♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 28, 2015

"ဘယန် ကာရာအူလာ တောင်တန်းဒေသနှင့် ထူးဆန်းဖွယ်ကောင်းသော ဒရော့ပါကျောက်ပြားဝိုင်းများ "

တရုတ်နိုင်ငံနှင့်တိဗက်ပြည် နယ်တို့နယ်စပ်မျဉ်းပေါ်မှာတည်ရှိတဲ့ ဘယန်ကာရာအူးလာ(Bayan Kara-Ula)        ခေါ်တဲ့ တောင်တန်းဒေသ နဲ့ ဒရော့ပါကျောက်ပြားဝိုင်း တွေအကြောင်းဖြစ်ပါတယ်။

တိဗက်ဒေသဆိုတာ လျှို့ဝှက်နက်နဲမှုတွေ ဘာသာတရားကိုင်းရှိုင်းမှုတွေနဲ့ ပြည့်နှက်
နေတဲ့ဒေသတစ်ခုပါ။ ဘယန်ကာရာအူးလာ တောင်တန်းဒေသဟာ ဟိမ၀န္တာတောင်တန်း
နှင့်ဆက်စပ်နေပြီး လူသူအရောက်အပေါက်လည်း နည်းပါတယ်။
ဘယန်ကာရာအူးလာ တောင်တန်းဒေသ
ဒီဒေသမှာ ပညာရှင်များ တိတိကျကျအဖြေမထုတ်နိုင်သေးတဲ့တွေ့ရှိမှုတွေ ကို ၁၉၃၈ ခု
နှစ်မှာ စတင်တွေ့ရှိခဲ့ကြပါတယ်။ ဒီတွေ့ရှိမှုကိုတော့  ပီကင်းတက္ကသိုလ် မှ
ပရောဖတ်ဆာ ချီပုတဲ့ ကစတင် တွေ့ရှိခဲ့ပါတယ်။သူနှင့်အတူ ကျောင်းသားတစ်စုသည်
ချင်ဟိုင်း (Qinghai)ဒေသ ၊ ဘယန်ကာရာအူးလာ ခေါ်သောတောင်တန်းဒေသ ကို
လေ့လာရေးခရီးသွားခဲ့ပါသည်။ ထိုဒေသသည် တစ်ချိန်တုံးက ဒရော့ပါ နှင့် ခမ်လူမျိုး
နွယ်များ ( Dropa and Kham tribes ) များနေထိုင်ခဲ့ပါသည်။
  ၁၉၄၇ ခုနှစ်မှ ဒရော့ပါလူမျိုးများ
ထိုတောင်တန်းဒေသ သည် ထိုအချိန်ကသွားလာရခက်ခဲ ၊ လူသူအရောက်နည်းပါသည်။
ထိုသို့လေ့လာရေးခရီးစဉ်တွင် သူတို့သည် စနစ်တကျတည်ဆောက်ဖောက်ထွင်းထားသော
ကျောက်ဂူ အမြောက်အများကိုတွေ့ရှိခဲ့ကြပါသည်။ ဂူများသည် သဘာဝအတိုင်း
ဖြစ်တည်နေခြင်းမဟုတ်ဘဲ လူများက အလွန်မြင့်မားသော အပူချိန်နည်းမျိုးဖြင့် စနစ်တကျ
ဖောက်ထားခြင်းဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိခဲ့ကြပါသည်။
ကျောက်ဂူများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်တည်ရှိနေပြီး မြေအောက်ခန်း
ကဲ့သို့ အခန်းများလည်းပါရှိကြပါသည်။ အတွင်းနံရံတို့သည် လေးထောင့်စပ်စပ်
ပုံစံရှိကြပြီး တောက်ပြောင်လျက်ရှိကြသည်။ ဂူနံရံများတွင် နေထွက်ပုံနှင့် ကမ္ဘာပုံများ ၊
နက္ခတ်ကြယ်ပုံများကဲ့သို့ ရေးဆွဲထားခြင်းမျိုးများတွေ့ရပါသည်။ထူးခြားသောပုံစံနှင့်
လူပုံများကိုလည်းရေးထားခဲ့ကြပါသည်။
 
 
  ထူးဆန်းစွာတွေ့ရှိရသော ရုပ်ကြွင်းများ
ထိုဂူများထဲတွင် အရပ် ၄ ပေ ၄ လက်မသာရှိ
သော အရိုးစုများကို မြှုပ်နှံထားသော သင်္ချိုင်းများကို စီတန်းလျက်တွေ့ရသည်။
ထိုရုပ်ကြွင်းများ၏ ပုံစံမှာ သာမာန်လူများနှင့်မတူပဲ ထူးခြားနေပါသည်။ရုပ်ကြွင်းများ
သည် ပုံမှန်မဟုတ်သော ကြီးမားသော ဦးခေါင်းများနှင့် သေးငယ်ပုညှက်သော ခန္ဓာ
ကိုယ်များဖြင့် ဖွဲ့စည်းထားကြပါသည်။ ထိုကဲ့သို့ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းမှု
မျိုးရှိသော ရုပ်ကြွင်းအများအပြားသည် မည်သည့်သတ္တ၀ါများနည်း။ လူနှင့်တူသော
လူဝံများဖြစ်လျှင် မည်သည့်အတွက်ကြောင့် စနစ်တကျ မြှုပ်နှံထားကြပါသနည်း။
ပရော်ဖတ်ဆာချီပုတဲ့ကတော့ ဂူများကို မြင့်မားသောနည်းပညာဖြင့်ထွင်းဖောက်နိုင်
သည့် ထူးခြားသော လူသားကဲ့သို့သတ္တ၀ါ များ၏ ရုပ်ကြွင်းများဟုသတ်မှတ်ခဲ့ပါသည်။
ထိုအယူအဆသည် ထိုဒေသ၏ ဒဏ္ဍာရီလာအယူအဆများ နှင့်လည်းတိုက်ဆိုင်နေပါ
သည်။လွန်ခဲ့သောနှစ်ပေါင်းများစွာက ထိုဒေသသို့ သေးငယ်သောခန္ဓာကိုယ်နှင့် အ၀ါ
ရောင်မျက်နှာရှိသော ထူးဆန်းသည့်သူများသည် ကောင်းကင်ပေါ်မှရောက်ရှိလာကြပါ
သည်။သူတို့၏ဦးခေါင်းများမှာ ကြီးမားကြပြီး ပုံပန်းမကျသော ခန္ဓာကိုယ်ကြောင့်
ဌာနေလူများက ရွံ့ရှာကြောက်ရွံကာ အပေါင်းအသင်းမလုပ်ကြပဲ ရှောင်ကွင်းကြပါသည်။
နောက်ပိုင်းတွင် ထိုလူစုအား လျှင်မြန်သောမြင်းများကို စီးထားသော လူတစ်စုက
လိုက်လံတိုက်ထုတ် ပစ်ကြသည်ဟု ဒဏ္ဍာရီပုံပြင်များတွင်တွေ့ရပါသည်။
ထိုပုံပြင်များနှင့် ယခုတွေ့ရှိရသော ရုပ်ကြွင်းများနှင့် တူညီနေကြခြင်းသည်လည်း
စဉ်းစားစရာဖြစ်လာပါသည်။ထိုပုံပြင်ထဲကအတိုင်းဆိုလျှင် ထိုပုံသဏ္ဍန်ထူးခြားသော
ရုပ်ကြွင်းများသည် ကောင်းကင်မှရောက်ရှိလာသော တခြားဂြိုလ်မှ ဂြိုလ်သားများလော။
ထိုရုပ်ကြွင်းများနှင့်အတူ ထပ်မံပြီး အသိရခက်ကာ ပဟေဠိဆန်သောတွေ့ရှိမှုများကို
ထပ်မံတွေ့ရှိခဲ့ကြပါသည်။
 
 ဒရော့ပါကျောက်ပြားဝိုင်းများ
သတ်တမ်းတွက်ချက်မှုနည်းပညာအရ ထိုကျောက်ပြားများ၏ သက်တမ်းသည်
နှစ်ပေါင်း ၁၀၀၀၀ မှ ၂၀၀၀၀ ခန့်ကြာမြင့်ပြီဟုဆိုကြပါသည်။ထိုပုံစံထူးခြားသော
သူများသည် မည်သည့်အတွက်ကြောင့် ထိုကျောက်ပြားဝိုင်းအမြောက်အများကို
ပြုလုပ်ခဲ့ကြပါသနည်း။တရုတ်အာဏာပိုင်များသည် ထိုအဖြစ်အပျက်များကို
ထိမ်းချုပ်ဖြောက်ဖျက်ထားကာ လူသိမခံခဲ့ကြပါ။ သို့သော် ထိုကျောက်ပြားဝိုင်း
များကိစ္စသည် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြန်လည်ပေါ်ပေါက်လာကာ
သိပ္ပံပညာရှင်များစွာက စမ်းသပ်စစ်ဆေးခဲ့ကြပါသည်။တွေ့ရှိချက်များစွာတွေ့ရှိခဲ့
ကြသော်လည်း တိကျသော အချက်များကိုတော့ ရှာဖွေမတွေ့ရှိခဲ့ကြပါ။
တွေ့ရှိချက်များစွာမှ ရုရှသိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များသည် …
ထိုကျောက်ပြားဝိုင်းများသည် ကျောက်သားများဖြင့်သာဖွဲ့စည်းထားခြင်းမျိုး
မဟုတ်ဘဲ ကိုဘော့နှင့် အခြားသတ္တုအမြောက်အများ ရောနှောပါဝင်နေပါသည်။
ထို့ပြင် ထိုကျောက်ပြားဝိုင်းများကို ပြင်းထန်စွာလည်ပတ်စေသော စက်ပေါ်တင်ထား
ပါက ကျောက်ပြားဝိုင်းမှ ( hum )ဟူသောအသံတစ်ခုထွက်ပေါ်လာကာ လျှပ်စစ်
ဓာတ်တစ်ခု ဖြတ်သန်းစီးဆင်းသွား တာလေ့လာတွေ့ရှိခဲ့ကြပါသည်။
အခြားသောပညာရှင် အသီးသီး၏တွေ့ရှိချက်များစွာတွေ့ရှိခဲ့ကြသော်လည်း
ထိုကျောက်ပြားဝိုင်းများ၏ အသုံးပြုပုံရည်ရွယ်ချက် များကိုတော့ မတွေ့ရသေးပါ။
ထိုကျောက်ပြားဝိုင်းများကို မည်သူများက မည်သည့်ရည်ရွယ်ျက်ဖြင့် တိကျသေချာသော
ပုံစံများရအောင် ပြုလုပ်ခဲ့ကြပါသနည်း။
ထို့ကြောင့် ဘရန်ကာရာအူးလ တောင်တန်းပေါ်မှ ကျောက်ဂူများ ၊ ပုံစံထူးခြားပြီး
ဂြိုလ်သားများနှင့် ဆင်တူသော စနစ်တကျမြှုပ်နှံထားကြသည့် ရုပ်ကြွင်းများ ၊
ထိုကျောက်ဂူများထဲမှ ရှာဖွေတွေ့ရှိခဲ့ကြသော စနစ်တကျပြုလုပ်ထားကြသော
ဒရော့ပါ ကျောက်ပြားဝိုင်းများ သည် ယနေ့ခေတ် ပညာရှင်တို့ အဖြေမှန်စွာ
မထုတ်နိုင်ကြသေးသော ပဟေဠိများအဖြစ် ဆက်လက်တည်ရှိနေကြပါသည်။
 
 
 
 
 
 
 
 
 
 
                            ဘယန်ကာရာအူးလာ တောင်တန်း တည်ရှိရာမြေပုံ
 
credit -  http://naykhayan.blogspot.com/2013/11/blog-post_18.html#.VGWvtWfN
 

No comments:

Subscribe

လာလည်သူများ

free counters