♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 24, 2015

" နွေရာသီမှာ စားသင့်တဲ့ သစ်သီးဝလံများ "


နွေရာသီမှာ ဝမ်းထဲကို အေးစေသော သစ်သီးများ စားပေးခြင်း အားဖြင့် ရောဂါမဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် သစ်သီးများ စားသည့် အတွက်အသားအရေ ခြောက်သွေ့ခြင်း ကိုလည်း ကာကွယ်ပေးနိုင်တဲ့ အပြင် ဝမ်းချုပ်ခြင်း လည်ချောင်းနာခြင်း အပှုကြောင့် ဖြစ်တဲ့ ရောဂါတွေကိုတောင် ကာကွယ်နိုင် ပါလိမ့်မယ်။ စားသင့်တဲ့
အသီးတွေကတော့ -

(၁) ဖရဲသီး

ဖရဲသီးဟာ ရေဓာတ်များစွာ ပါဝင်သည့်အတွက် နွေရာသီမှာ အထူးပင် မှီဝဲသင့်ပါတယ်။ ဒါ့အပြင် အရေပြားခြောက်သွေ့ခြင်း အတွက် ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကိုလည်း
ကာကွယ်ပေးနိုင်ပါတယ်။

(၂) သင်္ဘောသီး


သင်္ဘောသီးဟာလည်း နွေရာသီတွင် မှီဝဲပေးသင့်သော အသီးတစ်မျိုး ဖြစ်ပါတယ်။ နေ့တိုင်းစာပေးမယ် ဆိုရင် ဝမ်းမှန်စေပြီး ကင်ဆာရောဂါ အတွက်ပင် အထူးပင် ကောင်းမွန်စေပါတယ်။

(၃) စတော်ဘယ်ရီသီး


စတော်ဘယ်ရီသီးကို စားပေးမယ်ဆိုရင် အသည်းရောဂါနှင့် မပူကြောင့် ဖြစ်စေမယ့်ရောဂါတွေကို အထူးပင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက် ခွန်အားကို ဖြစ်စေတာကြောင့် နေ့တိုင်းမှီဝဲပေးစေ လိုပါတယ်။

(၃) ကီဝီ


ကီဝီသီဟာလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပေးစွမ်းပြီးနွေရာသီမှာ မှီဝဲပေးသင့် တဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။

(၅) ခရမ်းချဉ်သီး


ခရမ်းချဉ်းသီးကို သုပ်စားမယ်ဆိုရင် ဝမ်းတွင်းကို အေးစေပြီး အသားအရေ အတွက်လည်း ကောင်းမွန် လို့နွေရာသီမှာ မှီဝဲပေးစေလိုပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Credit : http://lwanmapyay.blogspot.co.uk/2014/05/blog-post_931.html?m=0

No comments:

Subscribe

လာလည်သူများ

free counters