ပေါ့ ။ နောက် အကြောင်းတရပ်ကတော့ ညောင်းညာ ကိုက်ခဲ ဝေဒနာ တခုကြောင့် လည်း စာ မရေးချင် မရေးနိုင်
ဖြစ်နေပါတယ် ။ ကိုယ့် ဝေဒနာ ကိုယ်ပြန်စမ်းစစ်ကြည့်လိုက်တော့ အသက်ကလေးရယ် ကထောက်တာ တကြောင်း၊ အစားအသောက် မဆင်ခြင်တာ တကြောင်း ၊ အနေ အထိုင် မတတ်တာတကြောင်း တို့ ကြောင့် ဖြစ်လာရတဲ့ ဝေဒနာ
လေးမျှသာပါပဲ ။ အသက်နဲ့ အဝေးကြီး ပေမဲ့ နေရထိုင်ရ လှုပ်ရှားရတာ ကသိကအောင့် နဲနဲပါးပါးတော့ ဖြစ်တဲ့ ဝေဒနာ ၊ frozen-shoulder( ခေါ်) adhesive capsulitis ၊ မြန်မာလို အနီးစပ်ဆုံးဘာသာပြန်ရရင် ပခုံးအဆစ် အရွတ်
အေးခဲခြင်း သို့မဟုတ် ယောင်ယမ်းကိုက်ခဲခြင်း လို့ ခေါ်ဆိုရမယ် ထင်ပါတယ်။ဘယ်သူမှ ရှောင်လွဲလို့ မရတဲ့ “ အို၊နာ၊ သေ ” ဖြစ်စဉ်အရ သင်လည်း တနေ့ နာ ရအုံးမှာ အမှန်ပါပဲ ။ နာကျင်မှု အနည်း အများကတော့ ကိုယ့်ပေါ်တည်ပါတယ်။ တချို့လည်း ဒီလို မဲ့ပြုံးပြီး နာတတ်ကြတယ် ။

( ဖွားကိက ဒီပုံမှာ ပြထားတဲ့ မော်ဒယ်ဂဲလ်လေးထက် အဆတစ်ထောင်မျှ ပို
ချောပါတယ်..း))
အပေါ်ယံ အရေပြားတထောက်သာ ချောလှနေကြပေမဲ့ အပုပ်ကောင်ရုပ်ဆောင်နေကြတာကို တရားသဘောအရ
ကြည့်မြင်တတ်ကြရင် အတွင်းကျကျ ဆက်ကြည့်နိုင်ကြပါတယ် ။ချောချောလှလှ ပုခုံးလေးရဲ့ အတွင်းမှာ တော့ ဒီလိုပုံပါ ။အရိုး၊ အရွတ်တွေ အမြှေးတွေ နဲ့ တကယ့်တကယ်ဆို ဘယ်လိုမှ အမြင်မလှပါဘူး ။

အခြေအနေပေးလာတယ်။ ပုခုံးဆစ်နာတဲ့ရောဂါဟာ တခါတရံမှာ သူ့ ချည်းသက်သက်ဖြစ်တတ်ပြီး တခါတရံမှာ ကျောရိုးဆစ် ၊ လည်ပင်းဆစ် အကြောအရွတ်နာကျင်မှုတွေနဲ့ အတူတူ တပြိုင်ထဲ ဖြစ်တတ်ပါတယ်..။ ကွန်ပြူတာ ကြာရှည်သုံးရာမှာ ပုံစံမှန်စွာ မထိုင်သောသူများ အထူးဂရုပြုဖို့ လိုပါတယ်။ လည်ပင်းဆစ် နာတဲ့ အကြောင်းကို နောက်မှ သပ်သပ်ပြောပါမယ်။ ခု ဦးဆုံး ပုခုံးဆစ် အကြောင်းပဲ ပြောကြရအောင်။ ပုခုံးဆစ်ရဲ့ ဖွဲ့ စည်းပုံ ကို အနဲအကျဉ်း သိမှ နာကျင်ခြင်း အကြောင်းကို ပို သိနားလည်လွယ်မှာပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ပုခုံးဆစ်ရဲ့ ဖွဲ့စည်းပုံ အလွယ်တကူပြောရရင် ရှေ့ မှာ ကော်လာရိုး ခေါ် ညှပ်ရိုး ( Clavicle) ၊ နောက်မှာ လက်ပြင်ရိုး( Scapular) ၊ ဘေးမှာ လက်မောင်းရိုး( Humerus) တို့  ရှိပါတယ်။ သူ့ ကို ကြွက်သား တွေ ၊ အရွတ်တွေ နဲ့ တွယ်ဆက်ထားကြတယ်။

ပုခုံးဆစ်တွေ ဘာကြောင့်နာလာရတာလည်း ။
အဓိက အကြောင်းရင်းကတော့ ယောင်ယမ်းခြင်း( Inflammation ) ကြောင့်ပါပဲ ။ ။ ( အပေါ်ပုံမှာ အပြာရောင် နဲ့ ကွင်းပြထားတဲ့) ၊ အရိုး ၃ ခု ရဲ့ အလယ်မှာ ညပ်နေသလို နေရတဲ့ ကြွက်သားနဲ့ အရွတ် ဟာ တခါတရံမှာ( ဥပမာ- အပြင်းအထန် လှုပ်ရှားမိတဲ့ အခါ ၊ဒါမှ မဟုတ် ထိခိုက်ဒါဏ်ရာရတဲ့ အခါ ) ယောင်ယမ်းလာတတ်တယ် ၊ အဲ့ဒီအခါကျရင် အနည်းငယ် လှုပ်ရှားလိုက်တာနဲ့ ပုခုံးဟာမခံမရပ်နိုင်အောင် နာကျင်တတ်တယ်။ ပုံမှာအနီရောင်နဲ့ ပြထားသလို အလယ်အလတ် အမြင့်လောက် မြှောက်မိရင် ကြွက်သားဟာ ဖိညပ်ခံရလို့ ပိုပြီး နာတတ်တယ်။

( 1 ) Analgesic -ချက်ချင်းလတ်တလောဖြစ်တဲ့ ယောင်ယမ်းခြင်း (Acute Inflammation )ကိုတော့ အကိုက်အခဲပျောက်ဆေး စားခြင်း၊ အပြင်းအထန် နာကျင်နေရင်တော့ အကိုက်အခဲပျောက်ဆေး ထိုးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ။
(2)Heat - အဲ့ဒီနောက်မှာ နာနေတဲ့ အဆစ်ကို နာတဲ့ပုခုံးဆစ် ကို ဦးစွာ ရေနွေးအိပ် (သို့) ရေနွေးစိမ်ပြီးညှစ်ထားတဲ့ မျက်နှာသုပ်ပုဝါ နဲ့ ၅ မိနစ်မျှ အုပ်ပေးပါ ။ ( တကယ်လို့  ထိခိုက်ဒါဏ်ရာရပြီးပြီးချင်း ဆိုရင်တော့ ၂ရက်အတွင်းမှာ ၄နာရီမှ ၆နာရီခြားပြီး ၁၅ မိနစ်စီ၊ ရေခဲအုပ်ရပါမယ် ။အဲ့ဒီအချိန်မှာတော့ ဒီလို လေ့ကျင့်ခန်း လုပ်ဖို့  မသင့်တော်သေးပါဘူး ။ အယောင် လျော့တဲ့အထိ အကိုက်အခဲ ပျောက်ဆေး စား ပြီး ၊ အနားယူ၊ ပြီးမှသာ လုပ်သင့်ပါတယ် )
(3) Position- အနေအထားမမှန်လို့ ဖြစ်တာ ဆိုတော့ နာနေတဲ့ ပုခုံးကို အနားပေးရပါမယ်။ လက်မောင်းကို ဘေးတိုက် အပေါ်အောက် မြှောက်ခြင်း ချခြင်းတွေကို ပြင်းထန်စွာ မပြုလုပ်သင့်သေးပါဘူး..
(4) Exercise -ပုခုံးနာနေရင် ဘယ်လို လေ့ကျင့်ခန်းလုပ်မလည်း.. လေ့ကျင့်ခန်း လုပ်နည်းများစွာ ရှိပါတယ် ။ အလွယ်တကူ လုပ်နည်း တချို့ ကို နောက်ဖက်မှာ အသေးစိတ် ဖေါက်သည်ချပါမယ် ။
(5) Injection - နာကျင်ယောင်ယမ်းနေတာဟာ ဆေးထိုး ဆေးစားလို့ မှ မပျောက်ပဲ ပြင်းထန်စွာခံစားနေရပါက အဆစ်ထဲသို့ Steroid ပါတဲ့ ဆေးမျိုးထိုးပေးလို့ရပါသေးတယ် ၊ ဒီနည်းကိုတော့ ကျွမ်းကျင်သူဆရာဝန်များဖြင့်သာ ကုသမှု ခံယူသင့်ပါတယ်။


ဒါက Short Wave Theraphy ပါ ။

ဒီပုံက Ultrasound Theraphy ပါ။

ဒီပုံကတော့ Vibration Wave Theraphy ပါ
(7) Surgery - ခွဲစိပ်ကုသခြင်း -ဒါကတော့ အပေါ်ကနည်းတွေနဲ့ မပျောက်မှသာ နောက်ဆုံးအဆင့် မှ စဉ်းစားကုသဖို့ ပါ ။ ပုခုံးဆစ်နာနေရင် လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများထဲမှ အလွယ်တကူ နည်းများ - Weighted pendulum stretch ခါးအနဲငယ် ကိုင်းပြီး နာတဲ့ ပုခုံးဆစ်ရှိတဲ့ လက်မောင်းကို အောက်ဖက် တွဲလောင်းချပြီး နာရီချိန်သီး လွှဲသလို ရှေ့ နောက် လွှဲပေးပါ ။ ထို့နောက် ဘယ်ညာ ဘေးတိုက် ၊ အဝိုင်းပုံ စသဖြင့် လှုပ်ရှားပေးပါ ( အကွာ အဝေး သိပ်အဝေးကြီး လွှဲရန်မလို ။ ၁ ပေ အကွာ လောက်သာ လွှဲပေးပါ ။ အခါ ၂၀ မျှလွှဲ ပါ ။အဆစ်နာကျင်မှု ရှိလာရင်တော့ လှုပ်ရှားမှုတွေ ရပ်လိုက်ပါ ) ။ ဒီလေ့ကျင့်ခန်းကို တနေ့ မှာ ၂ ကြိမ် မျှ လုပ်နိုင်ပါတယ် ။ ဒီလို လုပ်ပေးခြင်းဖြင့် တောင့်တင်းနေတဲ့ အကြော အရွတ်တွေ ပြေလျှော့စေပါတယ် ။






Outward rotation exercise-



Lifting exercise- ထို့နောက် ပုံမှာပြထားသလို သားရေပတ်ကို တံတောင်ဆစ်ကွေးမှာ စွပ်ပြီး လက်မောင်းကို ၅လက်မ ခန့် အကွာသို့ ဘေးတိုက် မြှောက်ပေးပြီး ၅စက္ကန့်မျှ တင်းထား တဲ့ လေ့ကျင့်ခန်း ကိုလုပ်ပေးပါ။ ဒီလို လေ့ကျင့်ခန်းတွေကို ပုခုံးဆစ် နာတတ်သူများအနေနဲ့ ရေရှည်လုပ်သွားနိုင်ပါတယ်။ဒါဆိုရင် သင့်ပုခုံးဆစ် နောက်ထပ် တကြိမ် ထပ်ယောင်ဖို့ အခွင့်အရေး နဲသွားပါမယ်။ ပုခုံးရိုး အဆစ်တွေရဲ့ ဖွဲ့ စည်း လှုပ်ရှား ပုံ လေး ကို ဒီနေရာ မှာ ရှင်းလင်းစွာ ကြည့်နိုင်ပါတယ် ။ ဒါလေးကတော့ ပခုံးအဆစ် အရွတ် အေးခဲခြင်းမှ ကာကွယ်ရန် အတွက် လေ့ကျင့်ခန်းလေးပါ ။ ဗီဒီယို ပုံ နဲ့ဆိုတော့ လိုက်လုပ်ရတာ အဆင်ပြေပါတယ်။ ရှည်ရှည်ဝေးဝေး ရေးနေ ဖတ်နေစရာ မလိုတော့ဘုးပေါ့ ။ အချက်အလက်နဲ့ ပုံများကို ဒီနေရာ ။ များ မှ ရယူပါတယ်။ တချို့ ပုံတွေကတော့ အလုပ်ဌာန အတွင်းမှ ယူထားတာပါ။ လည်ပင်းဆစ် ကျောရိုးဆစ်တွေနာကျင်တဲ့ အကြောင်း နောက်မှ သပ်သပ် ဖေါက်သည်ချပါမယ်။ ဆက်စပ်နေတဲ့ နာကျင်မှုတချို့ ကို ဒီနေရာ တွေ ၁ နဲ့ ၂ မှာ ဖတ်နိုင်ပါသေးတယ်။ နာကျင်မှုဒုက္ခများမှ အတတ်နိုင်ဆုံးကင်းဝေးနေထိုင်နိုင်ကြပါစေ။
Credit : http://kiki-idiotlove.blogspot.co.uk/2011/06/blog-post_21.html
No comments:
Post a Comment