♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 23, 2015

"အညာက ဖာ နဲ့ ဖုတ်" (ထန်းကောက်ဖာ နှင့် ဖုန်မှုန့်)

အညာမှာ ဖာ နဲ့ ဖုတ် (ဖုန်) က ခွဲခြားလို့ မရတဲ့ အညာက သင်္ကေတတွေပေါ့...။        အညာလို့ ပြောလိုက်
တာနဲ့ ဖုတ်(ဖုန်)ကို တန်းမြင်ကြလိမ့်မည်ထင်ပါတယ်...။ “ဖာ ပေါဖုတ်ထူပခုက္ကူ“ ဆိုတဲ့စကားပုံကိုကြားဖူးပါသ
လား...။ အဲဒီ စကားပုံကို လူတွေက တစ်မျိုးထင်ကြတယ်လေ...။   အမှန်က ဖာဆိုတာ ထန်းခေါက်ဖာ၊  ဖုတ် ဆိုတာဖုန်ကိုပြောတာပါ...။  လှည်းလမ်းကြီးတစ်လျှောက်ဖုန်လုံကြီးတွေတစ်လိမ့်လိမ့်တက်လာမြင်ယောင်
သေးတော့သည်ဆိုတဲ့ သီချင်းကလည်း အညာရဲ့ ဓလေ့ကိုဖော်ညွှန်း ထားတဲ့ အရာတစ်ခုပါပဲ...။ ဖုတ် ( ဖုန်) ဆိုတာကို လူတိုင်းနီးပါး သိနိုင်ပေမဲ့... ဖာဆိုတဲ့ အကြောင်းကိုတော့ အညာသားများက ပိုပြီးသိကြလိမ့်မယ် လို့ ကျွန်တော်ထင်ပါတယ်..။




အညာကထန်းခေါက်ဖာ

အခု ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ ဖာ( ထန်းခေါက်ဖာ) နဲ့ ထန်းရွက်ရဲ့      အသုံးဝင်ပုံကိုပြော
ပြချင်တာပါ...။           ထန်းခေါက်ဖာကို       ထန်းပင်ရဲ့ အရွက်(ထန်းလက်)ကနေ ပြုလုပ်တာ ဖြစ်ပါတယ်...။ ထန်းခေါက်ဖာလို့ပြောလိုက်လို့ အထင်တော့မသေးချင်ပါဘူး...။ အရင်တစ်ချိန်က အညာသူ အညာသားတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေး
ဟောင်း သေတ္တာ ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မည်...။ နောက်ပြီး မြို့အရပ်ကိုသွားရင်လည်း အဲဒီဖာလေးက သူတို့တွေရဲ့ ခရီးဆောင်အိတ်     ဆိုရင်လည်းမမှားပါဘူး...။                “အောက်ပြည်ကို အလည်သွားxxx ဘာလက်ဆောင်များ မင်းပါလာခဲ့တယ်xxx      အညာကိုရောက်ရင် xxx                   မေးကြလိမ့်မယ် xxx ထန်းခေါက်ဖာလေးကိုမောင်ဖွင့်လို့ရယ်“ ဆိုတဲ့ သီချင်းလေးကလည်း အညာသူ ၊        အညာသား တွေရဲ့ ထန်းခေါက်ဖာ သုံးစွဲပုံလေးကို ဖော်ညွှန်းထားတာ ဖြစ်ပါတယ်...။ အညာမှာမြန်မာ့ရိုးရာသနပ်ခါးပင်တွေက ပေါတယ်လေ... ။ အဲဒီ သနပ်ခါးတုန်းလေးတွေ အမြဲမွှေးနေစေဖို့   ထန်းခေါက်ဖာထဲမှာထည့်ထားရတယ်
ဆိုတဲ့ စကားကိုလည်း ရှေးလူကြီး                သူမတွေ တစ်ဆင့်စကား တစ်ဆင့်နား အဖြစ် ကျွန်တော်မှတ်
သားဖူးပါတယ်...။ အဲဒီတော့ ထန်းခေါက်ဖာလေး အသုံးဝင်တယ်ဆိုတာ သိကြရောပေါ့...။(အခုချိန်မှာတော့ ထန်းခေါက်ဖာကို သိပ်မသုံးတော့ပါ)...။
ထန်းလက်တဲ

ထန်းရွက်နဲ့ ပြုလုပ်လို့ရတဲ့ အကြောင်းအရာလေးတွေကိုလည်း ပြောပြပါအုံးမည်...။ ဆောင်းကုန်တော့မယ်
ဆိုတာနဲ့ ထန်းပင်ပေါ်ကို တက်ပြီး ထန်းရွက် ချိုင်ပါတော့တယ်...။ ထန်းရွက်ချိုင်တဲ့အခါမှာ အရိုးပါ ပါအောင် ချိုင်ပါတယ်...။ အိမ်ရောက်မှထန်းပလက်နဲ့အရွက်ကိုတစ်ခြားစီခုတ်ပြီးနေပူလှမ်းလိုက်ပါတယ်...။နေပူလှမ်းလို့ ရလာတဲ့အရွက်တွေကိုတော့ ပိပြားနေစေဖို့ သစ်တုန်း (သို့) ကျောက်ခဲ နဲ့ ဖိထားထားပါတယ်...။ နွေပေါက်လို့ လေရူးတိုက်တဲ့အချိန်ရောက်ပြီဆိုရင်တော့     တဲဆောက်ပြီး       ထန်းလက်မိုးထား          လိုက်ပါတယ်...။ ထန်းလက်မိုးထားတဲ့ အိမ် (သို့) မဟုတ်တဲ က အရမ်းအေးပါတယ်...။         အချို့သောဆိုင်များ နဲ့ ကမ်းခြေ ဒေသတွေမှာ     ထန်းလက်မိုးထားတဲ့           အရိပ်ခို လို့ရတဲ့အရာများကို    မြင်ဖူးကြမည်ထင်ပါတယ်...။ ပလက်စတစ်မိုးကာတွေ အုပ်ထားရင် အရမ်းပူတဲ့ အတွက်ကြောင့် တောဆန်ဆန်     အမြင်ဆန်းစေမည့် ထန်းရွက်မိုးထားခြင်းပါပဲ...။    တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ်ပေါ့...   အပူဒဏ်မှလည်း ကာကွယ် ၊       အမြင်
လည်းဆန်းစေဖို့ဖြစ်ပါတယ်...။ အညာမှာတော့ နေပူရင် ထန်းလက်တဲအောက်ဝင်ပြီးတစ်နေကုန်၊တစ်နေခန်း အဲအထဲမှာ နေကြပါတယ်...။ မိုးရွာတဲ့အခါမျိုးမှာ ဆိုရင်လည်း နွားတွေကိုအဲဒီတဲထဲပဲပို့ထားလိုက်တယ်လေ...။ အညာကလူတွေကလည်း တစ်ချက်ခုတ် ၊ နှစ်ချက် ၊ သုံးချက်လောက် ပြတ်အောင် လုပ်ထားခြင်းပါ...။



ထန်းလက်ပုတီး နဲ့ ထန်းလက်ငါးရုပ်

“မန္တလေး ရွှေမြို့ရဲ့ အရှေ့ ဆီ “မျှော်မှန်းဆိုတဲ့ ရွှေစာရံကို မရောက်ဖူးရင်တောင် ၊ ရွှေစာရံ ဘုရား ပွဲတော်ကို
သိကြလိမ့်မယ်လို့ ကျွန်တော်တော့ ထင်တယ်လေ...။ ဘာလို့လဲ ဆိုတော့ မြန်မာပြည်မှာရှိတဲ့ ဆယ့်နှစ်ရာသီ ပွဲတော်ထဲကနာမည်ကြီး ပွဲတော်တစ်ခုဖြစ်နေလို့ပါပဲ...။ အဲဒီဘုရားပွဲမှာဆိုရင်လည်း        ကလေးကစားစရာ ပစ္စည်းမျိုးစုံ အရမ်းပေါပါတယ်...။ဝါး နဲ့ လုပ်တဲ့ သေနတ်တွေ ၊ ဓါးတွေ ၊ ခရုဆွဲကြိုးတွေ ၊ တောင်သူသုံး ပစ္စည်း များဖြစ်တဲ့ ဓါး ၊ တံစဉ်၊ ပေါက်ပြား၊တူရွင်း ၊ ထယ်သွား အစရှိတဲ့ သံထည်ပစ္စည်းတွေ၊ ထန်းခေါက်တောင်း ၊ နှီးတောင်းအစရှိတဲ့ တောင်းမျိုးစုံ (အရွယ်အစား ဆိုဒ်မျိုးစုံ)၊ စားစရာမုန့်သည်တွေ အရမ်းပေါများလှပါတယ်...။ အဲဒီပစ္စည်းတွေထဲကမှရွှေစာရံဘုရားပွဲတော်ပြန်လက်ဆောင်ဖြစ်တဲ့ထန်းရွက်ပုတီး၊ထန်းရွက်ငါးလေးတွေက
တော့ အင်မတန် ကိုမှပေါများပါတယ်...။ ထန်းရွက်ပုတီး နဲ့ထန်းရွက် ငါးကလည်း ကျွန်တော်တို့ အညာမှာ ပေါက်တဲ့ထန်းပင်ရဲ့အရွက်(ထန်းလက်)ကပဲလုပ်တယ်သိတာသိစေချင်လို့ဒီပို့စ်ကလေးကိုရေးသားရခြင်းဖြစ်
ပါတယ်...။ ဒီလောက်နဲ့ ပဲ အဆုံးပြီး    နိဂုံးချုပ်လိုက်ပါတယ်ဗျာ...။             အညာမှာရှိတဲ့အပင်မှန်သမျှဟာ ကျွန်တော်တို့လို      တောသူ၊ တောင်သား တွေ အတွက်       အဖိုးမဖြတ်နိုင်တဲ့                    တွင်းထွက်တ
စ်ခုဆိုတာကို သိလိုက်ရပါတယ်ခင်ဗျာ...။ ထန်းပင်ရဲ့ အသုံးဝင်ပုံ မြောက်များစွာရှိပါသေးတယ်...။အဲဒါကိုတော့ ကျွန်တော်မရေးတော့ပါဘူး ။ shwenyartharlay84.blogspot.com မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်...။ ကျွန်တော်က သူကျန်ခဲ့တဲ့ အကြောင်းအရာ အနည်းငယ်ကို ရေးသားခြင်းဖြစ်ပါသည်...။
***ဒီပို့စ်ကလေးကိုဖတ်လို့ဗဟုသုတအနည်းငယ်ရသွားမယ်ဆိုရင်အပျော်ဆုံးလူဟာကျွန်တော်ဖြစ်ပါလိမ့်မည်...။
*** သူငယ်ချင်းတို့ အတွက် ဗဟုသုတ အနည်းငယ်ရတယ် ဆိုရင် စီဘောက်မှာ အော်သွားကြပါအုံးဗျာ...။
အားလုံးကို ကျေးဇူးတင်ပါတယ်...။ သူငယ်ချင်း အားလုံး အသိကို သတိ နဲ့ ကပ်နိုင်ကြပါစေ...

ရာဇာ(ကျေးတောသားလေး)
18.2.2011



 Credit : http://villagethar2011.blogspot.co.uk/2011/02/blog-post_18.html?m=0

No comments:

Subscribe

လာလည်သူများ

free counters