♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 24, 2015

"ချောကလက် အစွမ်း " ချောကလက်သည် ပီယဆေး ဖြစ်ပါသလား??


             ၁။ မြောက်အမေရိက တောင်ပိုင်းရှိ ဂွါတီမာလာနိုင်ငံ၌ ထွန်းကားခဲ့ဖူးသော မာယာ (MAYAN)ယဉ်ကျေးမှုနှင့် မက္ကဆီကို၌ ထွန်းကားခဲ့ဖူးသော အက်စတက် (Aztec) ယဉ်ကျေးမှု ထွန်းကားစဉ်အချိန်ကာလများက ကိုကိုးပင်မှ သစ်စေ့များကို ငွေကြေးအဖြစ် သုံးစွဲခဲ့ကြဖူးသည်။
ကိုကိုးသစ်စေ့များကိုအပိုအလျှံရှိသောချမ်းသာကြွယ်ဝသူများကသာ ချောကလက် ဖျော်ရည်ကို
 ဖျော်သောက် နိုင်ကြသည်။ ထိုချောကလက်ဖျော်ရည်က “ဉာဏ်ပညာနှင့် စွမ်းအား”ကို ပေး
သည်ဟု ယုံကြည်ကြသည်။

               ၂။ ချောကလက်က လူ့ကိုယ်ခန္ဓာမှ သဘာဝ ဟော်မုန်းတစ်မျိုးဖြစ်သော အင်ဒေါ်ဖင်(endorphins) ထုတ်လုပ်မှုကို နှိုးဆွပေးသည်။ အဆိုပါ အင်ဒေါ်ဖင် ဟော်မုန်းက သာယာကြည်နူးမှုနှင့်ကောင်းကျိုးချမ်းသာကိုခံစားရသည့်စိတ်အာရုံတို့ကို ဖြစ်ပေါ်လာစေသည်။

          ၃။ ချောကလက်သည် ပီယဆေး ဖြစ်ပါသလား။ ချောကလက်တွင် tryptophan ဟုခေါ်သောဓါတုပစ္စည်းတစ်မျိုးပါဝင်သည်။ ဦးနှောက်က အဆိုပါ ဓါတုဗေဒပစ္စည်းကို အသုံးပြု၍ှSerotoninဟုခေါ်သော နာဗ်ကြောသို့မဟုတ် အာရုံကြောမှတစ်ဆင့်လှုံ့ဆော်သည့် ပစ္စည်းကို ထုတ်လုပ်ပေးသည်။ခန္ဓာကိုယ်ထဲတွင် serotonin မြင့်မြင့်မားမား ရှိနေပါက လူသည် ပီတိဖြစ်နေတတ်သည်။

        ၄။ ချောကလက်သည် အချစ်သွေးကြွစေသော ဆေးဝါး ဖြစ်ပါသလား။ ချောကလက်ထဲ၌
tryptophan အပြင် phenyle-thylamine ဟုခေါ်သော အာရုံကြောမှတစ်ဆင့် လှုံ့ဆော်သည့်
အခြားပစ္စည်းတစ်မျိုးလည်းပါဝင်ပါသည်။၎င်းပစ္စည်းသည်ခန္ဓာကိုယ်ထဲ၌ မြင့်မြင့်မားမားရှိနေပါက
ဆွဲဆောင်မှုဖြစ်ပေါ်လာခြင်း၊စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာခြင်း၊ ၀မ်းသာလုံး ဆို့လာခြင်း၊ စိုးရိမ်ကြောင့်ကြမှုဖြစ်ပေါ်လာခြင်းတို့ကို ခံစားရလေ့ရှိသည်။ ထို့ကြောင့် ချစ်သူများနေ့ဟု အသိအမှတ်ပြုထားသည့်စိန့်ဗယ်လင်တိုင်းနေ့(ဖေဖေါ်ဝါရီ၁၄ရက်)တွင်လူတိုင်းက ချောကလက်များကို မိမိချစ်ခင်သူများထံပေးပို့နေကြခြင်းမှာ မဆန်းလှပါချေ။

               ၅။ ချောကလက်သည် သွားများ ဆွေးမြေ့ပျက်စီးမှုကို ကာကွယ်နိုင်စွမ်းရှိသည်။ သိပ္ပံပညာရှင်များ၏ အဆိုအရ ကိုကိုးသစ်စေ့များ၏ အခွံများတွင် ချိုးကပ်နေသည့်သွားချေးများကို
တိုက်ဖျက်နိုင်သော ဗက်တီးရီးယားပိုးများကို ဆန့်ကျင်သည့် ပစ္စည်းများ ပါရှိသည်ဟု ဆိုသည်။
သို့ရာတွင် ကိုကိုးသစ်စေ့အခွံများက သွားများ၌ အခေါင်းပေါက် မဖြစ်အောင် ခုခံကာကွယ်နိုင်သည့်စွမ်းအင်မှာ ချောကလက်ထဲတွင် သကြားများပြားစွာ ပါဝင်မှုကြောင့် သွားများ ဆွေးမြည့် ပျက်စီးမှုကိုခုခံနိုင်လောက်အောင် လုံလောက်မှု မရှိပါချေ။ ထို့ကြောင့် သွားများကို ကာကွယ်သည့် ပစ္စည်းအဖြစ်ချောကလက်သည် သွားတိုက်ဆေးများ နေရာတွင် အစားထိုး ၀င်ရောက်လာနိုင်ဖွယ် မရှိပါချေ။

           ၆။ကာလီဖိုးနီးယားမှသိပ္ပံပညာရှင်ပရော်ဖက်ဆာCarlKeen နှင့်အဖွဲ့က ချောက
လက်သည် နှလုံးရောဂါများကိုခုခံတိုက်ဖျက်ရာတွင်အကူအညီရရှိနိုင်သည်ဟုဆိုကြသည်။ ချောကလက်
ထဲတွင် flavonoids ဟုခေါ်သော ဓါတုပစ္စည်း ပါဝင်သည်။ ထိုဓါတုပစ္စည်းက သွေးကို မပျစ်စေဘဲကျဲနေစေသောကြောင့် သွေးကြော၌ ပိတ်ဆို့မှုများကို ကာကွယ်နိုင်မည် ဖြစ်သည်။
                 
                   ၇။ဟားဗတ်တက္ကသိုလ်မှသုတေသန ပြုသူများကသုတေသန ပြုလုပ်ခဲ့ကြ
ပြီးနောက်တစ်လလျှင် ချောကလက် သုံးကြိမ် စားသူများသည် မစားသူများထက် အသက် တစ်နှစ် ပိုရှည်ကြမည်ဟု ဆိုသည်။ သို့ရာတွင်ချောကလက်ကိုအလွန်အကြူးစားသုံးပါကလည်း အသက်ပိုတိုမည်ဟုဆိုကြပြန်သည်။ ချောကလက်ထဲ၌များပြားစွာ ပါဝင်သော “အဆီ”များက လူကို အလွန်အကျွံဝဖြိုးလာစေပြီး နှလုံးနှင့်ဆိုင်သော ရောဂါများ ပိုဖြစ်ပွားလာနိုင်သည့် အန္တရာယ် ရှိသည်။

         ၈။ အိမ်၌ မွေးထားသော ခွေး အစရှိသည့် သတ္တ၀ါများကို ချောကလက် မကြွေးပါနှင့်
ထိုတိရစ္ဆာန်များသည်ချောကလက်ထဲတွင် ပါဝင်သော Theobromine ဆိုသည့် ဓါတုဗေဒ
ပစ္စည်းကို ခြေချက်ရာ၌ လူသားတို့လောက် မြန်ဆန်ခြင်း မရှိချေ။ Theobromine သည် ၎င်းတို့အတွက်အဆိပ်အတောက်ဖြစ်သည်။ ၎င်းတို့၏ နှလုံး၊ ကျောက်ကပ်နှင့် ဗဟိုအာရုံကြောစနစ်ကိုထိခိုက်စေပြီး သေစေနိုင်သည်။

Credit : http://nyansangabar.blogspot.co.uk/2013/09/blog-post_8821.html

No comments:

Subscribe

လာလည်သူများ

free counters