♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 4, 2016

" လေယာဉ်ပျံ ပထမဆုံး စီးဖူးသည့် တရုတ်အမျိုးသမီး အရေးပေါ်တံခါးပေါက်ကို အိမ်သာအထင်ဖြင့် ဆွဲဖွင့် "

1
လေယာဉ်ပျံ ပထမဆုံး စီးတဲ့ အတွေ့အကြုံဟာ စိတ်လှုပ်ရှားစရာကောင်းပြီး တစ်ချို့လူတွေ အတွက် ကြောက်စရာ ကောင်းနေပါလိမ့်မယ်။
ဒီလို အခြေအနေတွေကြောင့် အသက် ၅၀ နှစ်အရွယ် အမျိုးသမီးဟာ အရေးပေါ်တံခါးကို အိမ်သာ အထင်နဲ့ ဆွဲဖွင့်လိုက်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ချုံကင်းကနေ ရှန်ဇင်းကို ပျံသန်းမယ့် လေယာဉ်ပေါ်မှာ အဆိုပါ ဖြစ်ရပ်ကြောင့် ၂ နာရီခန့် နောက်ကျ
ခဲ့ရတယ်လို့ သိရပါတယ်။
2
အရေးပေါ်တံခါးကို ဆွဲဖွင့်မိတဲ့အတွက် လေယာဉ်ပေါ်မှာ ဆူဆူညံညံ အသံထွက်လာပြီး တစ်ချို့က ဓာတ်ပုံရိုက် မှတ်တမ်းတင်နေပါတယ်။
လေယာဉ် မထွက်ခါမှီလေးမှာ လေယာဉ်ပေါ်က အိမ်သာမှာ တန်းစီတဲ့ လူများနေတဲ့အတွက် မအောင့်နိုင် တော့လို့ အိမ်သာအထင်နဲ့ တံခါးဆွဲဖွင့်မိတာလို့ သိရပါတယ်။
3
ယခင်နှစ်တွေမှာလည်း တရုတ်ကမ္ဘာလှည့် ခရီးသည်တွေဟာ စည်းကမ်းတကျ တန်းစီမှု မရှိခြင်း၊ လေယာဉ်ပေါ်မှ ဝန်ထမ်းများကို ရိုင်းစိုင်းစွာ ပြောဆိုခြင်း၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်း၊ လေယာဉ်တံခါး ဆွဲဖွင့်ခြင်း အပြင် လူမြင်ကွင်းမှာ မစင်စွန့်တဲ့ ဖြစ်ရပ်တွေကြောင့် ကမ္ဘာ့ သတင်းစာမျက်နှာမှာ ခေါင်းကြီးနေရာက ပါခဲ့ဖူးပါတယ်။
အချို့ တရုတ်လူမျိုးတွေဟာ ဆိုးဝါးလွန်းတဲ့အတွက် တရုတ်အစိုးရက အဆိုပါလုပ်ရပ်တွေ လုပ်ဆောင်သူများအား ခရီးသွားခွင့် ပိတ်မည်ဟု ကြေညာချက်ပင် ထုတ်ပြန်ခဲ့ရသည်။

ကျော်စွာ
Yez Magazine

Credit : http://www.yezmagazine.com/archives/2868

No comments:

Subscribe

လာလည်သူများ

free counters