♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 25, 2015

" ဆေးလိပ်ဖြတ်ရမှာ ခက်နေပါသလား...မပူပါနှင့် သိပ်လွယ်တဲ့ နည်းနှစ်မျိုးပေးပါ့မယ်"

ရောသမ ချစ်မိတ်ဆွေများခင်ဗျား......ဒီနေ့တော့ နည်းထူးနည်းဆန်းလေးတွေရှိတာနှင့် အသုံးဝင်မယ်လို့ ထင်တဲ့အတွက် မျှဝေပေးလိုက်ပါရစေ.....ဆေးလိပ်ဖြတ်ဖို့ခဲယဉ်းနေကြသူတွေအတွက်ပါ.....ဆေးလိပ်ဆိုတာ ဖြတ်
တောက်ဖို့အတွက် အလွန်ခက်တဲ့ကိစ္စပါ....ဘယ်သူမှ တော်ရုံတန်ရုံဖြတ်တော့နိုင်ကြခြင်းမရှိပါဘူး....ဆေးလိပ်ဖြတ်
နည်းကို မသိတဲ့အတွက် လူတွေဟာ တော်တော့်ကို အခက်အခဲနှင့်ရင်ဆိုင်ကြရပါတယ်...ဆေးလိပ် ဖြတ်နည်းသိတဲ့လူဆိုရင်လည်း သူ့နည်းသူ့ဟန်နှင့် ဖြတ်ကြတာပါဘဲ....ဒီနေ့ ဆေးလိပ်ကို ကောင်းမွန်စွာ လျှင်လျှင်မြန်မြန်နှင့်
အခက်အခဲမရှိဘဲ ဖြတ်တောက်နိုင်ဖို့အတွက် နည်းနှစ်နည်းရှာတွေ့ထားပါတယ်.....
အဲဒီနည်း နှစ်မျိုးကို အောက်မှာ ဆက်လက်ကြည့်ရှုပြီး လုပ်ဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်.....



ရောသမချစ်ဆွေတို့ရေ.....
ပထမ နည်းကတော့... ဒါးနှင့် ဆေးလိပ်ကို ကိုယ်လိုသလောက်ဖြတ်ပါ...ညီညီညာညာလေး မကျိုးမပဲ့ဘဲ ဖြတ်တောက်နိုင်ပါလိမ့်မယ်...
 
ဆေးပြင်းလိပ် ဖြတ်သည့် ညှပ်ဒါး

ဒုတိယ နည်းကတော့ ဆေးလိပ်ကို ကတ်ကြေးနှင့် ကိုယ်လိုသလောက်ဖြတ်တောက်ပါ...ညီ
ညီညာညာလေး အနားစတွေမဖွာထွက်ဘဲ လှလှလေး ဖြတ်တောက်နိုင်ပါလိမ့်မယ်.....

 
ဆေးပြင်းလိပ်ကို ကတ်ကြေးနှင့်ဖြတ်နေပုံ
ကဲ..ချစ်ဆွေတို့ရေ...ဆေးလိပ်စွဲနေတာကို ဖြတ်ဖို့ပြောတာမဟုတ်ဘူးနော်....ဆေးလိပ်ကို ဖြတ်
တောက်ဖို့ပြောနေတာပါ..ဟိဟိ..... အားလုံးပျော်ရွှင်စွာ ရယ်မောနိုင်ကြပါစေ.... ချိတ်ချိုးနှင့်နော် ချစ်ယို့စတာပါ..ခ်ခ်ခ်...
(ရောရောသမမွှေ အတည်ပေါက် ဟာသများ)

No comments:

Subscribe

လာလည်သူများ

free counters