♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 8, 2016

"နေပြင်းပြင်းမှာ သွေးတိုးပြီးခေါင်းမူးလာပါက ချက်ခြင်းသက်သာစေမယ့် နည်းလမ်းများ"

ပျားရည် တဇွန်း ဂျင်းရည် တဇွန်း ဇီယာ မှုန့် တဇွန်း တရက် နှစ်ကြိမ်သောက်ပါ
 
သွေးတိုးရောဂါရှိသူများ သွေးတိုးပြီး ခေါင်းမူးလာပါက အောက်ပါ သဘာဝနည်းများဖြင့် သွေးတိုးရောဂါ သက်သာသွားအောင် ပြုလုပ်နိုင်ကြပါတယ်။
(၁) ဒန့်သလွန်ရွက်ကို ရေစင်အောင်ဆေးပြီး ထောင်းလိုက်ပါ။ အရည်ညစ်ယူပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို သောက်လိုက်ပါ။ သွေးတိုးချက်ချင်း သက်သာသွားစေပါသည်။

(၂) သံပုရာသီးကို ခွဲလိုက်ပါ။ အထဲမှာ အစေ့များကို ၅ စေ့ခန့် ၀ါးစားလိုက်ပါ။ သွေးတိုးချက်ချင်း
သက်သာပါလိမ့်မည်။

(၃) သံပုရာသီး ချက်ချင်းမရနိုင်ပါက သံပုရာပင်၏ အခေါက်ကို ဆေးကြောပြီး ရေနဲ့ သွေးပြီး သောက်ပေးနိုင်ပါသည်။

(၄) ဗာဒံရွက်အနု ၃၊၄ ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး ၅ မိနစ်ခန့် ပြုတ်ပြီး သောက်ပေးပါ။ တစ်နေ့ကို လက်ဖက်ရည်ခွက်
၃ ခွက်ခန့်  သောက်ပေးပါ။ ၅ ရက်နဲ့ ၁ ပတ်အတွင်း သွေးတိုးရောဂါ သက်သာသွားပါမည်။
၎င်းဆေးနည်းများသည် မြန်မာ့ရိုးရာဆေးမြီးတိုနည်းများဖြစ်ပါသည်။

(သတိပြုရန်) ဗာဒံရွက်ပြုတ်ရည်ကို အလွန်အကျွံသောက်ပါက ၀မ်းချုပ်တတ်ပါသည်။
သွေးတိုးရောဂါ နှင့်ဗဟုသုတ


http://www.lyhealthcare.com/…/%E1%80%B1%E1%80%9E%E1%80%BC%E…
Credit : စောနွဲ့ နေဆိုင် (ပူတာအို)

 Credit :https://www.facebook.com/searchmyanmar?fref=nf

No comments:

Subscribe

လာလည်သူများ

free counters