♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 20, 2015

♡♡ ♩ ♪ ဒါကြောင့်ပဲ……မင်းကို ♩ ♪ ♡♡

 

မင်း မျက်ဝန်းထဲမှာ
ရိုးသားခြင်းကို တွေ့တယ်
ဒါကြောင့်ပဲ မင်းကို
ခင်မိသွားတာဖြစ်မယ်။

မင်း စကားတွေက
မုသားကင်းတယ်

ဒါကြောင့်ပဲ မင်းကို
ပိုယုံကြည်မိသွားတာ ဖြစ်မယ်။

မင်းနဲ့ စကားပြောချိန်ဆို
ပျော်ရွှင်ခြင်းကို တွေ့တယ်
ဒါကြောင့်ပဲ မင်းကို
ပိုမြတ်နိုးမိသွားတာဖြစ်မယ်။

ကောင်မလေးရေ…………
သာယာတဲ့နေ့တစ်နေ့
ငါတို့ ဆုံတွေ့ဖြစ်ရင်
ဒီအကြောင်းတွေပြောချင်ပါသေးတယ်။Tiger Lily(နှင်းပန်း)


Credit : http://www.luckymyotaw.com/2014/11/blog-post_610.html

No comments:

Subscribe

လာလည်သူများ

free counters