♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 5, 2016

" အလွန် အသုံးဝင်ပြီး လူ့ကျန်းမာရေးကို အထူး အကျိုးပြုလှတဲ့ ဒန့်သလွန်ပင်ရဲ့ အကျိုးထူးအာနိသင်များ"

ဒန့်သလွန်သီး ၊ ဒန့်သလွန်ရွက်ကို မြန်မာလူမျိုးများက နှစ်သက်စွာ ချက်ပြုတ်စားသောက်လေ့ရှိကြပါသည်။ ဒန့်သလွန်သီးကို ချဉ်ရည်ဟင်း ချက်ပြုတ်လေ့ရှိပြီး ဒန့်သလွန်ရွက်ကို ကြော်လို့ တစ်ဖုံ၊ ဟင်းခါးရည် ချက်လို့ တစ်မျိုး စားကြပါသည်။

က၀ိလက္ခဏာ သတ်ပုံကျမ်း၌ “ဒန့်သလွန်”ဟု ရေးသားပါသည်။ ဒန့်သလွန်၏ ရုက္ခဗေဒအမည်သည် Moringa Oleifera ဖြစ်ပြီး horseradish tree, drumstick tree, Ben Oil tree ဟု အရပ်အမည် ခေါ်တွင်ပါသည်။ ဒန့်သလွန်၏ ဇာတိနေရာမှာ အိန္ဒိယနိုင်ငံ ဖြစ်ပြီး အပူပိုင်းဒေသနိုင်ငံများကို ပျံ့နှံ့ပေါက်ရောက်နေပါသည်။ ယနေ့တွင် အာဖရိကနိုင်ငံများ ၊ တောင်အမေရိက ၊ သီရိလင်္ကာ ၊ မက်ဆီကို ၊ မလေးရှား ၊ ဖိလစ်ပိုင်နိုင်ငံများတွင် အများအပြား စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ကို နိုင်ငံအလိုက် သက်ဆိုင်ရာ ဘာသာစကားနှင့် အမည်တွင်ပေမယ့် အသီး ပုံသဏ္ဍာန်ကြောင့် drumstick tree လို့ လူသိများပါသည်။

ဒန့်သလွန်ပင် တစ်ပင်လုံးဟာ လွှင့်ပစ်စရာမရှိအောင်ကို အဖိုးတန်လှ ပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းကပင် ဆေးဖက်ဝင်အပင် အဖြစ် ဒန့်သလွန်ဟာ ယနေ့ထက်တိုင် အကျိုးပြုနေဆဲ ဖြစ်ပါတယ်။ ဒန့်သလွန်ရွက်မှာ ပိုတက်ဆီယမ်၊ သံဓာတ်၊ ပရိုတိန်း ၊ ဗီတာမင်စီ ဓာတ်များ ပါရှိနေပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ ဒန့်သလွန်ရွက်ဟင်းရည်ကို သွေးတိုးရောဂါရှင်များအတွက် ချက်ပြုတ်ပေးလေ့ရှိကြပါတယ်။ အခြား နိုင်ငံများတွင်မှာတော့ အရွက်ခြောက်ကို အမှုန့်ပြုလုပ်ကာ ဟင်းရည်များတွင် ထည့်ကာ ချက်ပြုတ်လေ့ရှိကြပါတယ်။


ဒန့်သလွန်သီး အသီးနုများကို ဟင်းချက်စားကြပြီး ရင့်သောအသီးမှ အစေ့များကို မြေပဲကဲ့သို့  စားကြပါတယ်။ ဒန့်သလွန်သီး အစေ့မှ ဆီ ထုတ်ယူပြီး စားသုံးဆီ ၊ စက်သုံးဆီ အဖြစ် အသုံးပြုကြပါတယ်။ ဒန့်သလွန်အပွင့်များကိုလည်း ချက်ပြုတ်စားကြပါတယ်။ ဒန့်သလွန်ပွင့်မှာ လည်းပဲ ကယ်လစီယမ်၊ သံဓာတ် ၊ ဗီတာမင် အေ ၊ ဗီတာမင် ဘီ ၊ ဗီတာမင် စီ နှင့် ပရိုတိန်းဓာတ်များ ကြွယ်ဝနေပါတယ်။ ဒန့်သလွန်ပွင့်ကို ဟင်းချက်လျှင် အရသာမှာ မှိုနှင့်ဆင်တူပါတယ်။ ဒန့်သလွန်ပင်ရဲ့  အခေါက်၊ အမြစ် ၊ အရွက် ၊ အသီး ၊ အပွင့် အားလုံးတို့ဟာ ရိုးရာတိုင်းရင်းဆေးအဖြစ် နိုင်ငံ အတော်များများမှာ အသုံးဝင်ပါတယ်။
ဒန့်သလွန်ပင်ဟာ ၁၀ မီတာခန့် မြင့်ပြီး ကိုင်းများက ကျွတ်ဆတ်ပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ကိုင်းဖြတ် မျိုးပွားယူကြပါတယ်။ ဇွန်လ ၊ ဇူလိုင်လ ၊ သြဂုတ်လများတွင် ဒန့်သလွန်ကိုင်းကို ကိုင်းအရှည် ၁ မီတာမှ ၂ မီတာ အတွင်း ဖြတ်ပြီး အပင်အသစ်အဖြစ် ပြန်လည် စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ၆ လမှ ၈ လ အကြာမှာတော့ အသီး စတင် သီးပါပြီ။

အပင်တစ်ပင်လုံး အသုံးဝင်သော ဒန့်သလွန်ပင်မှာ အသီး ၊ အရွက် ၊ အပွင့်တို့က အရသာလည်း ရှိတာကြောင့် အမျိုးမျိုး စီမံချက်ပြုတ် စားသောက်ခြင်းဖြင့် အစာလည်းဆေး ၊ ဆေးလည်းအစာ ဖြစ်နေပါတယ်။

သွေးတိုးရောဂါအတွက် ဒန်.သလွန်
ဒန်.သလွန်ပင်ဟာ ဆေးဖက်ဝင်တဲ. အပင်ဖြစ်ပြီး သွေးပေါင်ချိန်(BP)ကျစေတဲ. အာနိသင်တွေ ပါဝင်ပါတယ်။ အထူးသဖြင်. အရွက်မှာ အများဆုံးပါ ပါတယ်။ ဒန်.သလွန်ရွက်မှာ သွေးပေါင်ချိန်ကိုကျစေနိုင်တဲ. အဓိကဒြပ်ပေါင်း (၅)မျိုးရှိတယ်လို.ဆိုပါတယ်။

Niazinin A
Niazinin B
Niaziminin A
Niaziminin B
Niazimicin တို.ဖြစ်ပါတယ်။

ဒီဒြပ်ပေါင်းတွေအားလုံးဟာ အခြားအသီးအနှံတွေမှာ ပါဝင်မှုနည်းပြီး ရှားလည်းရှားပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာသာ အများဆုံးတွေ.ရပါတယ်။ ဖေါ်ပြပါ ဒြပ်ပေါင်းတွေဟာ ကြွက်သားလေးတွေ တင်းမာမှုကို လျောပါးစေပါ
တယ်။ သွေးတိုးရောဂါဖြစ်ပြီဆိုရင် သွေးကြောလေးတွေတင်းမာပြီး ကျဉ်းကုန်ပါတယ်။ ဒန်.သလွန်အရွက်နဲ. အသီးမှာပါတဲ. ဓာတုပစ္စည်းတွေဟာ သွေးကြောနံရံမှာရှိတဲ.ကြွက်သားလေးတွေကို လျော.ပေးတဲ.အတွက် သွေးကြောလေးတွေ
 ကျယ်လာပြီး သွေးပေါင်ကျသွားပါတယ်။ သွေးတိုးကြောင်.ဖြစ်တဲ.ဇက်ကြောတက်တာ၊ ခေါင်းကိုက်တာတွေပါ ပျောက်ပါတယ်။

နောက်တစ်မျိုး သွေးပေါင်ချိန်ကျစေနိုင်တာကတော. ဒန်.သလွန်သီးအစေ.မှာ ဆီးသွားစေနိုင်တဲ.သတ္တိ (Diuretic action) ရှိတယ်လို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါရှိသူတွေဟာ ဆီးဆေးသောက်စရာမလိုပဲ ဒန်.သလွန်သီးရဲ.အစေ.ကို စားရုံနဲ. ဆီးသွားပြီး သွေးပေါင်ကျစေဖို. အထောက်အကူပြုပါတယ်။ ဖောနေတဲ.သူတွေအတွက် ပိုပြီး အကျိုးရှိပါတယ်။ သွေးတိုးရောဂါဝေဒနာရှင်အတွက် ဓာတုဗေဒဆေးဝါးတွေကတော. သွေးပေါင်ကို စနစ်တကျတိုင်းတာပြီး ဆရာဝန်ညွှန်ကြားတဲ.အတိုင်း ဆေးအချိန်အဆကို တိတိကျကျ သောက်ဖို.လိုပါတယ်။ အဲဒီလို မသောက်နိုင်ရင် သွေးပေါင်ချိန် ထိုးပြီးကျဆင်းသွားနိုင်တဲ. ဘေးထွက်ဆိုးကျိုးဖြစ်တတ်ပါတယ်။ ဒန်.သလွန်အရွက်၊ အသီးစားလို. သွေးပေါင်ချိန်ထိုးပြီးကျသွာတာမျိုး ဖြစ်လေ.မရှိဘူးလို.ဆိုပါတယ်။ ဒါကြောင်. သွေးတိုးရောဂါဝေဒနာ ခံစားနေရသူတွေအတွက် ဒန်.သလွန်ရွက်၊ ဒန်.သလွန်သီးဟာ အလွန်ပဲ တန်ဖိုးရှိတဲ. အစားအစာတစ်ခုဖြစ်ပါတယ်။

ဒန်.သလွန်ရဲ.အာဟာရဓာတ်နဲ. ပဋိဇီဝဓာတ်
ဒန်.သလွန်ဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်တွေပေးစွမ်းနိုင်ပါတယ်။ ဒန်.သလွန်သီးအခြောက်မှာ Protein ၂၉%၊ Carbohydrate ၂၈%နဲ. အဆီဓာတ် ၄% ပါဝင်ပါတယ်။ ပါဝင်တဲ.အဆီဓာတ်ကလည်း မပြည်.ဝဆီ (Unsaturated fat) ဖြစ်လို. လူရဲ. ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ ဗီတာမင်တွေအနေနဲ. Vitamin A, C, E, Niacin, B6 နဲ. Folic acid တို.ပါ ပါတယ်။ သတ္တုဓာတ်တွေအနေနဲ. Mg++, Ca++, Iron, Phosphorus, Selenium, Zinc စသဖြင်. အရေးပါသော သတ္တုဓာတ်တွေ အများကြီးပါ ပါတယ်။ Zinc ဆိုရင် 100g (၆ ကျပ် တစ်မတ်သား)မှာ 25mg အထိပါတဲ.အတွက် အပင်တွေထဲမှာ အများဆုံး ပါဝင်မှုဖြစ်တယ်လို. ဆိုပါတယ်။ ဒီအာဟာရဓာတ်တွေဟာ ကျန်းမာရေးကို အသီးသီး အထောက်အကူပြုပါတယ်။

 
 
နောက်တစ်ချက်ကတော. ဒန်.သလွန်သီးမှာပါတဲ. Pterygospermin ဆိုတဲ. ဓာတ်ပစ္စည်းဟာ သဘာဝပဋိဇီဝဆေး (Natural Antibiotic) တစ်ခုဖြစ်တယ်လို.ဆိုပါတယ်။ ဗက်တီးရီးယား အတော်များများကို သေစေနိုင်ပါတယ်။ ဒါ.အပြင် မှို (Fungi) တွေကိုပါ သေစေနိုင်တာဖြစ်တဲ.အတွက် အရေပြားမှိုစွဲနာဖြစ်ရင် ဒန်.သလွန်များများ စားပေးဖို.တိုက်တွန်းထားပါတယ်။ အဲဒီဓာတ်ပစ္စည်းဟာ ဒန်.သလွန်သီးရဲ.အစေ.မှာ အများဆုံးပါဝင်တယ်လို.သိရပါတယ်။

ရေကိုသန်.စင်စေခြင်း
ဒန်.သလွန်ကို ချက်ပြုတ်စားသောက်တာအပြင် သူ.မှာ ထူးခြားတဲ. ဂုဏ်သတ္တိတစ်ခု ရှိနေပါသေးတယ်။ အဲဒါကတော. ရေကိုသန်.စင်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ ဒန်.သလွန်သီးရဲ.အစေ.မှာပါတဲ. Coagulant တွေဟာ နောက်ကျိနေတဲ. ရေထဲကပစ္စည်းတွေကို စုစည်းပြီး အနယ်ကျစေနိုင်ပါတယ်။ ဥပမာ - မြစ်ရေတင်ပြီးသုံးရတဲ. ဒေသတွေမှာ ဒန်.သလွန်စေ.ကို အခြောက်လှန်း၊ အမှုန်.ဖြစ်အောင်လုပ်ပြီး အဲဒီမြစ်ရေထဲကို ထည်.လိုက်ရင် ပါလာတဲ. အနယ်တွေဟာ အောက်ကိုဆင်းသွားပြီး ရေ ကြည်လာတာ တွေ.ရပါမယ်။ အခုနောက်ပိုင်းမှာ စက်ရုံတွေက စွန်.ပစ်တဲ. ရေဆိုးတွေကို ပြန်လည်သန်.စင်တဲ. နေရာမှာတောင် စတင်အသုံးပြုနေကြပြီလို. ဆိုပါတယ်။ ဒန်.သလွန်သီးရဲ.အစေ.မှာ ပါဝင်တဲ. သဘာဝပဋိဇီဝပစ္စည်းတွေကြောင်. ရေထဲမှာရှိတဲ. ရောဂါပိုးတွေကိုပါ သေစေနိုင်တဲ.အတွက် အလွန် အသုံးဝင်ပါတယ်။

ဒန်.သလွန်ရဲ. တခြားအာနိသင်
ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
အသည်းပျက်စီးခြင်းမှ ကာကွယ်နိုင်ခြင်း
ဓာတ်ရောင်ခြည်သင်.မှုကနေ ကာကွယ်နိုင်ခြင်း
အာဆင်းနစ်၊ ကက်ဒမီယမ် စတဲ. အဆိပ်သင်.မှုတွေကနေ သက်သာစေနိုင်ခြင်းတို.ပဲ ဖြစ်ပါတယ်။

သတိပြုရန်
ဒန်.သလွန်သီးကို ချက်ပြုတ်စားသောက်မယ်ဆိုရင် အချိုမှုန်. လုံးဝ မသုံးသင်.ပါဘူး။ ဘာကြောင်.လည်းဆိုရင် အချိုမှုန်.မှာပါတဲ. Glutamic acid ဟာ ဒန်.သလွန်သီးရဲ. ဆေးဖက်ဝင်အာနိသင်တွေကို အူနံရံက စုပ်ယူမှုကို ဟန်.တားနိုင်လို.ပဲ ဖြစ်ပါတယ်။

သွေးတိုးရောဂါဝေဒနာရှင်တွေဟာ ဒန်.သလွန်.ရွက်ကို ကြော်မစားပဲ ဟင်းချိုအဖြစ် သောက်သုံးသင်.ပါတယ်။ ဒန်.သလွန်ရွက်မှာ ပါတဲ. ဒြပ်ပေါင်းတွေဟာ ရေမှာပျော်ဝင်တဲ.အတွက် ကြော်စားခြင်းထက် ဟင်းချိုအဖြစ်သောက်ခြင်းက ပိုပြီး အကျိုးရှိပါတယ်။

ကိုးကား
ဟနစံ
ဒေါက်တာခင်မောင်လွင်(FAME)၏ ကျန်းမာသုတ အစီအစဉ်။


အာဟာရ တန်ဖိုးကြီးလှတဲ့ ဒန့်ဒလွန် ၁
 
            ဆောင်းတွင်းရောက်လာတော့ ဈေးသွားတဲ့အခါ ငါးရံ့တွေလှိုင်လှိုင် တွေ့ရပါတော့တယ်။ ဒီလို ငါးရံ့ တွေပေါ်ချိန်မှာ ဒန့်သလွန်သီးများလဲ စပေါ်လာတော့တာပါပဲ။ ပေါ်ဦးပေါ်ဖျားမှာ ဒန့်သလွန်သီးတစ်တောင့်ကို ၂ဝဝ ကျပ်ပေးရတာကြောင့် မေမေ ပြောတာကို ပြန်ကြားယောင်မိပါတယ်။''အောင်မယ်လေး တစ်တောင့် နှစ်ရာတဲ့လား။ အိမ်က ဒန့်သလွန်ပင် ရှိတုန်းက ဝယ်မစားရပါဘူး''
            ''ဒန့်သလွန်ပင် ခုတ်လိုက်ရတာ နှမြောလိုက်တာနော်''လို့ ပြောနေတတ်ပါတယ်။
            အိမ်ကဒန့်သလွန်သီးက အတောင့်ရှည်ပြီး စိမ်းစိမ်းနဲ့ချိုပါတယ်။ ဒါကို လူကြီးတွေက ဒန့်သသလွန် အချိုသီးလို့ ပြောကြပါတယ်။ ဒန့်သလွန်အချိုသီးဆိုတော့ အခါးသီးများ ရှိလားလို့ ကျွန်မကစပ်စုပြီး မေးလိုက်မိတာပေါ့။ လူကြီးတွေက ဒန့်သလွန် အခါးသီးလဲ ရှိကြောင်း၊ အရွယ်က အိမ်ကအသီးတွေထက်ငယ်ပြီး အရောင်က အနီရောင်သန်းတယ်လို့ ရှင်းပြပါတယ်။ ဟင်းချက်လိုက်တဲ့အခါ အိမ်ကအသီးလိုမချိုဘဲ ခါး သက်သက်လေးရှိတယ်တဲ့။
            ကျွန်မဈေးသွားတော့ ယုကလဲ စားချင်တယ်ပြောတာနဲ့ သုံးတောင့် ၅ဝဝ ရတော့မှဝယ်ပြီး ချက်ကျွေးရပါတယ်။ အရင်အိမ်အပင်က ဆိုရင်တော့ စားမယ်ဆိုမှ လတ်လတ်ဆတ် ဆတ်ချက်ချင်းဆွတ်ပြီး ခရမ်းသီး၊ အာလူးနည်းနည်းထည့်ပြီး ချက်တတ်ပါတယ်။
            အခုဝယ်စားရတော့ ခရမ်းသီး၊ အာလူး၊ ရုံးပတီသီး စတဲ့အသီးတွေထဲမှာ ဒန့်သလွန်ရော ချက်ရပြန်တာပေါ့။ ဒန့်သလွန်သီးများများစားစား အိမ်ကခူးချက်တာလိုတော့ မဟုတ် တော့ပါဘူး။ ဒီလိုအခါမျိုးမှာတော့ ငါးခြောက်နဲ့ပဲချက်ကြပါတယ်။
ငါးရံ့ပေါ်ချိန်ဆိုတော့ အိမ်မှာ ငါးရံ့ခေါင်းနဲ့လဲ ဒန့်သလွန်သီးကို ချက်တတ်ပါတယ်။ သိပ်လိုက်ဖက်ညီတဲ့ ဟင်းတစ်ခွက်ပါ။ တချို့က ငါးရံ့အသားနဲ့လဲ စားကောင်းကြောင်း ဒီရာသီမှာ နှစ်မျိုးစလုံးပေါ်တော့ ချက်စားကြည့်ပါလို့ ပြောကြပေမယ့် သိပ်မကြိုက်လှတာကြောင့် ချက်မစား ဖြစ်ပါဘူး။
            တစ်နေ့ လှည်းတန်းဈေးသွားတော့ မတွေ့တာကြာပြီဖြစ်တဲ့ လုပ်ဖော်ကိုင်ဖက် တင့်တင့်ကို အမှတ်မထင် တွေ့လိုက်ပါတယ်။ တစ်ယောက်လက် တစ်ယောက်ကိုင်ပြီး နှုတ်ဆက်ကြရင်း ကျွန်မခြင်းထဲက ငါးရံ့ခေါင်းတွေ တွေ့သွားပြီး
             ''ခင်၊ ဒန့်သလွန်သီးနဲ့ချက်မှာလား''
             ''ဒန့်သလွန်ပင်ကြီး ရှိသေးလား''
            ''ဒီနှစ်သီးရင် ပေးကျွေးဦးနော်'' လို့ပြောပါတော့တယ်။
           ကျွန်မတို့ အလုပ်အတူလုပ်စဉ်က ကျွန်မဒန့်သလွန်သီးပေါ်ချိန်ဆို မကြာခဏချက်တတ်ပြီး ရင်းနှီးသူများကိုလဲ ပေးတတ်တာကြောင့် တင့်တင့်က သတိရပြီး တောင်းတာပါ။
           ''တင့်တင့်ရေ၊ အိမ်ကအပင်မရှိတော့ဘူး''
           ''တို့လဲ တင့်တင့်လိုပဲ ဝယ်စား နေရတယ်''လို့ ပြောလိုက်ရပါတယ်။
         အိမ်ကအပင်ကြီးက ခြံစည်းရိုး နားနီးပြီး တစ်ဘက်အိမ်ရဲ့ အမိုးနဲ့ မလွတ်ဖြစ်တာကြောင့် နှမြောပေမယ့် ခုတ်ပစ်လိုက်ရတာပါ။ မခုတ်ခင် မျိုးမပြတ်ချင်တာကြောင့် အကိုင်းတွေခုတ်ပြီး သူငယ်ချင်း ပြုံး ခြံထဲမှာ စိုက်ကြပြန်ပါတယ်။
ဒန့်သလွန်သီး သီးချိန်မှာ ပြုံးက အမြဲပေးတတ်ပါတယ်။ အိမ်မှာက ဒန့်သလွန်သီးသာမက ဒန့်သလွန် ရွက်ပါစားကြတာပေါ့။ ဖေဖေရှိစဉ်က သွေးကျတယ်၊ ဆီးကောင်းတယ် ဆိုပြီး မကြာခဏ ဟင်းချိုချက်ခိုင်း တတ်ပါတယ်။
            ဟင်းချိုထဲ အရွက်ခပ်သောက် တဲ့အခါ ဟင်းရည်က နည်းနည်း သက်တဲ့အရသာရှိပါတယ်။ အိမ်သား အားလုံးက အခါးကြိုက်တတ်တော့ မကြာခဏ သောက်ဖြစ်ပါတယ်။ သူချည်းသက်သက် မဟုတ်တာတောင် ခြံတန်းဟင်းရွက်စုံ ဟင်းချိုချက်တဲ့ အခါ ထည့်ခပ်တတ်စမြဲပါ။
             မေမေနဲ့ ကျွန်မကတော့ ဒန့်သလွန်ရွက်ကိုပြုတ် ပါးပါးလှီးပြီး သုပ်စားတာကြိုက်ပါတယ်။ ဟင်းနုနွယ်သုပ်နဲ့ ခပ်ဆင်ဆင် အရသာရှိပြီး အရွက်နှစ်မျိုးစလုံးက သံဓာတ်ဓာတ် များတာကြောင့် အမျိုးသမီးများ စားဖို့သင့်တော်တာပေါ့။
              မေမေ့အပြောအရ အမျိုးသမီးတွေ မီးတွင်းမှာ ဒန့်သလွန်ရွက်ဟင်း ခါးသောက်ကြကြောင်း၊ မှန်မှန်သောက်ရင် နို့ရည်ထွက်များကြောင်း ပြောပြခဲ့ပါသေးတယ်။
             အိမ်က ဒန့်သလွန်ပင်ရှိစဉ်က ဒန့်သလွန်သီးသာတောင်းကြသူရှိတာ များပါတယ်။ အခုဈေးမှာ ရောင်း တော့လဲ ဒန့်သလွန်သီးသာ အရောင်း များတာတွေ့ရတာပါ။ ဒန့်သလွန်ရွက် ရောင်းတာသိပ်မရှိလှပါဘူး။
                တကယ်တော့ အစားနည်းပေမယ့် ဒန့်သလွန်ရွက်ဟာ အာဟာရ ပြည့်စုံတဲ့အရွက်လို့ဆိုရမှာပါ။ သူ့မှာ ပရိုတင်း-Protein, ကယ်လ်စီယမ် -Calcium, ပိုတက်စီယမ်-Potassium နဲ့ ဗီတာမင်အေ-Vitamin A နဲ့ ဗီတာ မင်စီ-Vitamin C ဓာတ်များ ပါဝင်ပါတယ်။ စားကျင့်မရှိတာက တစ်ကြောင်း၊ သူ့မှာပါတဲ့ အာဟာရ ဓာတ်တွေအကြောင်း မသိတာကြောင့် တစ်ကြောင်း ဒန့်သလွန်ရွက်ကို အစား နည်းတာဖြစ်ကြမှာပါ။
               သိသူဖော်စား၊ မသိသူကျော်သွားလို့ ဆိုရမလား မသိပါဘူး။
              ကျွန်မ မကြာခင်က ဘန်ကောက်ရောက်တော့ ကျွန်မဝယ်စား နေကျ တရုတ်ပဲမုန့်ဆိုင်ကိုသွား လိုက်ပါတယ်။ ဆိုင်က အိမ်ဆိုင်ပါ။ အစ်မကြီးကလုပ်ပြီး သူ့ညီမနဲ့သားက ကူလုပ်ကြတာတွေ့ရတယ်။ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး လေးစားရတာကိုက အရသာရှိတာ ကြောင့် ကျွန်မဘန်ကောက်ရောက် ရင် အဆင်ပြေသလို သူ့ဆိုင်သွားပြီး ဝယ်စားတတ်ပါတယ်။
ကျွန်မ ဆိုင်ထဲရောက်သွားတော့ လင်ပန်း သုံးလေးပန်းနဲ့ ဒန့်သလွန် ရွက်အခက်တွေ ဖြန့်ထားတာတွေ့ ရပါတယ်။
            ''မုန့်ဆိုင်မှာ ဘာကြောင့် ဒီ လောက်ဒန့်သလွန်ရွက်တွေ လှန်း ထားပါလိမ့်နော်''
            ''မုန့်ထဲများထည့်လုပ်ဖို့များ လား''
              ''ဘာများ လုပ်ကြမှာလဲ''လို့ တွေးမိသွားတယ်။
             ကျွန်မ ဒီအမျိုးသမီးဆိုင်မှာ ဝယ်စားဖူးတာ လေးငါးနှစ်လောက်ရှိပါပြီ။ တစ်ခါမှ ဒန့်သလွန်ရွက်တွေ၊ လင်ပန်းတွေနဲ့ လှန်းထားတာမတွေ့ ဖူးပါဘူး၊ ကျွန်မသိချင်တာနဲ့
              ''ဒန့်သလွန်ရွက်တွေ အများကြီးပဲနော် ။ ဘာလုပ်ဖို့လဲ''လို့ စပ်စု ပြီးမေးလိုက်မိတယ်။
အစ်မကြီးက
             ''ဒေါက်တာ ဒီအရွက်ကို သိလို့လား''
             ''ကျွန်မတို့က မရွှံ (Ma-rum) လို့ခေါ်တယ်''
           ''ကျန်းမာရေးအတွက် သိပ်ကောင်းတာ''ဆိုပြီး သူဒန့်သလွန် ရွက်စားရတဲ့အကြောင်း၊ လုပ်နည်း၊ စားနည်းတွေပါ ရှင်းပြပါတော့တယ်။
             အစ်မကြီးက ငယ်ငယ်ကတည်းက ချူချာသူတစ်ယောက်ပါ။ အိမ်ထောင်ကျပြီး သားနှစ်ယောက်ရှိ ပါတယ်။ သွေးအားကလဲနည်း၊ နှလုံး လဲအားနည်းတာကြောင့် တရှောင် ရှောင်နဲ့ရှိနေခဲ့တာတဲ့။
              ဆရာဝန်နဲ့ပြပြီး အင်္ဂလိပ်ဆေး အမျိုးမျိုးလဲ သောက်ခဲ့ရတာဆိုပဲ။ သိပ်ကောင်းလာတာ မဟုတ်ပေမယ့် နေသာထိုင်သာတော့ ရှိတယ်တဲ့။ တစ်ခါတရံ အားနည်းပြီး နေမကောင်းတဲ့အခါ မုန့်ဆိုင်ကို နှစ်လ၊ သုံးလ ပိတ်ခဲ့ရသည်အထိတောင် ရှိတယ်လို့ ပြောပါတယ်။
              အင်္ဂလိပ်ဆေးတွေ စားတာကြာ လာပြီးသိပ်မထူးလှတာနဲ့ ထိုင်း တိုင်းရင်းဆေးတွေအကြောင်း စာအုပ်တွေ ဝယ်ဖတ်ရာမှ တိုင်းရင်းဆေးကို စိတ်ဝင်စားလာခဲ့တယ်တဲ့။ တီဗီမှာ တိုင်းရင်းဆေး အကြောင်းပြတဲ့အခါ မပြတ်ကြည့်ပြီး အစ်မကြီးက လေ့ လာခဲ့ပြန်တယ်။
              ဒါတွေလေ့လာပြီး ဒန့်သလွန် ရွက်မှန်မှန်စားရင် သူ့အတွက် ကောင်းမယ်လို့ သိလာပြီး ဈေးမှာ ဒန့်သလွန်ရွက်တွေ သွားဝယ်လိုက် တယ်။ အရွက်ကို အမှုန့်ကြိတ် သောက်ရမှာကြောင့် သူက အရွက်တွေဝယ် ဆေးကြောပြီး လင်ပန်း တွေနဲ့ လှန်းထားရတယ်။ ခြောက်သွားမှ ထောင်းပြီး မနက်မန်ကျည်း စေ့လောက်၊ ညမန်ကျည်းစေ့လောက် ဆေးအဖြစ်သောက်သတဲ့။
               ဒီလိုမှန်မှန်စားပြီး တစ်လလောက်ကြာတော့ လန်းလန်းဆန်း ဆန်းဖြစ်လာခဲ့တယ်။ အစ်မကြီး သက်သာလာတော့ ဆွေမျိုးသားချင်း အိမ်နီးချင်းမိတ်ဆွေတွေကို ပြောပြလိုက်တော့ သူတို့ကလဲ စမ်းသောက် ချင်လာကြတယ်။
              ဒါနဲ့ပဲ အစ်မကြီးက ဒန့်သလွန် ရွက်အမှုန့်ကို အတောင့်လုပ်ကြည့်ပြီး သူစသောက်လိုက်တယ်။ အိမ်နီးချင်း တွေကိုလဲ ပေးသောက်ပြန်တယ်။ သူတို့လဲ နေလို့ထိုင်လို့ ကောင်းလာကြပြီး မှန်မှန်သောက်ချင်တာနဲ့ အစ်မကြီးကို လုပ်ရောင်းဖို့ ဝိုင်းပြောကြတယ်။
              အခု အစ်မကြီးက အင်ပီစလင်
Ampicilin ဆေးတောင့်အရွယ် တစ်ရာ ဝင်အထုပ်တွေထုပ်ပြီး တစ်ထုပ်ကို ထိုင်းဘတ်ငွေ ၈ဝ နဲ့ ရောင်းနေပါပြီ။ သူ့အညွှန်းအရ မနက် နှစ်တောင့်၊ ညနှစ်တောင့် သောက်ရင် လုံလောက်တယ်ဆိုပဲ။
               အစ်မကြီးအနေနဲ့ သူသောက်ဖို့နဲ့ အိမ်နီးချင်း မိတ်ဆွေများ သောက်ဖို့ သာလုပ်တာလို့ ပြောပါတယ်။ တွင်တွင်ကျယ်ကျယ် ရောင်းချဖို့ စိတ်ဆန္ဒမရှိဘူးလို့လဲ ပြောပါသေးတယ်။ သူကျန်းမာလာသလို အများကျန်းမာတာကို မြင်ရတာကိုပဲ ကျေနပ်လှပါပြီတဲ့လေ။
              အစ်မကြီးက ဆက်ပြီး သူ့ ဒန့်သလွန် ဆေးတောင့် နှစ်တောင့် စားတာက နွားနို့တစ်ခွက်သောက်တာနဲ့ တူတယ်ဆိုပဲ။ မရှင်းတာနဲ့ ပြန်မေးတော့ နွားနို့တစ်ခွက်မှာပါတဲ့ ကယ်လဆီယမ် Calcium ဓာတ်အချိုးအစား ပမာဏအတိုင်း သူ့ဒန့်သလွန် ဆေးတောင့်မှာပါတဲ့ ကယ်လ်ဆီယမ် Calcium ဓာတ်က တူညီနေတာလို့ ရှင်းပြပါတယ်။
                ဒါကြောင့် အစ်မကြီးက ကျွန်မကို သူ့ဆေးတောင့်ဝယ်စားကြည့်ဖို့ တိုက်တွန်းနေပြန်တယ်။ ကျွန်မ မုန့်သာဝယ်ပြီး ဆေးတော့ မဝယ်ခဲ့ပါဘူး။ ကျွန်မအနေနဲ့ အစာလဲဆေးမို့ ဒန့်သလွန်ရွက် လတ်လတ်ဆတ်ဆတ်ကိုပဲ ဆက်စားဖို့ စဉ်းစားပြီးသားပါ။ ဆေးအဖြစ်နဲ့တော့ မစားချင်ပါဘူး။
ဆက်လက်ဖော်ပြပါမည်
                                                                                                       (ဒေါက်တာ ခင်လက်ျာ)



No comments:

Subscribe

လာလည်သူများ

free counters