♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 6, 2016

" မြေမြုပ်သင်္ဂြိုလ်ခဲ့ပြီး ဖြစ်သည့် ဇနီး ၂ နှစ်အကြာ ရုပ်သံအစီအစဉ်တွင်ပြန်ပေါ်လာ "

Widower who buried his wife
ဇနီးဖြစ်သူကို တီဗီပေါ်မှာတွေ့ရတော့ သူက လုံးဝ မယုံနိုင်စရာ ဖြစ်သွားပါတယ်

မြေမြုပ်သင်္ဂြိုလ်ထားပြီး ဖြစ်သည့် ဇနီးဖြစ်သူသေဆုံးပြီ ရုပ်မြင်သံကြား အစီအစဉ်တွင် ပါဝင်လာသဖြင့် ခင်ပွန်းဖြစ်သူ အံ့ဩထိတ်လန့် ဖြစ်ခဲ့ရကြောင်း သိရသည်။
အာဗရာမိုဟာမက်အမည်ရှိ အမျိုးသားသည် သူ၏ ဇနီးဖြစ်သူ ယာဉ်တိုက်မှုတွင် သေဆုံးသွားပြီဟု ယူဆပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့သည်။
ကာဆာဘလန်ကာဆေးရုံတွင် အမည်မသိ အမျိုးသမီးတစ်ဦး ယာဉ်တိုက်မှုတွင် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဆရာဝန်များက ခင်ပွန်းဖြစ်သူအား ပြောကြားခဲ့သည်။
မိုရိုကိုနိုင်ငံတွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်တွင် သေဆုံးသွားသည့် အမည်မသိ မျိုးသမီးအား သူ၏ ဇနီးအထင်ဖြင့် ဆွေမျိုးအသိုင်းအဝိုင်းနှင့်အတူ မြေမြုပ်သင်္ဂြိုလ် ခဲ့ပြီးဖြစ်သည်။
သို့သော်လည်း ၂ နှစ်အကြာတွင် မိသားစုများနှင့် ဝေးကွာသွားသည့်သူများအား ပြန်လည်ဆုံစည်းနိုင်ရန် ကူညီပေးသည့် တိုက်ရိုက်ရုပ်သံအစီအစဉ်တွင် ပါဝင်လာခဲ့သည်။
တိုက်ရိုက်အစီအစဉ်တွင် ပါဝင်သည့် ဇနီးဖြစ်သူမှာ ခင်ပွန်းဖြစ်သူ၏ ဖုန်းအား ခေါ်ပြီး သူ၏ အမည်နှင့် လိပ်စာအား ပြောပြခဲ့သည်။
သူမပျောက်ဆုံးနေသည့် ၂ နှစ်တာကာလအတွင်း သူမဘယ်ရောက်နေသည်ကို လူအများစိတ်ဝင်စားလျက်ရှိပြီး အချို့က သူမအတိတ်မေ့သွားခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုလျက်ရှိသည်။

ခင်ပွန်းဖြစ်သူ အာဗရာမိုဟာမက်သည် ဇနီးသည်ပျောက်ဆုံးနေသဖြင့် ဆေးရုံတွင် သွားရောက် ရှာဖွေရာ ဆရာဝန်များက
အမည်မသိအမျိုးသမီးတစ်ဦး ရောက်နေကြောင်းပြောပြခဲ့ကြသည်။
ဆရာဝန်များက ဒဏ်ရာပြင်းထန်ပြီး ဆေးကုသရန် ငွေကြေးလိုအပ်သည်ဟု ပြောဆိုခဲ့ကြသဖြင့် အာဗရာ မိုဟာမက်က ၄ နာရီမျှမောင်းနှင်ရသည့် နေအိမ်သို့ ပိုက်ဆံသွားရောက်ပြီး ပြန်လာစဉ် အမျိုးသမီးမှာ ရရှိထားသော ဒဏ်ရာကြောင့် သေဆုံးသွားခဲ့သည်။
ထို့ကြောင့် သေဆုံးသွားသည့် အမျိုးသမီး၏ ရုပ်အလောင်းအား အဝတ်ဖြင့်ပတ်ပြီး အခေါင်းထဲထည့်ကာ နေရပ် အဇီလာဒေသသို့ သယ်ဆောင်ပြီး မြေမြုပ်သင်္ဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

The woman had lived in the small mountain town of Azilal in Morocco
ဇနီးဖြစ်သူဟာ မော်ရိုကိုနိုင်ငံတောင်ပေါ်မြို့ဖြစ်တဲ့ Azilal အဇီလာလ်မြို့ငယ်လေးမှာ နေထိုင်သူဖြစ်ပါတယ်
ကျော်စွာ
Yez Magazine
www.yezmagazine.com
Credit : http://www.yezmagazine.com/archives/1839


ဓါတ်ပုံများ : ရောရောသမမွှေမှ   အောက်ပါလင့်မှ ကူးယူတင်ပြထားပါသည်။
http://www.mirror.co.uk/news/weird-news/dead-wife-seen-tv-two-7537281 

No comments:

Subscribe

လာလည်သူများ

free counters