♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 28, 2015

" ချစ်သူကို ဘယ်လိုချစ်မလဲ ???


၁ – နေ့တိုင်းတွေ့နေဖို့ လိုအပ်ပါသလား ?

မလိုအပ်ပါဘူး
online မှာနေ့တိုင်း စကားပြောဖြစ်မယ်ဆိုရင်တောင်
သူကော ကိုယ်ကော အားမယ့်အချိန်နဲ့
အဆင်ပြေအောင် ကြာချိန်ကို ညှိမှဖြစ်မှာပါ
( ချစ်စ ကြင်စကိုတော့ မတားလိုပါဘူး
တစ်လလောက်ကြာရင်တော့ ညှိဖို့လိုအပ်ပါပြီ )

*****

၂ – ရည်းစားထားမှာလား !

အပျော်ရည်းစားထားတာ ဆိုရင်တော့
တချို့အရာတွေ မစမ်းသပ်သင့်တာကလွဲရင် ကျန်တာ ok ပါတယ်
တခုပဲ ရည်းစားများတာ ဖန်စီဆွဲကြိုးတွေပြောင်းဆွဲသလိုမလန်းပါဘူး
ကြာရင် သိက္ခာကျပြီး နာမည်ပျက်နိုင်ပါတယ်

*****

၃ – ချစ်သူထားမှာလား !

ချစ်သူထားတာဆိုရင်တော့ သူ့ကိုချစ်တာနဲ့သူချစ်တာကိုခံရဖို့ အချစ်တွေဖြူစင်ဖို့လိုပါတယ်
လက်ရှိအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းဖို့ ဘာမှမစွန်းထင်းဖို့လိုပါတယ်

*****

၎ – တစ်ဘဝလုံးရည်ရွယ်ပြီးထားမှာလား ?

တစ်ဘဝလုံးအတွက် ရည်ရွယ်ပြီဆိုရင်တော့
သူ့အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ရည်မှန်းချက်ကို သိဖို့လိုပါပြီ
ကိုယ့် အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ်ကိုလည်း သူ့ကိုပြောပြဖို့ လိုပါပြီ

ဒါဟာ ရိုးသားမှုတခုပါ
ဘာမှမဟုတ်တဲ့ အသေးအဖွဲ့လေးဆိုပေမဲ့ အရမ်းအရေးကြီးပါတယ်
အဓိကက မိန်းကလေးတွေပါ
ကိုယ့်အိမ်ထောင်ဖက်ဟာ အနာဂတ်မျှော်လင့်ချက်ပန်းတိုင်ရှိနေတဲ့သူမျိုးပဲဖြစ်သင့်ပါတယ် . . .

*****

၅ – ဖုန်းပြောမယ် ဆိုပါစို့

ပြည့်စုံသူတွေဆိုရင်တောင် သတိထားသင့်ပါတယ်
sometime ဆိုပြဿနာမရှိပေမဲ့
everytime ဆို ပြဿနာရှိပါတယ်
ချစ်သူတွေပဲ ဖြစ်နိုင်ရင် တစ်သက်လုံး တစက္ကန့်မလပ်ပဲ ခရာရေလွှတ်ပြောချင်တာပေါ့
အချစ်ဟ တခါတခါဘဝရဲ့ခြေထိုးမှုကိုခံရပါတယ်
ဥပမာ – ချစ်သူကို ဖုန်းပြောဖို့ အလုပ်တွေကြိုးစား ဘာမှမစားပဲငတ်ခံနေတာဟာ
အမြဲတမ်းဂုဏ်ယူစရာမဟုတ်ပါဘူး ။
သူ့ဘက် ကိုယ့်ဘက် နားလည်ပေးဖို့လိုပါတယ်

*****

၆ – ပြောင်းလဲကြည့်မလား !

ဇစ်မြစ်ဆိုတာ ပြောင်းလို့မရပါဘူး
ချစ်သူကိုချစ်လို့ ပြောင်းလဲရင်တောင် 1 % လောက်ပဲ ဖြစ်နိုင်ခြေရှိတာပါ
အစကတည်းက စရိုက်၊ဘဝ၊ရည်မှန်းချက်မတူဘူးဆို
သေချာစဉ်းစားသင့်ပါတယ်

*****

၇ – ချစ်သူကို ရစ်ကြည့်မယ်

စိတ်ဆိုးစိတ်ကောက်တာ ချစ်စရာဓလေ့ပါ
အမြဲတမ်းမဟုတ်ဘူးဆိုရင်ပေါ့
ကိုယ်က အားနေလို့ရစ်တယ်ဆိုပါစို့
သူ့ဘက်က အရေးတကြီးလုပ်စရာတခုခုရှိနေတဲ့အခါ
အမှိုက်က ပြဿဒ်ထိလောင်သွားနိုင်ပါတယ် ။

*****

၈ – ကိုယ်က ချစ်သူအတွက်လား !

ကိုယ်က ချစ်သူအတွက်မဟုတ်ပါဘူး
ကိုယ်က ကိုယ်ပါပဲ ချစ်သူကချစ်သူပါပဲ
ကမ္ဘာကျော်စုံတွဲတွေတောင်ပြတ်ဆဲကြပါတယ်
ကိုယ့်ရည်ရွယ်ချက်ကို အပျက်မခံပါနဲ့
အမြဲတမ်းဖြည်းဆည်းပေးဖို့ကြိုးစားရင်း ကိုယ်ဟာလူညံ့တစ်ယောက်မဖြစ်သွားစေပါနဲ့ ။

*****

၉ – ချစ်သူက ကိုယ့်အတွက်လား !

လုံးဝမှားပါတယ်
ဒါဟာ အတ္တပါ
အချစ်မဟုတ်ပါဘူး
နားလည်မှု မပြည့်ဝလို့ဖြစ်တာပါ

ဖြစ်နိုင်ရင် ချစ်သူလိုအပ်ချိန်မှာ လိုတာဖြည့်ဆည်းပေးနိုင်အောင်
ကိုယ်ကအမြဲတော်နေတဲ့သူတစ်ယောက် ဖြစ်ဖို့ကြိုးစားဖို့လိုပါတယ်

*****

၁၀ – တွေ့တဲ့အခါ ဘာတွေပြောမလဲ !

အချစ်အကြောင်းပြောပါ
အနမ်းတွေပေးပါ
ကျွန်တော့်ကို အကြံတခုလောက်ပေးပါဆိုရင်တော့
မိန်းကလေးတွေကိုပြောချင်ပါတယ်
တစ်ခါတွေ့တိုင်း ရာဇဝင် (သို့မဟုတ်) စိတ်ဝင်စားဖွယ်ပုံပြင်နဲ့ ဟာသဖြစ်စေ တစ်ခုခုအမြဲပြောခိုင်းပါ ။
ချစ်သူကို ပြောပြဖို့အတွက် သူစာဖတ်တာဟာ
သူနဲ့ကိုယ့်အနာဂတ်ကောင်းတခုကိုဖန်တီးဖို့ သူစိတ်အဟာရတွေဖြည့်နေသလို
ကိုယ်လည်းဗဟုသုတ ရစေတာမို့ အလွန်ကောင်းတဲ့ကိစ္စပါ ။

*****

၁၁ – ချစ်သူဖြစ်ပြီဆို ဘာတွေမဖြစ်မနေစောင့်သိရမလဲ

တခြားသူနဲ့ မရှုပ်ရပါဘူး
တခြားသူက ကိုယ့်ချစ်သူအကြောင်းမကောင်းပြောရင် နားမထောင်ရပါဘူး
မလိမ်ညာရပါဘူး
ချစ်သူနဲ့ကိုယ်ဟာ တစ်ကိုယ်တည်းလို့သဘောထားရပါမယ်
အချိန်အားတိုင်းသတိရနေဖို့လိုပါတယ်
ဘယ်သူကမေးမေး ကိုယ့်ချစ်သူနာမည်ကို အလွယ်တကူပြောနိုင်တဲ့သူဖြစ်ရပါမဟ်
ချစ်သူ့အပေါ်အရာရာရိုးသားရပါမယ် ။

*****

၁၁ – ချစ်သူဆိုတာ

ချစ်သူဆိုတာ အရမ်းအရေးပါပါတယ်
အချစ်က အရာရာမဖန်ဆင်းနိုင်ပေမဲ့
အရာရာဖန်တီးနိုင်တဲ့ စိတ်ခွန်အားပေးနိုင်ပါတယ်
မိုးထိဆွဲခေါ်သွားနိုင်သလို
ငရဲထိဆွဲချသွားနိုင်ပါတယ်

*****

နိဂုံး
—-
ချစ်သူထားတယ်ဆိုတာ ပေါ့သေးသေးကိစ္စတခုတော့မဟုတ်ပါဘူး
ကိုယ့်ဘေးက ချစ်သူဟာ
နောက်ထပ် နှစ် လေးဆယ်လောက် အတူတူနေသွားရမဲ့လူ အချိန်မရွေးဖြစ်သွားနိုင်ပါတယ်
ဒါကြောင့် စိတ်ကစားရုံသက်သက်နဲ့တော့ မထားပါနဲ့
နောက်တခုက ကိုယ်ကအပျော်ထားတာဆို အပျော်နေတဲ့သူကိုပဲရွေးပါ
ဘဝအတွက်ကြိုးစားနေသူကို သွားမကစားပါနဲ့
ကိုယ့်အပျော်ဟာ တခြားသူအနာဂတ်တခုလုံးပျက်စီးသွားစေနိုင်ပါတယ် ။
ချစ်သူထားတာနဲ့ သူ့အတွက်အချိန်တွေထိုးပေးလိုက်ရတာ မလုပ်သင့်ပါဘူး
ချစ်သူကို တကယ်ချစ်မိတယ်ဆို
ဘဝကို ပိုခိုင်မာအောင်တည်ဆောက်ဖို့ ပိုကြိုးစားသင့်တာပါ
ပိုချစ်လေ ပိုကြိုးစားလေပါပဲ
ချစ်သူနဲ့တွေ့တဲ့အခါ ချစ်တတ်ပါ
မတွေ့ရချိန်တွေမှာ သစ္စာရှိပါ သတိရပါ
တွေ့ချိန်မှာ ချစ်ပြပါ . . . ။

ချစ်သူတိုင်း နားလည်မှုအပြည့်နဲ့ ဘဝခရီးဆက်နိုင်ပါစေ . . . ။

ဖိုးသူတော် (www.phothutaw.com)
Credit: Ulay Kyi ( ကိုလင်း
Credit: http://www.phothutaw.com/2015/03/blog-post_394.html#more

No comments:

Subscribe

လာလည်သူများ

free counters