♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 9, 2016

" ကြက် ကုန်းဘောင်ကြော် "

 
ထမင်းဖြူနဲ့ ဖြစ်ဖြစ် ကြက်ဥထမင်းကြော် လေးနဲ့ဖြစ်ဖြစ်တွဲစားလို့ အရသာရှိတဲ့ ကြက်ကုန်းဘောင်ကြော်
လေးပါ။

ချက်ရတာလည်း မြန်ဆန်ပြီးလွယ်ကူပြီး တော်တော် များများ ချက်တတ်မယ် ထင်ပါတယ်နော်။

ကျွန်မကတော့ ကုန်းဘောင်ကြီးကြော်မှာ အဓိက အကျဆုံးက ငရုပ်သီးတောင့်ကြော်လို့ထင်ပါတယ်။

အဲဒီအနံ့က ကုန်းဘောင်ကြီးကို ပိုပြီး အရသာရှိစေတယ်လို့ထင်တာပါပဲ (ဒါက ကျွန်မရဲ့ အထင်သက်
သက်ပါနော် :D )

ချက်နည်းလေး ကြည့်ကြရအောင်

ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံ တစ်ခု ( ဆား၊ အချိုမှုန့်၊ ပဲငံပျာရည် အနောက်အနည်းငယ်နှင့် ၁၀ မိနစ်ခန့်နှပ်ထားပါ )
ကြက်သွန်မိတ် ၁ ပင် (လက်တစ်ဆစ်ခန့်လှီးထားပါ)
မုန်လာဥနီ တစ်ဝက် (သေးသေးလှီးထားပါ)
ကြက်သွန်နီ (လေးစိတ်စိတ်ထားပါ)
ချင်း အနည်းငယ် (ဓါးပြားရိုက်ထားပါ)
ကြက်သွန်ဖြူ ၂ မွှာ (ခပ်ရှည်ရှည်လေး လှီးထားပါ)

ချက်နည်း

ဆီစားပွဲဇွန်း ၃ ဇွန်းခန့်ကို အပူပေးပြီး ငရုပ်သီးထည့်ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင်ဆယ်ထားလိုက်ပါ။

ထိုဆီကိုပဲသုံးကာ ကြက်သားများကို ထည့်ပြီး အပေါ်ယံတင်းလာအောင် ၃မိနစ်ခန့်ကြော်ပြီး ဖယ်ထား လိုက်ပါ

ထို့နောက် ကြက်သွန်ဖြူ၊ချင်းကို အရင်ထည့်ကြော်ပါ။

အနံ့မွှေးလာတာနဲ့ ကြက်သွန်နီ၊ ကြက်သွန်မိတ် အဖြူအရင်းနဲ့ မုန်လာဥနီများထည့်ကြော်ပါ။

ဆားအနည်းငယ်ဖြူးပေးပါ။

မီးပြင်းပြင်းနဲ့ကြော်ပြီး ၂ မိနစ်ခန့်ကြာလျှင် ကြက်သားများကို ပြန်ထည့်ပေးပါ။

ခရုဆီစားပွဲဇွန်း တစ်ဇွန်းနဲ့ ပဲငံပျာရည် အကြည်စားပွဲဇွန်း ၂ ဇွန်း (ကျွန်မသုံးတဲ့ ပဲငံပျာရည်က ဆားပေါ့သော အမျိုးအစားပါ) ကိုထည့်မွှေပါ။

နောက်ဆုံးမှ ငရုပ်သီးတောင့်၊ ကြက်သွန်မိတ်အစိမ်းရောင်ပိုင်း နဲ့ ငရုပ်ကောင်းအနည်းငယ်ကို ထည့်မွှေပေးပြီး ၁ ၂ မိနစ်လောက်ကြာရင် မီးပိတ်ပြီး သုံးဆောင်နိုင်ပါပြီ

ကြက်ဥ ထမင်းကြော်လေးနဲ့ လိုက်ဖက်လွန်းတာကြောင့် အများကြီး စားဖြစ်သွားပါတယ်။

EVY's Kitchen မှကူးယူမျှဝေသည်။

No comments:

Subscribe

လာလည်သူများ

free counters