နေ ကျတောဖောက်သည်တွေနဲ့ စည်ကားတဲ့နေ့ ပေါ့။ အဘွားက လက်ဖက်သုပ်နဲ့ ရေနွေးကြမ်းကို မပြတ်စေရဘူး။ ဝယ်နေကျတော ဖောက်သည်တွေကလည်း အဘွားမှာလိုက်တဲ့ ဆုံဆီစစ်စစ် နိုင်သလောက်ပါလာကြတယ်။ တောကပါလာတဲ့ ဆုံဆီဆိုတာ သစ်သားဆုံနဲ့ကြိတ်ထားတဲ့ မြေပဲဆီ၊ နှမ်းဆီ တွေပေါ့။ ဆီကြိတ်တဲ့ဆုံက ကုက္ကိုသားနဲ့ လုပ်ထားတာပါ။ ကျည်ပွေ့နဲ့ မောင်းတံကို ဆက်ထားပြီး နွားတစ်ကောင်နဲ့လှည့်ပြီး ကြိတ်ရတာပါ။ တစ်ဆုံကျဆိုရင် ဆီလေးဆယ်သားလောက် ရပါတယ်။ ဆီကြိတ်တဲ့မြေပဲက နှစ်မျိုးရှိပါတယ်။ ဒေသအခေါ် ပင်ထောင်၊ ပင်ပြန့်ပေါ့။ ပင် ထောင်မြေပဲထက် ပင်ပြန့်မြေ ပဲက ဆီပိုထွက်ပါတယ်။ နှမ်းမှာလည်း နှစ်မျိုး ရှိပါ တယ်။ နှမ်းဖြူနဲ့နှမ်းနီပေါ့။ နှမ်းဖြူက နှမ်းလှော်နဲ့ မုန့်လုပ်တဲ့နေရမှာပဲ သုံးကြတယ်။ နှမ်းနီကို ပဲဆီကြိတ်ဖို့ သုံးကြတယ်။ ဟင်းချက်တဲ့နေရာနဲ့ အသုပ်တွေဆို နှမ်းဆီပဲသုံးတယ်။ ကြော်တဲ့နေရာမှာကျ မြေပဲဆီသုံးတယ်။ နှမ်းဆီကို ကြော်တဲ့လှော် တဲ့နေရာမှာသုံးရင် အမြှုပ်ထွက်တတ်လို့ မသုံးကြတာပါ။ လက်ဖက်သုပ်တို့ ငါးရံ့ခြောက်ဖုတ်တို့ထဲ ဆုံနှမ်းဆီ နိုင်နိုင်ဆမ်းပြီး စားကြတာပေါ့။ အဲဒီတုန်းက စိမ်းစားဥ၊
 ထန်းမြစ်နဲ့ ဖရဲသီးဆိုတာ ဝယ်မစားရပါဘူး။ မမေ့နိုင်တဲ့ ဒေသဓလေ့တွေပေါ့။



သန့်ရှင်း လတ်ဆတ်ပြီး၊ စစ်မှန်တဲ့ဒေသ ထွက်ကုန်တွေကိုလည်း အောက်မေ့မိပါတယ်။ ကျွန်တော်တို့ မိသားစုလေး သိုက်သိုက်ဝန်းဝန်း အချိန်က နည်းခဲ့ပါတယ်။ အဘွားတွေက အရင်ခွဲသွားကြ ပြီး၊ အမေလည်း ကျွန်တော့်ကို ခွဲသွားခဲ့တဲ့နောက် ကျွန်တော်လည်း ဇာတိမြို့လေးနဲ့ ခွဲခဲ့ရပါတယ်။ အိမ်မှာ အဘွားက ပစ္စည်းစုတတ်တော့ ပစ္စည်းတွေက အစုံပဲ ရေနံဆီမီးဖို၊ အောက်လင်းဓာတ်မီးက အစ၊ တံဆိပ် ခေါင်းအဟောင်းတွေ အကြွေစေ့ အဟောင်းတွေ တောင်နံကြီး၊ နံ့သာဖြူနဲ့ နံ့သာနီတုံးတွေ စုံနေတာပဲ။ ဓာတ်ပြားခေတ်က ဓာတ်ပြားဟောင်းတွေ ခွေးပုံလေးပါတဲ့ ဓာတ်ပြားအပ်ဘူးတွေလည်း ရှိသေးတယ်။ အမေ့ညီမဝမ်းကွဲ ကျွန်တော့် အဒေါ်က အဲဒီပစ္စည်းတွေကို စွန့်မပစ်ဘဲ သိမ်းထားဖို့ ပြောတယ်။ ကျွန်တော်လည်း အဘွားနဲ့ အမေအမှတ်တရဆိုပြီး သိမ်းထားလိုက်တယ်။ စာအုပ်တွေကိုလည်း အမွေအဖြစ် ယူလိုက်တယ်။ ကျွန်တော် ပညာစုံတဲ့ အရွယ်ကျမှ အဲဒီပစ္စည်းတွေ တန်ဖိုးရှိမှန်းသိရတဲ့အချိန် အဘွားနဲ့ အမေ့ကို ကျေးဇူး အခါခါတင်မိပါတယ်။ ရှေးဟောင်းနှောင်းဖြစ်တွေ အမြဲပြော ပြတတ်တဲ့ ကျွန်တော့်အဘွားကို အရမ်းလွမ်းပါတယ်။ ရေနံချောင်းကို သခင်ဖိုးလှ ကြီးခေါင်းဆောင်တဲ့ ရေနံမြေအလုပ်သမား သပိတ်တပ်ကြီး ရောက်လာတဲ့အကြောင်းနဲ့ ရေနံချောင်းမှာ ပိဋကတ်သုံးပုံ ကျောက်စာရုံကြီးဆောက်တုန်းက အကြောင်းတွေကို ငယ်ဘဝကတည်းက အိပ်ရာဝင်ပုံပြင်တွေလို နားယဉ်ခဲ့ရပါတယ်။ ကျွန်တော် အမြတ်တနိုးသိမ်းထားခဲ့တဲ့ အဘွားဓာတ်ပုံတွေနဲ့ အမေ့ဓာတ်ပုံတွေလည်း ကျွန်တော့်မျက် စိအောက်မှာပဲ ဟောင်းနွမ်းခဲ့ကြပြီ။ မိသားစုဘဝလေးကို အမှတ်ရတိုင်း ထုတ်ထုတ်ကြည့်ဖြစ်တဲ့ ကျွန်တော်ရှင်ပြုတုန်းက ဓာတ်ပုံတွေလည်း ဟောင်းနွမ်းခဲ့ကြ ပြီ။ လူတိုင်းမှာ အတိတ်က အမှတ်တရ ပုံရိပ်တွေ ကိုယ်စီရှိခဲ့ကြတယ်လေ။ အဘွား ပြောခဲ့ဖူးတဲ့ ဂျပန်ခေတ်က အကြောင်းတွေလည်း အဘွားအတွက်တော့ အမှတ်ရစရာ တွေပဲပေါ့။ ကျွဲညီနောင် ဗုံးကြဲလေယာဉ် အကြောင်း၊ ရွာဘက်ကို စစ်ရှောင်တော့လည်း ဓားပြရန်ကြောက်ရတဲ့ အကြောင်းနဲ့ ငပိအိုး၊ ဆားအိုးတွေကြားထဲမှာ လက်ဝတ် လက်စားတွေ ဝှက်ထားရတာ၊ အဝတ်အစားတောင် ပြောင်ပြောင်ရောင်ရောင် မဝတ်ရဲတဲ့ အကြောင်းတွေ စုံနေတာပေါ့။ ''အမှတ်ရစရာ ဆိုတာကလည်း ကောင်းတာတွေပါသလို မကောင်းတာတွေလည်း ပါတာပေါ့။ တို့ခေတ်က ဈေးထဲကို ငွေနှစ် ကျပ်ပါတာနဲ့ ဟင်းစားတင်မက ထဘီပါ ဝယ်လို့ရတယ်'' လို့ အဘွားအမှတ်တရ ပြောလိုက်တဲ့အချိန် ကျွန်တော်တို့ခေတ်မှာ မုန့်ဟင်းခါးတစ်ပွဲ ငါးမတ် (တစ်ကျပ်တစ်မတ်) ဖြစ်နေပြီလေ။ အဘွားတို့ သုံးခဲ့တဲ့ ပဲစိလေးတွေက ကျွန်တော်တို့ခေတ်မှာ သုံးစွဲလို့ မရတော့ဘူး။ အဘွား စုထားခဲ့လို့သာ မြင်ဖူးခဲ့ ရတာလေ။ ကျွန်တော်တို့ ခေတ်မှာ အသေးဆုံးက ငါးပြားဖြစ်သွားပြီ။ ကျွန်တော့် တူမလေးတွေ ခေတ်မှာတော့ တစ်ကျပ်တန်က အသေးဆုံး၊ ငွေအကြွေစိတွေ ပျောက်ကုန်ပါပြီ။ စာရင်းရုံးတွေက ဇယားတွေထဲ ကျပ်နဲ့ပြားနေရာမှာ ပြားဂဏန်းတွေ နေရာလည်း ကွက်လပ်လေးတွေ ဖြစ်ခဲ့တာပေါ့။ ရှေးခေတ်ဟောင်း အောက်မေ့မိတဲ့ အခါ ဂီတနဲ့ ကဗျာတွေနဲ့ပဲ ယှက်နွယ်ပြီး လွမ်းမောရပါတယ်။ လွမ်းမောတယ်ဆိုသလို မောရတဲ့ ဝေဒနာတွေ က ပျောက်မသွားပါဘူး။ လွမ်းရင်းနဲ့ပဲ မောနေရဦးမယ့် အနာဂတ်တွေကလည်း အသက်ရှင်သရွေ့ ရောက်ရောက်လာ နေဦးမှာပါ။
  လေပြေသုန်
Credit : myanbnews.blog

No comments:

Subscribe

လာလည်သူများ

free counters