♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 21, 2015

“စက်” နဲ့ “မိန်းမ” ...“စက်” နဲ့ “ယောက်ျား” (ဟာသ)

 (၁) “စက်” ပျက်တက်ပေမဲ့ အထာသိလာရင် ပြင်ရတာ လွယ်လွယ်လေး
“မိန်းမ” အနှစ်တစ်ရာပြည့်ဦး အကြောင်းသိဖို့ ဝေးသေး။
"ယောက်ျား" အကြောင်းသိလို့ ပြင်ရင်လဲ ခဏဘဲဖြောင့်တယ်။


(၂) “စက်” ဆီရှိရင် လည်ပတ်တယ်
“မိန်းမ” ပိုက်ဆံရှိရင် ၀ယ်တတ်တယ်။

"ယောက်ျား" ပိုက်ဆံရှိရင် ဆီပေါက်ကျသလို အကုန်သုံးပစ်တယ်။


(၃) “စက်” တစ်လပြည့်ရင် Filter လဲပေးရတယ်
“မိန်းမ” တစ်လပြည့်ရင် ဝမ်းဆက်ဝယ်ပေးရတယ်။
"ယောက်ျား" ညနေတိုင်း ပုလင်းဖိုးပေးရတယ်။


(၄) “စက်” ပစ်ထားရင် ပျက်သွားရော
“မိန်းမ” လွှတ်ထားရင် စကားများရော။
"ယောက်ျား" လွှတ်ထားရင် အကျင့်ပျက်ရော။


(၅) “စက်” ပျက်မသွားအောင် သုံးလတစ်ခါ အင်ဂျင်ဝိုင် လဲပေးရတယ်
“မိန်းမ” စကားမများအောင် သုံးလတစ်ခါ နဘန်ကျင်းပေးရတယ်။
"ယောက်ျား" အပိုးကျိုးအောင် သုံးရက်တခါ ပါးစပ်ပူပေးရတယ်။


(၆) “စက်” နှစ်ကြာလာလေ မီးခိုးထွက်လာလေ
“မိန်းမ” နှစ်ကြာလာလေ ရစ်ကြာရှည်လေ။
"ယောက်ျား" နှစ်ကြာလေ နုတာမြင်ရင် နှာခေါင်းမီးထလေ။


(၇) “စက်”ပျက်တတ်ပေမဲ့ အထာသိလာတော့ ပြင်နိုင်တာတောင်
“မိန်းမ” အနှစ်တစ်ရာပေါင်းတာတောင် အကြောင်းမသိနိုင်ဘောင်။
"ယောက်ျား" အနှစ်တရာပေါင်းတာတောင် ဖြောင်ဖြောင့် မသွားပေါင်။


ဟာသ အဖြစ်ရေးတာပါ ဒီနေ့အထိ လမ်းပေါ်မှာ မိန်းမတွေ စိတ်ကောက်လို့ လိုက်ချောနေရတဲ့ ယောကျာ်းတွေချည်း တွေ့မိသလို အပြင်မှာ ယောက်ျားတွေ ဆိုးလို့ မိန်းမတွေချည်း ကြမ်းတမ်းလာတာတွေကို တွေ့နေရလို့ပါ..........

 




Credit : ဖိုးသူတော် http://www.phothutaw.com/2014/09/blog-post_362.html?m=0
Credit : Ko Ko Nyi

No comments:

Subscribe

လာလည်သူများ

free counters