♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 3, 2016

" တဖက်သတ်ချစ်သူ "

 
သင်ကတစ်ဖက်သတ်ချစ်နေရသူပဲဖြစ်ဖြစ်၊ သင်ကတစ်ဖက်သတ်ချစ်ခံနေရသူပဲဖြစ်ဖြစ် ဒီစာလေးကိုဖတ်ကြည့်ပေးပါ။
တဖက်သတ်ချစ်သူ သင့်ကိုတစ်ဖက်သတ်ချစ်နေတဲ့သူဆိုတာ---
သင်ကဘယ်လောက်ပဲ ပစ်ပစ်ခါခါ လုပ်နေပါစေ---သူ့ဘက်ကတော့ နားလည်မှုအ
ပြည့်နဲ့သင့်အပေါ်တစ်သက်တာ နှစ်နှစ်ကာကာချစ်နေမယ့်သူပါ။
သင်မချစ်တာသိနေလည်း---ဘာမှမဖြစ်သလိုဟန်ဆောင်အပြုံးနဲ့သူ့နှလုံးသားကိုသူ---သင့်တစ်ယောက်တည်းအတွက်ရက်ရက်ရောရောပုံအပ်ထားသူပါ။
သင်ဘယ်လောက်ပဲစိမ်းကားနေပါစေ---သူ့အချစ်တွေကိုသင်ကလွဲပြီးတပါးသူအပေါ် ဘယ်တော့မှမယိမ်းနိုင်တဲ့သူပါ။
သင်ဘက်ကတုန့်ပြန်မှုကိုမမျှော်လင့်ရဲဘဲ---သင့်ကိုငေးကြည့်နေခွင့်ရရုံနဲ့----ကျေနပ်နှစ်သိမ့်
နေတတ်သူပါ။
သင့်အပြုအမူတစ်ချို့က သူ့ကိုနောင်ကျဉ်အောင်နာကျင်စေပေမယ့်----သူ့ကိုယ်သူအခါခါနှစ်သိမ့်
လို့ သင့်အပေါ်ကိုအကြင်နာစိတ်---ယိုဖိတ်မပျက်တဲ့သူပါ။
သင့်ငြင်းဆန်စကားတွေက သူ့အသည်းကြားကိုမြှားလိုခွင်းနေလည်း----သင်ကျေနပ်ရင်ပြီးရော
စိတ်နဲ့သင်ပြောသမျှကိုနှုတ်ဆိတ်စွာခံယူနေတတ်သူပါ
သင်အလိုမရှိတာသိနေလည်း---သင်လိုအပ်လာချိန်ဖြည့်ဆည်းပေးဖို့---သင့်အနီးအပါးမှာ အမြဲတမ်းမယောင်မလည်နဲ့---နှောင်တွယ်နေတတ်သူပါ။
သင့်အတွက်အနစ်နာခံပေးဖို့အသင့်ရှိနေတတ်သလို----သူ့ရဲ့နောက်ဆုံးထွက်သက်အထိသင့်

တစ်ယောက်တည်းအပေါ် သစ္စာရှိသွားဖို့စိတ်ပိုင်းဖြတ်ထားတဲ့သူပါ။
သင့်အရှေ့မှာဆိုရင် သင်ဘာပဲပြောပြော---သူ့မျက်နှာမှာအပြုံးမပျက်တတ်ပေမယ့်----သင်ကျော
ခိုင်းသွားပြီဆိုတာနဲ့----မျက်ရည်တွေအလိုလိုလွယ်လာတတ်သူတွေပါ။
တကယ်တမ်းကျတော့ တစ်ဖက်သတ်အချစ်ဆိုတာ----
မေတ္တာစစ် မေတ္တာမှန်နဲ့မှချစ်လို့ရမှာပါ။
မြတ်နိုးမှုတွေကြောင့်သာ တန်ဖိုးထားလို့ရတာပါ။
တကယ်လေးနက်လို့သာ မြင်တွေ့နေရရုံနဲ့ရင်ခုန်နိုင်စွမ်းရှိနေတာပါ။
တကယ်ချစ်လွန်းလို့သာ ဘာမဆိုအပြစ်မမြင်ဘဲ ခွင့်လွှတ်နိုင်စွမ်းရှိနေတာပါ။
တကယ်တော့တစ်ဖက်သတ်ချစ်သူဆိုတာ သူ့ဘက်ကိုသူပြန်မကြည့်တတ်တာမဟုတ်ပါဘူး။
သူ့ကိုယ်သူထက် သင့်အပေါ်ကိုပိုချစ်မိသွားတဲ့ပေးဆပ်သူသက်သက်ပါ။သူ့အပေါ်ကိုသင်ပြန်မ
ချစ်နိုင်တာသေချာလို့ပြတ်ပြတ်သားသားပစ်ခွာတော့မယ်ဆိုရင်တောင် သူ့နှလုံးသားကိုတော့
အဆုံးစွန်ထိပစ်ပစ်ခါခါမလုပ်ပစ်လိုက်ပါနဲ့ဟာ။တစ်ဖက်သတ်ချစ်သူဆိုတာ အရှုံးဆိုတာကိုသ
နေလည်း သင်ပျော်ဖို့အတွက်အနိုင်နိုင်အားတင်းပြုံးထားတတ်သူမို့လို့ပါ.


Credit :original uploader

No comments:

Subscribe

လာလည်သူများ

free counters