♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 20, 2015

"ချစ်သူဟာ လိမ်ညာတတ်တဲ့သူ ဟုတ်မဟုတ် သူ့လက်ချောင်းတွေကို ကြည့်ပြီး ဆုံးဖြတ်နိုင်"

 
ကဲ သူ့ဖုန်းတွေယူယူပြီး ဟိုစစ် ဒီစစ်လုပ်တာတွေ ရပ်လိုက်ပါတော့။ သူ့ ဖေ့စ်ဘွတ်ခ်အကောင့်ရဲ့ password တွေလည်း တောင်းမနေပါနဲ့တော့။ သူ့အင်္ကျံမှာ ဘာရေမွှေးနံ့လေးတွေ စွဲကပ်နေမလဲ၊ နှုတ်ခမ်းနီအရာတွေဘာတွေ တွေ့မလား လိုက်ရှာနေမယ့်အစား သူ့လက်ဖ၀ါးကိုသာ ဖြန့်ခိုင်းပြီး လက်ချောင်းတွေကို သေသေချာချာ ကြည့်လိုက်ပါ။
Oxford တက္ကသိုလ်ဟာ အမျိုးသား ၅၂၇ယောက်နဲ့ အမျိုးသမီး ၇၄၂ယောက်တို့ကို
စမ်းသပ်လေ့လာမှုတွေ ပြုလုပ်ခဲ့ပြီး သူတို့တွေ့ရဲ့ လက်ချောင်းအရှည်တွေပေါ် မူတည်လို့ သူတို့ဟာ လိမ်ညာတတ်တဲ့သူတွေ ဖြစ်မဖြစ် အဖြေထုတ်ကာ လေ့လာတွေ့ရှိချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်မှာ လက်ညှိုးနဲ့ လက်သန်းကြွယ်ကို ယှဉ်ကြည့်လိုက်ပါ။ အဲ့ဒီမှာ အမျိုးသား၊ အမျိုးသမီးနှစ်ဦးစလုံးရဲ့ လက်ချောင်းတွေမှာ လက်သန်းကြွယ်က လက်ညှိုးထက် ပိုရှည်နေမယ်ဆိုရင် သူတို့ဟာ သစ္စာမရှိတတ်ဘူးလို့ ဆိုထားပါတယ်။
စာဖတ်ရင်း သင့်လက်ချောင်းဘယ်လိုအခြေအနေရှိလဲ ငုံ့ကြည့်နေမိပြီ မဟုတ်လား။ အဓိက သင်ကြည့်ရမှာက လက်သန်းကြွယ်ပါပဲ။ အများအားဖြင့် လက်သန်းကြွယ်ဟာ လက်ညှိုးထက် မသိမသာရှည်နေတတ်တာပဲလို့တော့ မပြောလိုက်ပါနဲ့။ ခုပြောတဲ့ လေ့လာတွေ့ရှိချက်က ဆိုထားတာကတော့ သိသိသာသာ ကြည့်လိုက်တာနဲ့ ရှည်မှန်းသိသာတာကိုပဲ ရည်ညွှန်းတာပါ။ ဒါပေမယ့် လက်သန်းကြွယ်ကြီးက အရမ်းကြီး ရှည်နေတာမျိုးတော့ ဘယ်မှာရှိမလဲလေနော်။ ဒီတော့ လက်ညှိုးထက် တော်တော်ကြီးရှည်နေတာမျိုးလည်း မဟုတ်သလို ကြည့်လိုက်တာနဲ့လည်း ဒီလက်ချောင်းနှစ်ခု လုံးဝညီနေတာမျိုးလည်း မဟုတ်တာမျိုးကို ဆိုလိုပါတယ်။
လေ့လာတွေ့ရှိချက်က ဆိုထားတာက အမျိုးသားတွေဟာ အမျိုးသမီးတွေထက် လက်သန်းကြွယ် ပိုရှည်နေတာမျိုး ပိုတွေ့ရပါသတဲ့။ ဒီတော့ ကိုယ့်ချစ်သူ၊ ကိုယ့်ရည်းစားမှာ ခုလို အခြေအနေ ပုံစံ တွေ့လိုက်ရပြီဆိုရင် နောက်ထပ် သင်စဉ်းစားရမှာက သူဟာ ဘယ်သူလဲ ဆိုတာပါပဲ။ ပြောချင်တာက သူ့နောက်ကြောင်းရာဇ၀င်ကို ပြန်စဉ်းစားပါ။ သူ့အမျိုးထဲ၊ အထူးသဖြင့် အဖေ၊ အမေဟာ လိမ်ညာတတ်သူလား၊ ကိုယ်နဲ့မတွဲခင်ကရော သူ့မှာ နာမည်ပျက်ရှိဖူးသလား၊ အသည်းခွဲတတ်တဲ့သူလည်း နာမည်ကြီးတဲ့သူလား၊ ကိုယ့်ကိုရော တစ်ကြိမ်တစ်ခါ လိမ်တာမျိုး ကြုံဖူးဖြစ်ဖူးသလား၊ စတာတွေကို တွေးပြီး သူ့လက်ချောင်းနဲ့ ပြန်လည် အတည်ပြုကြည့်လို့ ရပါတယ်။


Credit : https://www.facebook.com/searchmyanmar?fref=nf

No comments:

Subscribe

လာလည်သူများ

free counters