♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
April 7, 2016
==============================================
ကောင်မလေးတွေက သင့်ကို ပြန်မကြိုက်ရင် ဘာလုပ်ရမလဲ
မိန်းကလေးတစ်ယောက်ကို Date လုပ်ဖို့ ခေါ်ထုတ်ရတာဟာ ရင်အခုန်ရဆုံး အရာတွေထဲက တစ်ခုပါ။ ကောင်မလေးဘက်က ကြည့်ရင် ဖြစ်နိုင်ခြေ နှစ်မျိုးရှိပါတယ်။ အတည် ကြိုက်နေတာလား၊ လိမ်နေတာလား ဆိုတာပါ။ မိန်းမတစ်ယောက်ကို ” တစ်ရက်လောက် အပြင်သွားကြရင် မကောင်းဘူးလား” ဆိုပြီး မေးမိတာဟာ သင့်ရဲ့ မာနကို ရှေ့တန်းတင်တာပါပဲ။ အငြင်းခံရဖို့ ကျိန်းသေပါတယ်။
ယောက်ျားတစ်ယောက်ဟာ သူစိမ်းမိန်းမတစ်ယောက်ကို ရိုမန်တစ်ဆန်ဆန် ခေါ်ထုတ်ဖို့ ကြိုးစားတဲ့အခါမှာ အခက်အခဲတစ်ချို့ ရင်ဆိုင်ရတတ်ပါတယ်။ ဒီတိုင်းပဲ နေရင် ကောင်းမလား၊ သူမကို ခေါ်ထုတ်တာမှန်မလား ဆိုပြီးတော့ပါ။ အဆုံးမှာတော့ ခေါ်ထုတ်မိမှာပါ။ ဘာလို့လဲဆိုတော့ သူမ လိုက်နိုင်ခြေ ရှိလို့ပါ။
ဒါပေမယ့် သူမ ငြင်းဆန်လိုက်ရင်တော့ ငါ့မှာ ဘာအပြစ်ရှိလို့လဲ ဆိုပြီးမကောင်းတဲ့ ခံစားချက် ခံစားရပါရော။ သူငယ်ချင်းတွေကတော့ အဲ့ဒါ သူမအမှားပါ ဆိုပြီး သင့်ကို နှစ်သိမ့်ပေးမှာပါ။ မေ့လိုက်စမ်းပါကွာ။ ဘီယာ သွားသောက်မယ် ဆိုပြီးတော့ပါ။
တကယ်လို့ မိန်းမတစ်ယောက်ဟာ သင့်ကို အကြောင်းပြချက် မပေးပဲ ငြင်းဆန်လိုက်ရင် အဲဒါဟာ သင့်ရဲ့ ချို့ယွင်းချက်ကြောင့် မဟုတ်ပဲ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုခု ကြောင့်ပါ။ သင် ဘာမှ အားငယ်ဝမ်းနည်းနေစရာ မလိုပါဘူး။
ဝမ်းနည်းနေလို့လဲ သင့်ကိုယ်သင် ပျော့ညံ့တယ် မထင်ပါနဲ့။ ငြင်းဆန်ခံရတာဟာ ကိုကင်းဖြတ်ရတာလောက် နာကျင်ခံစားရပါတယ် လို့ စမ်းသပ်မှုတွေက ဖော်ပြထားပါတယ်။
တကယ်လို့ မိန်းမတစ်ယောက်က သင့်ကို ဆွဲဆောင်မှု မရှိဘူး ထင်နေရင်တော့ သင်လုပ်နိုင်တာ များများစားစား မရှိပါဘူး။ မိန်းမတွေ ဘယ်လိုပုံစံကို ကြိုက်လဲဆိုတာက မိန်းမတစ်ယောက်နဲ့ တစ်ယောက် လုံးဝမတူပါဘူး။ လုံးဝ Random ကြီးပါ။
စမ်းသပ်ချက်တစ်ခုမှာတော့ မိန်းမတွေဟာ သူတို့အဖေတွေနဲ့ ဆံပင်နဲ့ မျက်လုံးတူတဲ့ ယောက်ျားတွေကို စွဲလမ်းတတ်တယ်လို့ ဖော်ပြထားပါတယ်။ အနီရောင် ဝတ်တာဟာလဲ မိန်းမတွေကို ပိုပြီး ဆွဲဆောင်နိုင်စေပါတယ်။ နောက် စမ်းသပ်ချက်တစ်ခုမှာတော့ မိန်းမတွေဟာ အရမ်းပြုံးတဲ့ ယောက်ျားတွေရဲ့ နောက်ကိုလဲ မလိုက်ချင်ကြဘူး ဆိုပါတယ်။
လိင်တံသေးသူတွေဟာလဲ သူတို့ကိုယ်သူတို့ ယုံကြည်မှူ မြင့်မားတတ်ပါတယ်။ Micropenis ဆိုတာ တောင်မတ်တဲ့အချိန်မှာ နှစ်လက်မထက် ပိုတိုတဲ့ လိင်တံမျိုးပါ။ အဲဒါဟာ ယောက်ျားတွေကြားမှာတော့ ကြွားစရာ မဟုတ်လှပေမယ့် မိန်းမတွေကတော့ အဲဒါမျိုးရှိတဲ့လူကို ရတာ ကံကောင်းတယ် ထင်တတ်ကြပါတယ်။
“သင်သိထားဖို့က ဗီရိုလောက်ကျယ်တဲ့ Vagina ကို နှစ်သိမ့်ပေးဖို့ ဆင်လောက်ကြီးတဲ့ Cock တစ်ချောင်း လိုပါတယ်။ အဲဒါမျိုးမရှိတာက သင့်အပြစ် မဟုတ်ပါဘူး။ သူမအတွက် လူ ရှိပြီးသားပါ။ အဲဒိတော့ သင့်အရွယ်အစားအတွက် ကောင်မလေးလဲ ရှိမှာပါ။” လို့ Micropenis ရှိသူတစ်ယောက်က သူ ယုံကြည်မှု မြင့်မားရတဲ့ အကြောင်ရင်းကို ပြောပြသွားပါတယ်။
ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ ရည်းစားစကားပြောဖို့ နည်းလမ်းတွေ၊ အဝတ်အစားတွေ၊ အပြုအမူတွေ အားလုံးကို မိန်းကလေးတွေ ကြိုက်လာစေဖို့ ပြင်ဆင်ကြပါတယ်။ တကယ်လို့ အားလုံးပြီးပြည့်စုံသွားရင် မိန်းမတိုင်းကြိုက်မယ် ထင်တတ်ကြပါတယ်။
ဒါပေမယ့် တကယ်ကတော့ မိန်းမအားလုံးကြိုက်တဲ့ ပုံစံဆိုတာ မရှိပါဘူး။ တစ်ချို့ဆို တိုးတိုးတိတ်တိတ်နေတတ်ပြီး ရှက်တတ်တဲ့ ကောင်လေးတွေကို ကြိုက်ကြပါတယ်။ မိန်းမတစ်ယောက်ရဲ့ မင်းသားလေးဟာ တစ်ခြားမိန်းမတစ်ယောက်အတွက်တော့ သူတောင်းစား ဖြစ်နေမှာပါ။
အရေးကြီးဆုံးကတော့ လက်မလျှော့ဖို့ပါပဲ။ သင့်ကို ကြိုက်တဲ့ သူ ကမ္ဘာပေါ်မှာ ရှိတယ်လို့ ယုံကြည်ထားပေးပါ။ တစ်ယောက်ကို မရတာနဲ့ အသည်းကွဲမသွားပါနဲ့။ ဆက်ပြီး အားမလျော့တမ်းကြိုးစားပါ။ သင့်ပုံစံကို ကြိုက်တဲ့ မိန်းမတွေ ရှိပါတယ်။
Credit : http://mmgentleman.com/2015/11/03/3-2/
No comments:
Subscribe
လာလည္သူမ်ား
free counters