♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 23, 2015

"အချစ်ဆိပ်တက်နေတဲ့ လူငယ်များအတွက်ပါ"

 
အချစ်ဆိုတဲ့ အရာဟာ အရွယ်ရောက်လာရင် လူငယ်တိုင်း ထိတွေ့ခံစားရမယ့်
သဘာဝဖြစ်စဉ်တစ်ခုပါ ။ ဒီသဘာဝ ဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှု ၊ ပူဆွေးမှုတွေ ရှိနေတတ်တယ် ဆိုတာလေးကိုလည်း သတိပြု တတ်ဖို့လိုတယ် ။

ခုတလော ဖေ့စ်ဘွတ်ခ်ဖွင့်လိုက်ရင် Status တွေမှာ ညီငယ် ၊ ညီမငယ်
အကို ၊ အမတွေ အချစ်ကြောင့် ပူဆွေးနေတာ မြင်ရတွေ့ရ ၊ ဖတ်ရတော့
စိတ်မကောင်း ဖြစ်မိတယ် ။
အချစ်ကို ကိုးကွယ်လွန်းသူတစ်ယောက်မှာ ဘဝဆိုတာမရှိဘူးလို့ ကျွန်တော် အရင်က ရေးဖူးတယ် ။ လူငယ်တစ်ယောက်ကမေးတယ် “ဘာကြောင့် ဘဝဆိုတာမရှိရတာလဲ” ။
ဆိုလိုချင်တာက ချစ်ပါ ။ ချစ်လို့ရပါတယ် ၊ ဘဝတစ်ခုလုံးကို ပုံအောပြီးပဲ
ချစ်ချစ် ဒါပေမယ့် ဘဝမပျက်အောင် ချစ်တတ်ဖို့ အရေးကြီးတယ် ။ လူတိုင်း မျှော်လင့်ချက်နဲ့ အသက်ရှင်တယ်ဆိုပေမယ့် ဒီမျှော်လင့်ချက်ကြောင့်ပဲ မထင်မှတ်တဲ့ ပြဿနာ အခက်အခဲကြုံလာတဲ့အခါ ဝေးကွာသွားရင် ဘဝဟာ ဦးတည်ရာ မဲ့သွားတတ်တယ် ။

ဒါကြောင့် -
တစ်စုံတစ်ယောက်ကို မျှော်လင့်ချက်ကြီးစွာ မချစ်ပါနဲ့ ၊
မထင်မှတ်တဲ့ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတာကို သတိပြုပါ ။
တစ်စုံတစ်ယောက်ကို ရုန်းထွက်လို့မရအောင် သံယောဇဉ်တွေမကြီးပါနဲ့ ၊
ရုန်းထွက်လို့မရအောင် ခံစားတတ်လို့ပါ ။
တစ်စုံတစ်ယောက်ကို နစ်မွမ်းစွာ မချစ်မိပါစေနဲ့ ၊
ဘဝရည်မှန်းချက်တွေ ပျောက်ဆုံး တတ်လို့ပါ ။

အချိန်တန်ရင် လူတိုင်းအတွက် ဘဝလက်တွဲဖော်ကောင်း ဆိုတာပေါ်လာမှာပါ ။ အဲ့ဒီ အချိန်ရောက်မှ ကိုယ်ကမရွေးချယ် တတ်ရင်တော့ ကိုယ်ရဲ့ ကံအကြောင်း မလှလို့ပဲ သတ်မှတ်လိုက်ပါ ။ အကြောင်းရှိလို့ အကျိုးဆိုတာဖြစ်လာတာပါ ၊ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့ ကိုယ့်ကို ကိုယ်ပဲအပြစ်တင်ပါ ။ လူငယ်တိုင်း ဘဝလက်တွဲဖော်ကောင်း ရွေးချယ်နိုင်ပြီး အချစ်ဆိပ် မတက်မိစေဖို့ ရေးသားပေးလိုက် ရပါတယ် ။



ခွန်နေ – Khun Nay
Credit : http://www.searchmyanmar.com/click/Community#content-49313 
 

No comments:

Subscribe

လာလည်သူများ

free counters