(၂) ငါ သိမှတ်စရာ၊ သင်ကြားစရာ အားလုံးကို ငါ သိမှတ် သင်ကြားပြီးပြီဟု သင့်ကိုယ်သင် မထင်မှတ် သေးလျှင် သင် မအိုသေးပါ။
(၃) “ဒီလိုအလုပ်မျိုး လုပ်ရန်အတွက်တော့ ငါက အိုလွန်းနေပါပြီး” ဟု သင်မပြောဆိုမိသေးလျှင် သင် မအိုသေးပါ။
(၄) “နက်ဖြန်အတွက် မျှော်လင့်ချက် မရှိတော့ပါဘူး” ဟု သင် မထင်မြင်သေးပါလျှင် သင်မအိုသေးပါ။
(၅)
လူငယ်များ၏ ပျော်ရွှင်မြူးတူးကြခြင်းမှာ သင် အရသာမခံတက်ခြင်းနှင့် စကြ၊
ပြောင်ကြခြင်းကို သင် နားကြားပြင်းကတ်ခြင်း၊ မြင်ပြင်းကတ်ခြင်းများ
မရှိသေးလျှင် သင် မအိုသေးပါ။
(၆) သူတစ်ပါးက ပြောပြခြင်းကို နားထောင်ရန်ထက် မိမိကသာ စကားပြောလိုစိတ် မထားရှိသေးလျှင် သင် မအိုသေးပါ။
(၇)
သင် ငယ်စဉ်တုန်းက အခါကောင်းခဲ့ခြင်းကိုသာ (မှန်ပါသည် ငါငယ်စဉ်က
ခေတ်ကောင်းခဲ့သည်မှာ သေချာပါသည်) တတမ်းတတနှင့် ရှိမနေပါလျှင် သင်
မအိုသေးပါ။
(၈) သင့် အိမ်နီးချင်းများ၊ မိတ်ဆွေများနှင့် မိမိလူမျိုးကို ကူညီ ရိုင်းပင်းလိုစိတ် ကုန်ခန်းခြင်း မရှိပါလျှင် သင် မအိုသေးပါ။
(၉) နက်ဖြန်အတွက် အလုပ်လုပ်ရန် အစီအစဉ်များ ငါ့မှာ မရှိတော့ပါဟု သင်ပြောဆိုခြင်း မပြုသေးပါလျှင် သင် မအိုသေးပါ။
(၁၀)
ပြသ၁နာရပ်များအတွက် စကားအချေအတင်ပြောဆိုရာတွင် မှန်ကန်မှုထက်
မိမိအနိုင်ရရှိရေးကိုသာ သင်ရှေးရှုခြင်း မရှိပါလျှင် သင် မအိုသေးပါ။
မှတ်ချက်။
။ အသက်အရွယ်လေးက ရလာတော့ ဘာရယ်မဟုတ် တစ်ခါတစ်လေတော့လည်း သေရမယ့်ရက်ကို
အသေအချာတွက်ကြည့်ပြီး အားငယ်လာသလိုပဲ။ သေမှာကြောက်တာတော့ မဟုတ်ပါဘူး။
ဒါပေမယ့် အိုခြင်း၊ နာခြင်းဆိုတာ မရှိရင် သိပ်ကောင်းမှာပဲလို့တွေးမိတယ်။
ကျမလိုတွေးမိတဲ့သူတွေလည်း ရှိရင်ရှိမှာပေါ့နော်။ ကျမသာ
ဖန်ဆင်းရှင်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် အဲ့ဒီ အိုခြင်း၊ နာခြင်းဆိုတာကို
အဝေးကြီးကို မောင်းထုတ်ပြစ်မှာ သေချာတယ်။
No comments:
Post a Comment