♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 27, 2015

"ကမ္ဘာ့အကြီးဆုံး သဘာဝ ပုလဲလုံးကြီး "

pearl-of-allah, Pearl of lao. Pearl of lao tse 
Pearl of Allah ခေါ် Pearl of Lao Tzu ကို ၁၉၃၄ခုနှစ် မေလ ၇ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ Palawanကျွန်း ပင်လယ်အနီးနားမှာ တွေ့ရှိခဲ့တယ်။ အဲဒီတုန်းက ကလေးတစ်သိုက်ဟာ ပင်လယ်ရေအောက်မှာ ရေသတ္တဝါတွေကို ရှာဖွေနေခဲ့တယ်။ ကလေးတွေကမ်းပေါ်ပြန်တက်ချိန် တစ်ယောက်လျော့နေခဲ့လို့ လူတွေဟာ ကလေးကို ရေအောက်မှာလိုက်လံရှာဖွေခဲ့ကြတယ်။ ကလေးငယ်ကိုရှာတွေ့မိချိန် ကလေးငယ်ဟာ Tridacninaeလို့ခေါ်တဲ့ ကမာကြီးတစ်ကောင်ကြားမှာ ခြေထောက်ညှပ်ပြီး သေဆုံးနေခဲ့ပါပြီ။ လူတွေက ကြီးမားတဲ့ကမာကောင်ကို ကမ်းပေါ်ဆွဲတင်ခဲ့ကြတယ်။ ကမ်းပေါ်ရောက်ချိန် ကမာကောင်ထဲမှာ အရှည် ၂၄ဝmm၊ အကျယ် ၁၃၉mm၊ အလေးချိန် ၆.၄Kg ရှိတဲ့ ဧရာမပုလဲကြီးကို တွေ့ခဲ့ကြတယ်။ ဒါဟာ ကမ္ဘာပေါ်မှာအကြီးဆုံး သဘာဝရေငန်ပုလဲဖြစ်ပါတယ်။

၁၉၃၉ခုနှစ်မှာ အမေရိကန်ဆရာဝန်တစ်ဦးဖြစ်တဲ့ Wilburn Cobb က ဒီပုလဲပိုင်ရှင်(ရွာအကြီးအကဲ)ရဲ့သားကို ကုသကယ်တင်ပေးခဲ့လို့ အကြီးအကဲက ဆရာဝန်ကိုကျေးဇူးတင်သောအားဖြင့် ဒီပုလဲကို လက်ဆောင်ပေးလိုက်ပါတယ်။ အဲဒီတုန်းက ဒီပုလဲရဲ့တန်ဖိုးက ဒေါ်လာ သိန်း၎ဝကျော်ဖြစ်တယ်။ အခုအချိန်မှာ အဲဒီပုလဲကို ဆန်ဖရန်စစ္စကိုဘဏ်ရဲ့မီးခံတိုက်ထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
 
 
 
မုတ်ကောင်ခွံကြီးနှင့် ပုလဲကြီး....
 
 
 
 
 
PANGLIMA Pisi, the Mohammedan chief 
who first owned the pearl. He saw in its 
shape a resemblance to Mohammed and 
out of religious veneration refused to sell it.
ပုလဲကြီး၏ မူလပိုင်ရှင် အကြီးအကဲ
 
 
THE SON AND HEIR of the Mohammedan chief
surrounded by attendants. When author Cobb cured 
the boy of malaria, the chief pressed upon him the 
sacred pearl as reward.  ရွာသူကြီး၏ သား...
 
http://en.wikipedia.org/wiki/Pearl_of_Lao_Tzu
 နိုင်းစနေ
 

No comments:

Subscribe

လာလည်သူများ

free counters