♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 25, 2015

“ဒေါက်တာ ကျနော့်ကို တစ်ခု ကူညီပါအုံး” (ဟာသ)

 
“ဒေါက်တာ ကျနော့်ကို တစ်ခု ကူညီပါအုံး”
“ဘာများဖြစ်လို့လဲ။ ပြောပါအုံး”
“ဒီလိုပါ . . . ညညအိပ်တဲ့အခါကျရင် ကျနော့်ကုတင်
အောက်မှာ တစ်ယောက်ယောက်ရှိနေတယ်လို့ခံစားရတယ်။
အဲဒါ ထပြီး ကုတင်အောက် ဆင်းကြည့်ရင် ဒီကောင် ကုတင်
ပေါ် ရောက်နေပြီလို့ ထင်ပြန်ရော။ ဒါနဲ့ ကုတင်ပေါ်ပြန်

တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ တစ်ညလုံး အလုပ်ရှုပ်နေတာ
အိပ်ကိုမအိပ်ရတော့ဘူး။ တစ်ညလဲမဟုတ် နှစ်ညလဲမဟုတ်နဲ့
အိပ်ရေးပျက်ပေါင်းလဲများလှပါပြီ အဲဒါပါ။”
ဤကား
ရာဂျစ်တစ်ယောက် ဒေါက်တာ အိုဟာရာ ဆီသို့ ရောက်ရှိလာပြီး
သူအခက်အခဲ ကို ပြောပြ အကူအညီ တောင်းနေခြင်းပင်ဖြစ်သည်။

ဒေါက်တာက ပြန်ပြောသည်။
“အင်း . . ဒါက ပျောက်ကင်းနိုင်ပါတယ်။ နဲနဲတော့ အချိန်ယူရလိမ့်မယ်။
မင်း ဆရာ့ဆီကို တစ်ပတ်ကို သုံးကြိမ်လောက်တော့ လာပြရမယ်။
ဖြစ်မလား။”

“တစ်ခါ လာပြရင် စမ်းသပ်ခ ဘယ်လောက်ကျမလဲဆရာ”
“စမ်းသပ်ခလား . . တစ်ခါပြရင် ဒေါ်လာ ၁၀၀ ကျမယ်”
“ဒါဆို ကျနော် စဉ်းစားပရစေအုံး ဆရာ။ နောက်မှ တွေ့မယ်နော်”
ရာဂျစ်တစ်ယောက် ဒေါက်တာ အိုဟာရာကို နှုတ်ဆက်ထွက်ခွာသွားသည်။
နောက်၆လခန့်အကြာ တွင် ဒေါက်တာ နှင့် ရာဂျစ်တို့ လမ်းပေါ်တွင် ခတ္တေခဏ
တွေ့ဆုံမိသည်။ တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ရင်း ဒေါက်တာက
ရာဂျစ်၏ ရောဂါ အခြေအနေကို မေးသည်။

“ရာဂျစ် . . မင်းရောဂါ ပျောက်သွားပြီလား? ဘာကြောင့် ငါ့ဆီ ဆက်မလာ
တော့တာလဲ။”

“ဒီလို ဆရာရေ။ ဆရာဆီ တစ်ခါလာရင် ဒေါ်လာ ၁၀၀ ပေးရမယ်လေ။
အခုတော့ လမ်းထိပ်က ဘားဆိုင်က ဘားတင်ဒါ က ၁၀ ဒေါ်လာထဲနဲ့
ကုပေးလိုက်တယ်။ တစ်ခါတည်း ပျောက်ကရော။”

“ဟေ . . ဘယ်လိုကုပေးလိုက်လို့လဲ”
“သူက ပြောတယ်လေ။ ကုတင်ခြေထောက်တွေကို ဖြတ်ပစ်လိုက်တဲ့။
အဲဒီထဲက ကျနော်ရောဂါ ပျောက်သွားတာ ခုထိ . . ”
“အမ် !!!!”






Credit : https://www.facebook.com/searchmyanmar?fref=nf

No comments:

Subscribe

လာလည်သူများ

free counters