♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 24, 2015

"လျှပ်စစ် ဗို့အား (၁၁၀၀၀) ကို ခံနိုင်တဲ့ ကမ္ဘာ့အံ့ဖွယ်လူသား"

 
လူတစ်ဦးပာာ လျှပ်စစ်ဗို့အား (၂၇၀၀) လောက်နဲ့ ထိတွေ့ခဲ့ပါက အနည်းဆုံး ဒဏ်ရာ ရခြင်းကို ကြုံတွေ့ရမှာ ဖြစ်ပြီး လျှပ်စစ်ဗို့အား (၁၁၀၀၀) လောက်နဲ့ ထိတွေ့ ခဲ့မယ် ဆိုရင် မတွေးဝံ့စရာ ဖြစ်သွားပါ လိမ့်မယ်။ ဒါပေမဲ့ အိနိ္ဒယ နိုင်ငံက လူငယ် တစ်ဦး ကတော့ လျှပ်စစ်ဗို့အား(၁၁၀၀၀)ကို ခံနိုင် စွမ်းရှိကြောင်း သက်သေပြသွားခဲ့ ပါတယ်။ လျှပ်စစ် ဗို့အား(၁၁၀၀၀) ဟာ အိမ်(၅၀၀)ကို လျှပ်စစ် ဓာတ်အား ပေးနိုင်တဲ့ အားနဲ့
ညီမျှမှု ရှိပါတယ်။ ဒီလောက် များပြားတဲ့ လျှပ်စစ်ဗို့အားကို ခံနိုင်ရည်ရှိသူ ကတော့ အသက် (၁၆)နှစ်သာ ရှိသေးတဲ့ ဒီပက်ဂျန်ဂရာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ်ဗို့အား (၁၁၀၀၀)ကို ခံနိုင်ကြောင်း စမ်းသပ်ခံပြီး ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ် ဗို့အား (၁၁၀၀၀) ထုတ်လွှင့် ထားတဲ့ ရေထဲကို လက် ထည့်ပြ ပြီးတော့ ခံနိုင်ရည် ဘယ်လောက် ရှိကြောင်း ပြသွားခဲ့ ပါတယ်။

ဒီပက်ဂျန်ဂရာက မိမိဟာ ဘုရားသခင်၏ စောင့်ရှောက်မူကြောင့် ထူခြား စွမ်းရည် ပိုင်ဆိုင် ထားခြင်း ဖြစ်ကြောင်း၊ ယင်းကို မိမိ အနေဖြင့် ဂုဏ်ယူမိကြောင်း၊ မိမိမှာ လျှပ်စစ်ဓာတ်ကို ကြောက်မိသော်လည်း ယခုအခါ ယုံကြည်မှု တိုးလာကြောင်း၊ မိမိကိုယ် မိမိ ကြိမ်ဖန်များစွာ စမ်းသပ်ခံပြီး ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားကို လျှာဖြင့် စမ်းသပ်မှု ပြုလုပ် ခဲ့ကြောင်း၊ သို့သော် မည်သည့် နာကျင်မှုမှ မဖြစ်ကြောင်းဆိုခဲ့ ပါတယ်။ ဒီပက်ဂျန်ဂရာ ဟာ ပြီးခဲ့တဲ့ သုံးနှစ်က မိခင်ဖြစ်သူ အပူပေးစက်ကို ပြုပြင်ရာမှ တစ်ဆင့် ထူးခြားတဲ့ စွမ်းအင်တွေ ပိုင်ဆိုင် ထားကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ အပူပေးစက်ကို ပြုပြင်ရာမှာ ဓာတ်လိုက်ခဲ့ ပေမယ့် ဘာမှ မဖြစ်ပါဘူး။ ဒီနောက် စမ်းသပ်မူတွေ အမျိုးမျိုး ပြုလုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်ခံ နိုင်ကြောင်း သိရှိလာခြင်း ဖြစ်ပါတယ်။ လျှပ်စစ် ဓာတ်အား ခံနိုင်ရည် ရှိကြောင်း ၀ါယာကြိုးတွေ သွယ်တန်း ထားမှုကို လက်နဲ့ ကိုင်ပြီး မီးသီး လင်းပြကာ သရုပ်ပြသခဲ့ ပါတယ်။ နောက်ပြီး လျှပ်စစ် ဓာတ်အားစီး နေတဲ့ ၀ါယာကြိုးကို ပါးစပ်ထဲ ထည့်ပြခဲ့ ပါတယ်။ ဒီပက်ဂျန်ဂရာပာာ ပုံစံမျိုး စုံစမ်းသပ်ပြီးနောက် လျှပ်စစ်ဗို့အား (၁၁၀၀၀) လောက်နဲ့ စမ်းသပ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပက်ဂျန်ဂရာပာာ လျှပ်စစ်ဗို့အား (၁၁၀၀၀)လောက်နဲ့ စမ်းသပ်မှု လုပ်ပြီး နောက် ဆရာဝန်တွေထံ ပြသမှု ပြုလုပ်ရာ ဘာမှမဖြစ်တာကို တွေ့ခဲ့ရ ပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်သူတွေက အန္တရာယ်များတဲ့ စွန့်စားမှုကို မလုပ် သင့်ကြောင်း၊ တစ်ချိန်မှာ မထင်မှတ်စရာများဖြင့် ကြုံရ နိုင်ကြောင်း သတိပေးထား ပါတယ်။ နယူးဒေလီမြို့ မှ အသက်(၂၃)နှစ် အရွယ်ရှိ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ဦး ဖြစ်တဲ့ ဂါဗူရာဆင်းက လျှပ်စစ် ဗို့အား(၁၁၀၀၀)မှာ အားလုံး ပျက်စီးသွား နိုင်ကြောင်း၊ သို့သော် ဒီပက်ဂျန်ဂရာမှာ ဘာမှမဖြစ်ခဲ့တာကို အံ့အားသင့်ဖွယ်ရာ မြင်တွေ့ခဲ့ ရကြောင်း ဆိုခဲ့ပါတယ်။

The Messenger
 
 
 

No comments:

Subscribe

လာလည်သူများ

free counters