
လူတိုင်းအတွက် ဘဝဆိုတာ ခက်ခဲကြမ်းတမ်းပါတယ်။ တချို့က ဘဝမှာ ပင်ပန်းတဲ့ အကြောင်းပဲ ညည်းတွားလေ့ရှိနေချိန်မှာ ခက်ခဲ တဲ့ ဘဝကို နည်းလမ်းပေါင်းစုံနဲ့ ကျော်ဖြတ်နေကြသူတွေလဲရှိပါတယ်။
တရုတ်နိုင်ငံ၊ ယူနန်က လေးနှစ်အရွယ် မိန်းကလေး Qian Hongyan ဟာ ၂၀၀၀ ခုနှစ်မှာ ကားမတော်တဆမှု တစ်ခုကြောင့် မသန်စွမ်း ဘဝကို ရောက်သွားခဲ့ရပါတယ်။ ခြေနှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်ရပြီး သူမအတွက် ပညာရေးဟာ အလှမ်းဝေးခဲ့ရပါတယ်။ ဒါပေမဲ့ သူမရဲ့ အနာဂတ်ကို သူမကိုယ်တိုင် ဖန်တီးခဲ့ပါတယ်။ အဖိုးဖြစ်သူက ဘတ်စ်ကတ်ဘောလုံးကို အသုံးပြုပြီး လမ်းလျှောက်လေ့ကျင့်စေ ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေတဲ့ တရုတ်နိုင်ငံ ရဲ့ သတင်းစာ ခေါင်းစီးတွေမှာ သူမရဲ့ ဘတ်စ်ကတ်ဘော ကိုအသုံးပြုပြီး လမ်းလျှောက် လေ့ကျင့်နေတဲ့ ပုံတွေပါလာခဲ့ ပါတယ်။ ဆက်ပြီး ၂၀၀၇ ခုနှစ်မှာတော့ သူမဟာ ရေကူးဖို့ ကြိုးစားပြန်ပါတယ်။ ၁၆ နှစ်အရွယ်မှာတော့ မတူညီတဲ့ ရေကူးနည်းပေါင်းစုံ နဲ့ ရေကူးတတ်အောင်လေ့ ကျင့်ခဲ့ပါတယ်။
၂၀၀၉ ခုနှစ်မှာ တော့ သူမဟာ တရုတ်နိုင်ငံ မသန်စွမ်း ရေကူးပြိုင်ပွဲရဲ့ ချန်ပီယံ တစ်ဦးဖြစ်လာခဲ့ပါပြီ။ မကြာသေးခင်က
ကျင်းပတဲ့ မီတာ ၁၀၀ ရေကူးပြိုင်ပွဲတစ်ခု မှာလည်း ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခုအချိန်မှာ သူမရဲ့ အကြောင်းကတော့ မသန်စွမ်းသူတွေ အတွက် အားတက်စရာ တစ်ခု ဖြစ်နေပါပြီ။








Credit : https://www.facebook.com/ayesaycommm/posts/454957228009721
No comments:
Post a Comment