♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 25, 2015

" “ဟီ..ဟီ နာမည်ကလည်း ဒေါ်ဖားပြု တ်”တဲ့ ( ဟာသ)

 
ဖားပြုတ် (toad)

တစ်ခါက ရွာတစ်ရွာမှာ ဒေါ်ဖားဆိုတဲ့ မိန်းမကြီး  တစ်ယောက်ရှိပါတယ်။
ရွာတွေက နာမည်ပေးတဲ့နေရာမှာ ဖြစ်သလိုပေးတတ်ကြပါတယ်။ အထ
က်က တစ်ယောက်က ဖိုးစောဆိုရင် နောက်က လူတွေက အလိုလို ကာ
ရံတွေ နဘေတွေနဲ့ နာမည်တွေ ရသွားတတ်ကြပါတယ်။ ဖိုးစော၊ ဖိုးတော၊ ဖိုးလော တဲ့ အဲလိုမျိုးတွေလေ...။

ဒေါ်ဖားမှာလည်း အော်တိုနာမည်ရထားတဲ့ နာမည်ပါ။သူ့အစ်မကြီးကေ
ဒ်ါထား တဲ့ သူမကျ ဒေါ်ဖား ဖြစ်နေတာလေ...။    ရွာတွေမှာက တိရစ္ဆာန်
နာမည်တွေ ရှိတတ်ကြပါတယ်။ ဦးဒေါင်း၊ ဦးခွေး၊ ဦးသန်း၊ဦးကျွဲကြီး၊ ဦးဝ
က်မ ဆိုတာတွေရှိသလို၊ ဒေါ်ဝက်၊ဒေါ်သန်း၊ဒေါ်ဖား.. စတာတွေပေါ့ဗျာ.။

တစ်ရက်တော့ ဒေါ်ဖား တစ်ယောက် သူတို့အသိတွေ ရှိတဲ့  ရွာကို သွား
ပြီး အညာထည်ရောင်းတာပေါ့ဗျာ...။ အဲဒီရွာကို ရောက်တော့ တစ်ရက်
ထဲ နဲ့ပြန်မလာပဲ ညအိပ်တာပေါ့...။ အဲဒီရွာထဲက လူတွေကလည်း သူ့ရဲ့
ပစ္စည်းတွေကို ၀ယ်တာပေါ့..။ ၀ယ်တော့ နာမည်တွေလည်း ပေးရတာေ


 ပါ့...။ ပြန်မဲ့ရက်မှ ပိုက်ဆံလိုက်တောင်းတာတို့၊ သူတို့ဆီက သီးနှံပေါ်တဲ့
အချိန်ရောက်မှ သွားပြီးတောင်းရတာဆိုတော့ နာမည်စာရင်းက မမှတ်
လို့ကို မရပါဘူး...။   ရွာထဲက လူတွေကတော့ သူ့နာမည်ကို သိတာပေါ့..
။ အဲလိုပဲ လာလာဝယ်တော့   စာရင်းမှတ်ပြီ...ဒေါ်သိန်း၊ ဒေါ်ခင်ဆိုင်၊ဒေါ်
တုတ်.... အစရှိသဖြင့်ပေါ့လေ...။  နောက်ဆုံးတော့  မိန်းမကြီး တစ်ယေ
ာက် ရောက်လာတယ်တဲ့...။ အဲဒီမိန်းမကြီးကလည်း ၀ယ်တာပေါ့...၀ယ်
တော့ နာမည်ပေးရပြီပေါ့...။    သူမနာမည်က ဒေါ်ဖားပြုတ်တဲ့...။  အဲဒီေ
တာ့ ဒေါ်ဖားက ရယ်လိုက်သတဲ့...။  “ဟီ..ဟီ နာမည်ကလည်း ဒေါ်ဖားပြု
တ်”တဲ့ ။ အဲလို ရယ်တာသိတော့ အဲဒီမိန်းမကြီးက ပြန်ပြောသတဲ့...။
“ အလိုတော် မမိဖား” တဲ့..။အဲတော့မှ ဒေါ်ဖားလည်း သူနာမည်ကလည်း
ဖားဆိုတာကို သတိရသွားသတဲ့လေ...။ ဘေးနားက လူတွေကလည်း ၀ို
င်းပြီး ရယ်ကြသတဲ့ဗျာ...။ (အမှန်တော့ သူမက ကဲ့ရဲ့တဲ့ သဘောနဲ့ ရယ်
လိုက်တာပါ..)

ကိုင်း... အဖြစ်အပျက်လေးကတော့ အဲဒါလေးပါပဲ...။ လူတွေ ဆိုတာ ခ
က်တယ်နော်...။ တစ်ခါတစ်လေ ကျရင် ကိုယ့်မျက်ချေး၊ ကိုယ်မမြင်ကြ
ဘူး သူများ ပြောရမယ်ဆို ထိပ်ဆုံးကပဲ...။ ဒေါ်ဖားလိုတော့ “ဟီ..ဟီ....
ဒေါ်ဖားပြုတ်” တဲ့လို့တော့ မပြောမိကြစေနဲ့နော်...။လူတိုင်းမှာ အားနည်
းချက်၊ အားသာချက် ဆိုတာ ရှိကြစမြဲပါ...။

ဒီ စာပိုဒ်လေးထဲကနေပြီး အသိတရားလေးတွေ ရယူနိုင်ပါစေ....
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)

စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်.....

ရာဇာ(ကျေးလက်သားလေး)
 
 

No comments:

Subscribe

လာလည်သူများ

free counters