♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 9, 2016

“ ဘဝ ရဲ့အခွင့်အရေး” နဲ့ ပါတ်သက်တဲ့ သင်ခန်းစာအတွက် စက္ကူ နှင့် အမှိုက်ပုံးကို အသုံးပြု ပြီးသင်ကြား သွားခဲ့တဲ့ ဆရာမ "

ဆရာမတစ်ယောက်ဟာ ကျောင်းသားတွေကို “ ဘဝ ရဲ့အခွင့်အရေး” နဲ့ ပါတ်သက်တဲ့ သင်ခန်းစာအတွက် စက္ကူ ရယ် အမိုက်ပုံးရယ်ကိုပဲ အသုံးပြု ပြီးသင်ကြား သွားခဲ့တယ်

...............................
အသိပညာအတတ်ပညာ တွေ တော်တော်များများကို သင်ရိုးညွန်းတမ်းတွေ
စာအုပ်တွေ ကျမ်းတွေ နဲ့သင်ကြားကြပေမဲ့ သင်ရိုးညွန်းတမ်းတွေ ကနေ သင်ကြားလို့ မရ
နိုင်တဲ့ ဘဝရဲ့သင်ခန်းစာတွေ အမြောက်အများ ရှိနေတတ်ပြီး ဆရာမတစ်ယောက် က
ဘဝရဲ့သင်ခန်းစာနဲ့ပါတ်သက်ပြီး သင်ကြားပေးဖို့နည်းလမ်းရှာခဲ့ပါတယ်
....................................
သင်ခန်းစာ စပြီးတော့ သင်ကြား ကြတော ဆရာမက ကျောင်းသူကျောင်းသားတွေ အားလုံးကို စာရွက်အလွတ်တစ်ရွက်စီ ဖြဲခိုင်းပြီး အလုံးဖြစ်သွားအောင်
ခြေ ခိုင်းလိုက်တယ် အဲ့ဒီနောက် အမှိုက်ခြင်း တစ်ခြင်းကို သွားဆွဲ လာပြီး
အတန်းရှေမှာချထားပြီးပြော တာ ဒီဂီမ်းလေးက ကစားရတာလွယ်ပါတယ
သားတို့ သမီးတို့ အနေနဲ့ ကိုယ့်ကို ကိုယ် ဒီနိုင်ငံ ရဲ့ နိုင်ငံသူနိုင်ငံသားတွေ အဖြစ် သဘောထား စေချင်တယ် ဒီတော့လူတိုင်းဟာအောင်မြင်ချင်စိတ်
ကြွယ်ဝချမ်းသာချင်စိတ် ကိုယ်စီရှိကြမှာပဲ ဟုတ်တယ်မလား ?
.................................
ဒီတော့ အောင်မြင်ချမ်းသာစေမဲ့နည်းလမ်းက သားတို့သမီးတို့ အားလုံး ကိုယ့်လက်ထဲ က စက္ကူ လုံးတွေကို ဒီခြင်းထဲ ကိုဝင်အောင်ပစ်ထည့်ကြရမယ် ဝင်အောင်ပစ်နိုင်တဲ့သူက ချမ်းသာအောင်မြင်တယ် ဆိုပါစို့ ..
ကဲ စမ်းကြည့်ကြရအောင် ..
ဆိုတာ့ နောက်ဆုံးတန်းမှာထိုင်နေတဲ့ကျောင်းသားတစ်ယောက်က ထပြောတယ် “ ဆရာမက လည်း ဒါ တရားမှမတရားတာ ကျွန်တော်က နောက်တန်းမှာ ထိုင်နေရ တာ ရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့လူတွေ က ခြင်းထဲ ဝင်အောင်
ပစ်နိုင်ဖို့ ပို အခွင့်အရေး ရတာပေါ့ ”
................................
ဆရာမ ကဘာမှပြန်မပြောသေးဘူး
ဒါနဲ့ကျောင်းသူကျောင်းသားတွေ လဲ အမှိုက်ခြင်းထဲ ကို စပစ်ကြရော နောက်ဆုံးတော့လည်းအခြေအနေက အားလုံးတွက် ထင်တွေးထားကြသလိုပါပဲ အများဆုံးခြင်းထဲ ဝင်အောင်ပစ်ထည့်နိုင်ကြတာက ရှေ့ဆုံးတန်းက ကျောင်းသူကျောင်းသားတွေပါပဲ (ဒါပေမဲ့ လည်း အယောက်တိုင်းစေ့ တော့ မဟုတ်ပါဘူး ) နောက်တန်းက ဝင်အောင်ပစ်ထည့်နိုင်ကြတာတွေ လဲ ရှိနေတယ် ဒါပေမဲ့ လဲ အရမ်းနည်းပါတယ်
....................................
ဆရာမလည်း ပြောတာ
“ ဒါပဲပေါ့ တစ်ယောက်ချင်းစီမှာ ဘဝ ရဲ့ အရင်းအနှီး အခွင့်အရေး တွေ မတူညီ တတ်ကြဘူးလေ ရှေ့ဆုံးတန်းမှာ နေရတာက မွေးလာကတည်းကချမ်းသာ လာသလို ဒါမှမဟုတ်လဲ ခုလို ပညာတွေ စာတွေ လာသင်နေကြရတာဟာ မသင်ကြားရတဲ့လူတွေ ထက် အသိပညာမှာ အခွင့်အရေး ပိုသာသလိုပေါ့ နောက်တန်းမှာနေရတာ ကလည်း ဘဝအခြေအနေ နှိမ်ကျ ဆင်းရဲ သလို အခွင့်အလမ်းနည်းပါးတဲ့သူတွေ လိုပဲပေါ့

ဒါကြောင့် ဆရာမအနေ နဲ့ ရှင်းရှင်းပြော ပြရရင် ဒါဟာလူတိုင်းမှာ
အခွင့်အလမ်းဘဝ အနေ အထားချင်းမတူညီနိုင်ကြဘူးဆိုတာပဲ ဘယ်လိုပဲဖြစ်ဖြစ်ရှေတန်းမှာနေတဲ့လူတွေ က အခွင့်အရေးပိုရကြတယ် သာကြတယ် ဘာကြောင့်လဲဆိုတော့ အမှိုက်ခြင်းနဲ့ ၁၀ ပေတောင် မဝေး လို့ပဲ
ဒါပေမဲ့ လည်း နောက်တန်းမှာနေပြီး ဘဝ အခြေအနေ နှိမ့်ကျရ တိုင်းလဲ အရှုံးပေး ရမယ် ရယ် လို့ မဆိုလိုဘူး နော် ခု သားတို့ သမီးတို့ အားလုံးတန်းတူညီတူ သင်ကြားခွင့်ရနေကြရတယ်

နင်တို့တွေ ရဲ့ တာဝန်ကတော့ သင်ကြားလေ့လာခဲ့ရသမျှတွေကို နေရာမှန်လမ်းမှန်အောင် ကောင်းမွန်တဲ့ဖက်မှာ အသုံးချတတ်ကြဖို့ နဲ့
အလုပ်အကိုင်ကောင်း ကိုရှာဖွေလုပ်ကိုင်တတ်ကြဖို့ အပြင် အကောင်းဆုံးကြိုးစားတတ်ကြဖို့ပဲ ဒါမှ သာနောက်ဆုံးမှာ အောင်မြင်ပြည့်စုံတဲ့ လူဖြစ်လာ နိုင်မှာပါပဲ ”....
++++++++++++++++++
လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ်
ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

No comments:

Subscribe

လာလည်သူများ

free counters