♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 19, 2015

"နွေရာသီမှာ ဝမ်းအေးအောင် ဒိန်ချဉ် လုပ်စားနည်းလေးပါ"

 
အိုးလေးဒိန်ချဉ် ♡
ဒိန်ချဉ်လုပ်နည်းကိုအတော်များများသိပြီးသားဖြစ်မှာပါ။
များသောအားဖြင့်တော့နွားနို့ထဲဒိန်ချဉ်အနည်းငယ်ရောထည့်ရင်ဒိန်ချဉ်ဖြစ်ပြီပေါ့နော်။
ခုပြောပြချင်တာကထည့်စရာဒိန်ချဉ်မရှိရင်ဘယ်လိုစပြီးလုပ်ရတယ်ဆိုတာလေးပြောပြပေးပါမယ်။
 
(၁)အိုးသစ်တစ်လုံးကိုရေဆေးသန့်စင်ပြီးခြောက်အောင်ထားပါ။

(၂)ခြောက်နေသောအိုးထည်းသို့နွားနို့အနည်းငယ်(ကျိုပြီးသားအအေးသို့နွေးနွေး)စားပွဲတင်၃ဇွန်းခန့်ကို ထည့်ပြီးအဖုံးဖုံးကာနေပူတွင်နေ့တပိုင်းခန့်ထားပါ။အတွင်းပိုင်းမှနို့လေးများခဲပြီးဒိန်ချဉ်နံ့ထွက်လာလျှင် ဒိန်ချဉ်ပြုလုပ်ရန်အဆင်သင့်ဖြစ်ပါပြီ။
 
(၃)အိုးသန့်သန့်တစ်ခုတွင်ဒိန်ချဉ်ပြုလုပ်မည့်နွားနို့ကိုထည့်ပြီးဆူပွက်အောင်ဆယ်မိနစ်ခန့်တည်ပေးပါ။
 
(၄)ဆူပွက်ပြီးသောနို့ကိုကြက်သီးနွေးအနေထားထိအအေးခံထားပါ။
 
(၅)လိုအပ်သောအနွေးအနေထားရောက်ပါကဒိန်ချဉ်အလျင်အသင့်ပြု လုပ်ထားပြီးသောအိုးထည်းသို့အနည်းငယ်ထည့်ကာအောက်ခြေမှဒိန်ချဉ်ခဲလေးများကိုကြေအောင်ခြေပေးပါ။
 
(၆)ပြီးလျှင်ဒိန်ချဉ်အိုးတည်ထားမည့်နေရာတွင်ထားပြီးကျန်နွားနို့ကိုလောင်းထည့်ကာသမအောင် တချက်မွေပေးပြီးအဖုံးလုံအောင်ပိတ်ထားပါ။ အိုးကိုရွေ့ချင်းပြုချင်းမပြုရ။နို့ကွဲတတ်ပါတယ်။
 
(၇)အခန်း၏ပူနွေးသောနေရာဖြစ်ပါက၆နာရီခန့်တွင်ဒိန်ချဉ်ကိုစတင်သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ အချိန်ပိုထားပါကအချဉ်အရသာပိုပြင်းလာမှာဖြစ်ပြီးလိုအပ်သောအနေထားရပါကရေခဲသေတ္တာတွင်ပြောင်းပြီး သိမ်းဆည်းသုံးဆောင်နိုင်ပါပြီ။
**ကုန်ခါနည်းလျှင်ဒိန်ချဉ်လက်ကျန်ချန်ထားပြီးဆင့်ပွားပြုလုပ်သွားနိုင်ပါပြီ။မြေအိုးကိုအသုံးပြုခြင်းက
ပိုအဆင်ပြေပါတယ်။
 

Credit - Sofia Food Paradise 

Credit : http://taunzalat.blogspot.co.uk/2015/03/blog-post_58.html

No comments:

Subscribe

လာလည်သူများ

free counters