♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 25, 2015

"နွေရာသီမှာ ရေခဲသုပ် (Ice Kacang) လုပ်စားကြမယ်ကွယ် " ( wutyee food house)

Ice_Kacang11

ပူနွေးတဲ့ ရာသီမှာ အချိုပွဲအဖြစ် သုံးဆောင်နိုင်ဖို့ Ice kacang လို့ခေါ်တဲ့ ရေခဲသုပ်ပါ။ အဓိက ရေခဲခြစ်ပေါ်က မုန့်လက်ဆောင်းဖတ်၊ red bean၊ ပြောင်းဖူးခရင်းမ်၊ ယို၊ ကျောက်ကျော၊ မြေပဲ၊ သာကူ တို့နှင့် တွဲဖက်သုံးဆောင်ရတာပါ။ အပေါ်က နွားနို့(သို့) အုန်းနို့ ဆမ်းပြီလည်း သုံးဆောင်ကြပါတယ်။ လုပ်ရလည်း လွယ်တာမို့ ခုပဲ တူတူလုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ
  • ရေခဲခြစ်(သို့)ခြေထားသော ရေခဲ – ၂ခွက်
  • နွားနို့(သို့)အုန်းနို့ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပြောင်းဖူး ခရင်မ်စည်သွပ် – စားပွဲတင်ဇွန်း ၂ဇွန်း

  • Red bean (သို့) black bean – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကျောက်ကျော – ၁ဘူး (အတုံးသေးများ တုံးထားပါ)
  • မုန့်လက်ဆောင်းဖတ် – ၁ခွက်
  • သာကူစေ့ – ခွက် ၁ခွက်
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက်ထောင်းထားပေးပါ)
  • နို့စိမ်း (သို့) နို့ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ဖရုံယို – စားပွဲတင်ဇွန်း၂ဇွန်း (အတုံးသေးများ တုံးပါ)
  • နတ်နတ်ယို – စားပွဲတင်ဇွန်း ၁ဇွန်း (optional)
Ice_Kacang Ice_Kacang7
သကြားရည်တွင် ပါဝင်ပစ္စည်းများ
  • အနီရောင်ဆိုးဆေးအရည် – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
Ice_Kacang9

ပြင်ဆင်နည်း
၁။ အရင်ဆုံး သာကူကြိုရန် ဒယ်အိုးထဲ ရေတ၀က်ထည့်ပြီ ရေဆူလာလျှင် သာကူစေ့များထည့်ပြီ ရောမွှေပေးပါ။
၂။ သာကူကို မီးအတင့်သင့်ဖြင့် သာကူများ မကပ်သွားအောင် မွှေပေးရပါမည်။
၃။ သာကူစေ့ အလယ်အစံများ ပျောက်သွားလျှင် မီးပိတ်လိုက်ပြီ အနီရောင်ဆိုးဆေးရည်(၄စက်)ခန့် လောင်းထည့်ကာ ရောမွှေပေးပါ။

Ice_Kacang1

Ice_Kacang2

၎။ သာကူစေ့များ အနီရောင်ပြောင်းသွားလျှင် ဇကာဖြင့် ပြန်စစ်ထားပြီ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

Ice_Kacang3

၅။ ပြီနောက် သကြားရည်အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (အနီရောင်ဆိုးဆေးရည်၊ သကြား၊ ရေ)တို့ကို သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။

Ice_Kacang8

ရေခဲသုပ် ပြုလုပ်နည်း
၁။ အရင်ဆုံး ရေခဲခြစ်(သို့)ခြေထားသော ရေခဲများကို ပန်းကန်ထဲ ထည့်လိုက်ပါ။

Ice_Kacang10

၂။ ပြီမှ ရေခဲပေါ်သို့ နွားနို့၊ သကြားရည်၊ နို့စိမ်း(သို့)နို့ဆီ ဆမ်းပေးပါ။
၃။ ပြီနောက် အပေါ်မှ မုန့်လက်ဆောင်ဖတ်၊ ကျောက်ကျော၊ ပြောင်းဖူးခရင်မ၊ အနီရောင်ပဲ၊ သာကူ၊ ဖရုံယို နှင့် မြေပဲ၊ နတ်နတ်ယိုများ တင်ပေးပါ။
၎။ အရသာရှိသော ရေခဲသုပ်ကို ရေခဲမုန့်အပေါ်မှ တင်ပြီလည်း တွဲဖက်သုံးဆောင်နိုင်ပါပြီ..

Ice_Kacang11

Credit : http://www.wutyeefoodhouse.com/?p=9730#more-9730

No comments:

Subscribe

လာလည်သူများ

free counters