♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 5, 2016

" ကျောက်မျက်ရတနာကို ဘယ်လိုဆင်မြန်းမလဲ (ပုလဲနက်) " နှင့် ပုလဲကို အရောင်ဆိုးနည်း "

 
ပုလဲနက်ဟု ဆိုလင့်ကစား အနက်ရောင်၊ အမည်းရောင် မရှိပါ။ ဒေါင်းမြီးစိမ်းရောင်၊ ခဲရောင်၊ မီးခိုးရင့်ရောင်  ပုလဲများ ဖြစ်တည်ရှိသည်။ ပုလဲနက်များ အနက် ဒေါင်းမြီးစိမ်းရောင် ပုလဲသည်ကား လာဘ်အကောင်းနှင့် အမြင့်မြတ်ဆုံးသော ပုလဲဖြစ်သည်။

ပုလဲနက်  (Bkack Pearl) သည် ထူးခြားသော စွမ်းပကားများ ခိုဝင် အောင်းနေသော ရတနာ တစ်ပါးဖြစ်သည်။ နက်ပကျွန်း (Neptune) အမည်ရှိသော ပင်လယ်ပြင်ကို စောင့်ရှောက်သည့် နတ်ဒေဝတာ၏  ရတနာတစ်ပါုး သတ်မှတ်သည်။ ထူးခြားသော စွမ်းပကား ကြီးမားလှသောကြောင့် သာမန်လူတို့ မရရှိနိုင်ရန် ပင်လယ်နက်၏ ကြမ်းပြင်တွင် ကမာခွံမှ ငုံ၍ ထားရှိသည်။ ထိုက်သော သူသာ ရှာဖွေတွေ့နိုင်သည်။ ထိုက်သော သူသည်သာ ပိုင်ဆိုင်ခွင့် ရှိသည်။ ပုလဲနက်ကို ပိုင်နိုင်သော သူတို့သည် လည်းကောင်း၊ ဝတ်ဆင်နိုင်သော သူတို့သည် လည်းကောင်း၊ ပင်ကို ဘုန်းကံကြီးမား၍ စီးပွား လာဘ်လာဘ တိုးပွားသည့် အပြင် ပိုင်ဆိုင်စွဲ၊ ဝတ်ဆင် သုံးစွဲသည့် နေ့မှစ၍ ရှိရင်းစွဲ ဘဝမှ ပိုမိုမြင့်မားသော ဘဝအဆင့်သို့  ထွန်းကား တိုးတက်မှုရရှိမည်။

နက်ပကျွန်း ဂြိုဟ်သည် ဂဏန်းအားဖြင့် သတ်မှတ်က (ရ) ဂဏန်းကို ကိုယ်စားပြုသည်။ ၇ ဂဏန်း၏ ပင်ကို အာနိသင်သည် အထူး ထက်မြက်သည်။ ပုလဲနက်အား ဝတ်ဆင်ခြင်းသည် လူနှင့်အတူ  ကံကောင်းစေသော နက်ပကျွန်း ဂြိုဟ်ဘုရားမှ ရယူခြင်းဖြစ်သည်။.

ပုလဲနက်သည် ရတနာတို့အနက် ထိပ်တန်း အဆင့်ဝင် ရတနာ ဖြစ်သည်။ ပုလဲနက်အား  ပိုင်ဆိုင်နိုင်ခွင့် ဘုန်းကံ မရှိသော သူတို့သည် မိမိစွမ်းပကား ရှိသလောက် ရသေ့ စိတ်ဖြေ သဘောမျိုး ပုလဲဖြူနှင့် တကွ အခြားအရောင် ပုလဲတို့ကို ဝတ်ဆင်ခြင်းဖြင့် ကောင်းသော ကံကို ရလင့်ကစား ပုလဲနက်၏ ကောင်းခြင်း ကံကို မီနိုင်စွမ်း မရှိ။

မြေပြင်မှ ရသော ရတနာများထက် ရေမှ ရသော ရတနာသည် ပို၍ မြင့်မြတ်သည်ဟု ဂမ္ဘီရ စာဆိုတို့က အဆိုရှိသည်။ ထို့ကြောင် မြေပြင် အဝန်းမှ ရတနာများ ဖြစ်သည့် စိန်၊ ကျောက်၊ ပတ္တမြား ရတနာများထက် ပိုမို သိဒ္ဓိရှိသည်ဟု ဆိုကြသည်။

တစ်ခုသော ရှေးအလယ် ခေတ်က ပုလဲကို ထူထောင်း၍ နွားနို့နှင့် ကျိုးချက်ကာ သောက်သုံးသော် ခွန်အား ဗလပြည့်စုံသည့် အပြင် ရုပ်ရည် ရူပကာယ အထူး တင့်တယ်သည့် ဆေးတစ်ခုအဖြစ် သောက်သုံး ကြသည်။ ပုလဲနက်သည်  အာယု  အသက်ရှည်ခြင်းကို ပေးသည်။ မိမိမျက်နှာနှင့် ခန္ဓာကိုယ်အား ပုလဲလုံးဖြင့်  ပွတ်တိုက်ပေးက မျက်နှာပွင့်ခြင်း၊ ချစ်သူ ခင်သူ ပေါများခြင်း၊ လာဘ်လာဘ ပွင့်လန်းခြင်း ဓာတ်များ ရရှိသည်ဟု ကမ္ဘာ တစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်တို့က ဆိုသည်။ ပုလဲသည် လှပခြင်း (Beauty)  ကျန်းမာခြင်း (Health)  မကောင်းသော ဥပဒ်များ မကျရောက်စေရန် ကာကွယ်ပေးခြင်း  (Protection) များကို ဖန်တီး ပေးနိုင်သည်ဟုလည်း ဆိုကြသည်။

ဒဏ္ဍရီတွင် ကမ္ဘာဦး အစ လူသားဖြစ်သည့် အာဒမ်က ဧဝအား ပထမဦးဆုံး ပေးသည့် ချစ်သက် လက်ဆောင်သည် ပုလဲနက်ဖြစ်သည်ဟု စာဆိုပြုကြည်။   ကမ္ဘာအနှံ့ ၊  မိုးအနှံ့ ၊ မြေအနှံ့  အလှပဆုံးသော  လက်ဆောင်ကို ချစ်သူအား ပေးရန် ရှာဖွေပြီး ပုလဲနက်ကို ချစ်သူအား လက်ဆောင်အဖြစ် ပေးလေသော် အလွန် သဘောကျ နှစ်သက်ပြီး အထူးထိုက်တန်သော ချစ်သက် လက်ဆောင်အဖြစ်  ဧဝ  က လက်ခံခဲ့သည်။ ရှေးခေတ်က အမျိုးသားတို့သည် အမျိုးသမီးတို့အား ပုလဲနက် ပေးခြင်းဖြင့် မည်မျှ ချစ်ကြောင်း  သက်သေပြကြသည်။ မိန်းမသားများ ကလည်း အလွန် သဘောကျ နှစ်သက်ကြသည်။

ပုလဲနက်ဟု ဆိုလင့်ကစား အနက်ရောင်၊ အမည်းရောင် မရှိပါ။ ဒေါင်းမြီး စိမ်းရောင်၊ ခဲရောင်၊ မီးခိုးရင့်ရောင် ပုလဲများ အဖြစ် တည်ရှိသည်။ ပုလဲနက်များ အနက် ဒေါင်းမြီးစိမ်းရောင် ပုလဲသည်ကား  လာဘ် အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးသော ပုလဲဖြစ်သည်။

အထူးပြု မှာကြားလိုသည်မှာ ပုလဲနက် ဝတ်ဆင်လျှင် ငွေဖြင့် သော်လည်းကောင်း၊ ပလက်တီ နမ်ဖြင့် သော်လည်းကောင်း ကွပ်၍ ဝတ်ဆင်ခြင်း မပြုရ။ ထို့ပြုက ရတနာ၏ ဂုဏ်သိဒ္ဓိ ကျဆင်းသည့် အပြင် လာဘ်ပိတ်ခြင်း၊ ကံနိမ်ခြင်းများ ဖြစ်တတ်၏။ ပုလဲနက်ကို ရွှေဖြင့် ကွပ်၍ ဝတ်သင့်သည်။ စိန်ရတနာသည် လူသားတို့ သည်းခြေကြိုက် အဖိုးတန်၍ မြင့်မြတ်သော ရတနာဖြစ်သည်။ စိန်၏ တန်ဖိုး မည်မျှမြင့်စေ ပုလဲနက်နှင့် ယှဉ်က အရန်နေရာတွင်သာ ရှိသည်။

ထို့ကြောင့် ပုလဲနက်အား ဝတ်ဆင်ပါက စိန်ကိုခြံရံ၍ ဝတ်ဆင်သင့်သည်။ ပုလဲနက်ကို အခြားကျောက် ရောင်စုံများဖြင့် ဝတ်ရန် မသင့်ပါ။ ပုလဲနက်ကို အမျိုးသားများ ဝတ်ဆင်ပါက တစ်လုံးချင်းသာ ဝတ်ဆင်သင့်သည်။ စိန်နှင့်ရံ၍လည်း ဝတ်ဆင်သင့်သည်။ ပုလဲနက်နှင့် ပုလဲဖြူကို တွဲ၍ ဖိုမပုံစံ တွဲဝတ်က အထူးကောင်းသည်။ လက်စွပ်အဖြစ် ဝတ်ဆင်က
လက်သူကြွယ်မှ အပ မဝတ်ရ။ လည်ဆွဲ အဖြစ်ဝတ်က နှစ်သက်သလို ဝတ်ဆင်နိုင်ပါသည်။ နားကပ် အဖြစ် ဝတ်ပါက လုံးတူ အရည်ဖြစ်သင့်သည်။

အညွန်း - ဆရာစံ-ဇာဏီဘို၏ ကျောက်မျက်ရတနာကို ဘယ်လို ဆင်မြန်းမလဲ.... စာအုပ်မှ
ကူညီရေးသားပေးပို့သူ - ဘကြီးအောင် (ကျွန်ုပ်၏မိတ်ဆွေ)

Credit : http://www.heintinzaw.com/2014/02/blog-post.html#.VorlFlIyuZM
းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပုလဲကို အရောင်ဆိုးချင်ရင်တော့ ဖန်နှင့် လုပ်ထားတဲ့ ပုလဲ glass pearls bead ကို အသုံးပြုနိုင်ပါတယ်..
အဝတ်ဆိုးဆေး ခိုင်ခန့်တာရှိလဲ အလုပ်ဖြစ်ပါတယ်။ ကြက်သွေးရောင်နှင့် အပြာရင့်ရောင်ကို သေချာရောကြည့်ပါ။
မိမိစိတ်ကြိုက် နီပြာရောင်သန်းတဲ့ အနက်ရောင် ရရင် ရေနွေးဆူပွက်နေတဲ့ အထဲထည့်ပါ။ ပုလဲကို ဆန်ကာနှင့်ထည့်
ပြီး အရောင်ထည့်ထားတဲ့ ရေနွေးထဲ ဆယ် စက္ကန့်မှ စက္ကန့် နှစ်ဆယ် သုံးဆယ်အထိ မိမိလိုချင်တဲ့အရောင်ရလာအောင်
လိမ့်လိမ့်ပြီး စိမ်သွားပါ။ ခလောက်ပေးပါ ဆေးရည်ထဲမှာ။ ဆေးရည်ပူထဲကနေထုတ်ပြီး ရေသန့်သန့်နှင့် တချက်စိမ်ပြီး
အခြောက်ခံထားပါ။ ပုလဲအနက်သာမက မိမိလိုချင်ရာအရောင်တွေကို ပြုလုပ်ဖန်တီးပြီး ဆောင်ထားနိုင်ပါလိမ့်မယ်။ 
 အောက်က ဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။ ရောသမဆိုက်ထဲမှာ ကြည့်မရရင် လင့်ကိုနှိပ်ပြီး ယူတျုဗ်မှာ တိုက်ရိုက်ကြည့်
နိုင်ပါတယ်။ တိုက်ရိုက်ကြည်ရန် သူ့လင့်က ဒီမှာပါ...
https://www.youtube.com/watch?v=fhVDiBxZaFE 


ကျေးဇူးတင်ပါတယ်... (ရောရောသမမွှေ)
 ပြုလုပ်ပုံပြုလုပ်နည်း ဗီဒီယိုက..  


No comments:

Subscribe

လာလည်သူများ

free counters