အစွယ်ပြူးပြီး သူ၏ မျက်လုံးနီနီ များဖြင့် စူးရဲ မုန်းတီးစွာ ကျွန်တော့်ကို စိုက် ကြည့်နေလေသည်။
ခြင်ထောင်ကို နေရာအနှံ့ လှည့်၍ ဖျာအောက်ထိုးပြီး သေချာဖိကာ ကာထားရ၏။
မြွေသည် ကျွန်တော့် ခြင်ထောင်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားအားထုတ်နေသော ကြောင့်ဖြစ်သည်။
အချိန် အနည်းငယ်ကြာလာသောအခါ တစ်ကောင် မဟုတ် နှစ်ကောင်ဖြစ်လာသည် ။
အထီးအမ ဖြစ်ဟန်တူ၏။
ကျွန်တော့်အား ရန်လိုသော မြွေနှစ်ကောင်၏ အကြည့်များ အောက် ဇာခြင်ထောင် ခြားနေသော်လည်း အသေအချာ ကျရောက်ကာ ဒူးတုန်နေရလေပြီ။
အဖြစ်အပျက်၏ အစသည် ညနေ က ကြက်ဥကြော် နှင့် ထမင်းစားရာမှ စသည်ဟု ပြောရပေလိမ့်မည်။
လမ်းထိပ် ကုန်စုံဆိုင်မှ ဗမာကြက်ဥ နှစ်လုံး ၀ယ်ပြီး ကြော်စားပြီး မကြာ ထိုမြွေ ရောက်ရှိလာခြင်းဖြစ်သည်။
မြွေသည် ငန်းမြွေ ဖြစ်သည်။
ကျွန်တော် ကြော်စားသော ကြက်ဥ နှစ်လုံး သည် ဗမာကြက်ဥ မဟုတ် ထိုမြွေ တို့ ၏ ဥဖြစ်ချေလိမ့်မည်။
အဖြစ်သည် ကြက်ဥနှင့်မြွေဥ မှား၍ ကြော်စားမိ ခြင်း ပေတကား။
မြွေဥကို ဗမာကြက်ဥ ဟု မှားယွင်းရောင်းချသော ကုန်စုံဆိုင် ၏ အမှားလား။
စားမိသော ကျွန်တော်၏ အမှားလား။
မြွေ တစ်ကောင် သည် ခြင်ထောင် ကြိုးပေါ်၍ တွဲလျောင်းချပြီး ခြင်ထောင်ကြိုးကို ကိုက်ဖြတ်နေချေပြီ ။
မြွေ သတ္တဝါ တို့ ထိုမျှ ဥာဏ်ကောင်းလိမ့်မည် ဟု မထင်မိခဲ့။
ညသည် တိတ်ဆိတ်သထက် တိတ်ဆိတ်လာ၏ ၊
ခြင်ထောင်ကြိုးကို အသေအချာ ကိုက်ဖြတ်နေသော မြွေအသံသည် သွေးပျက်ဖွယ်ရာတည်း။
နောက်မြွေ တစ်ကောင်ပျောက်နေသည်။
ဘယ်ရောက်နေ သနည်း။
ခြင်ထောင်ကို လှန်ပြီး အပြင်သို့ ထွက်ပြေးရန် ကြံစည်နေသော ကျွန်တော့်အကြံကို သိလို့များ အခန်းတံခါးဝ မှာ
ပုန်းကွယ် စောင့်နေခြင်းလား။
ခြင်ထောင်ထဲရှိ ကျွန်တော့်တွင် လက်နက်မရှိ၊လက်နက်သဖွယ် အသုံးပြုရန် အမာခံ ပစ္စည်း ဓာတ်မီး ပင်မရှိ။
ခေါင်းအုံးတစ်လုံး ၊စောင်တစ်ထည် သည်သာ ရှိ၏။
ဖက်ခေါင်းအုံးသည် ခြင်ထောင်အပြင်သို့ ရောက်ရှိနေလေသည်။
ဖတ်ဖူး မှတ်ဖူး တွေးရလျှင် ကျွန်တော့်ရဲ့ ကိုယ်ချွေးနံ့အား မြွေသည် အသေမှတ်ထားပြီ ဖြစ်သည်။
အင်္ကျီအား ချွတ်ပြီး ခေါင်းအုံးကို စွပ်ကာ ခြင်ထောင်အပြင်သို့ ပြစ်ကြည့်သည်။
ခြင်ထောင်အား မ ပြီး အကျီင်္ီစွပ်ထားသောခေါင်းအုံးအား အပြင်သို့ ထုတ်ပြီးပြီးပင် မြွေတစ်ကောင်သည် ဘုတ်ခနဲ ဆိုသလို ခေါင်းအုံးပေါ် ပြုတ်ကျလာလေသည်။
ခြင်ထောင်ကို ဖျာအောက်သို့ အမြန်
ထိုးသွင်းကာ ဖိထားလိုက်ရလေသည်။
သိပြီ၊စောစောက ပျောက်နေသည်ဟု ထင်သော မြွေသည် ခေါင်မိုးပေါ် တက်ကာ ကျွန်တော် ခြင်ထောင်ထဲမှ ထွက်အလာ အပေါ်မှ ဖြုတ်ချ ကိုက်ခဲရန် ချောင်းမြောင်းနေခြင်း ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ခေါင်းအုံး အပြင်ရောက်ရောက်ခြင်း ခေါင်းအုံးပေါ် ဖြုတ်ချခြင်း ဖြစ်သည်။
အခက်အခဲကား ဖြေရှင်းရန် ဖြစ်သည်။
စိတ်ညစ်ရန်မဟုတ် ၊ကြောက်ရွံရန် မဟုတ်။
ရင်ဆိုင်ရန်ဖြစ်သည်။
အသက်ဘေး ရင်ဆိုင်နေရခြင်းထက် ကြီးမားသော ကိစ္စမရှိတော့ပါ။
ဇောချွေးတို့ပင် ကျရောက်လာချေပြီ။
အကူအညီမဲ့ မြွေနှစ်ကောင်၏ ကလဲ့စားအောက် ကျရောက်ကာ အသက်ပျောက် သေဆုံးရတော့မည်ဖြစ်သည်။
တိရိစ္ဆာန်ဖြစ်သော မြွေတွေထက် ငါသည် ပို ဦးနှောက်ရှိသောလူသားမျိုးနွယ်ဖြစ်သည် ငါရအောင် ရင်ဆိုင်မည်ဟု စိတ်ကို တင်းကာ မိမိကိုယ်ကို အားပေးနေရ၏။
နောက်ဆုံးအကြံအစည်ကား မိမိကို ကလဲ့စားချေ သတ်ရန်ကြံစည်သော ထိုမြွေနှစ်ကောင်ကို ပြန် သတ်ရန်ဖြစ်သည်။
သတ်ရန် လက်နက်လုပ်ရမည် ဖြစ်သည်။
စောင်ကို အားကုန်ဖြဲ၍ ပြဲသွားသောအခါ စောင်အပြဲစ နှစ်ခု ဖြစ်အောင်လုပ်၍ ထိုနှစ်ခုအား ကျစ်နေအောင် လိမ်ကာ ကျစ်ဆံထိုး
ထိုး၍ လက်နက် အဖြစ်
အသုံးပြုရန် အကြံအစည် ရလေ၏။
ခြင်ထောင်အပြင်တွင် မြွေသည် ခေါင်းအုံး နှင့် အင်္ကျီအား ကိုက်ဖြတ်ကာ ဒေါသပုန်ထ တွန့်လိမ် ရစ်ပတ် နေပေသည်။
နောက်တစ်ကောင်သည် ခြင်ထောင်ကြိုးအား ဖြတ်တောက်ကာ ခြင်ထောင်အတွင်းရှိ ကျွန်တော့်အား ကိုက်သတ်ရန် အကြံအစည်ကို လုံးဝ လက်မလျော့သေးပေ။
ကျွန်တော့်တွင် စောင်ကို ကျစ်ပြီး ကြိမ်ကြိုးသဖွယ် လက်နက်တော့ ရှိပြီ။ မြွေကို သတ်ရန် နည်းလမ်းကို ပြန်တွေးဆ ရပေမည်။
ဘယ်လို သတ်ရမည်နည်း။
ဒီအတိုင်း ခြင်ထောင်ထဲ က ထွက်ပြီး သွားပြေးရိုက်လျှင် ကား မရနိုင်ချေ။
ချက်ကောင်းကို မထိလျှင် ကိုယ်က ၃ချက်၎ချက် ရိုက်ရမည် ဖြစ်သည် ဒါတောင် သေချင်မှ သေမည်။ သူတို့က နှစ်ကောင် ဖြစ်သည် ချက်ကောင်ရွေး ကိုက်ရန် လည်း မလို။
ကြိုက်သည့်နေရာ မမိ မိရာ နေရာကို တစ်ချက်ထဲ ကိုက်လျှင် သူတို့ကား နိုင်ချေပြီ။
မိမိမှာ သူတို့နှင့် စစ်မက်ကစား ကွက် အင်မတန် နိမ့်ပါးနေသည်။
အမှားမခံပေ။
ထို့ကြောင့် ဤ အကြံအစည်အား အလျော့ပေး လိုက်ရချေပြီ။
ကျွန်တော် ငယ်ငယ်ကတည်းက မြွေ ကြောက်သည် ၊ကြောက်သည် ဆိုသည်ထက် ရွံ ကာ အူယား မသတီ ဖြစ်ပြီး ရွံကြောက်ကြီး ကြောက်ခြင်း ဖြစ်သည်။
မြွေ တွေ့လျှင် ရှောင်သွားသည် တစ်ခါတလေ စိတ်ကူးပေါက်လျှင် အဆိပ်ရှိသော မြွေဖြစ် အဆိပ်မရှိသော မြွေဖြစ်ဖြစ် မရမက လိုက်သတ် တတ် သည်။
ကျွန်တော် သတ်ဖူးသော မြွေများ များပြားလွန်းသောကြောင့် ကျွန်တော်သတ်ဖူးသော မြွေများဟု စာအုပ်ထုတ်၍ ပင် ရလောက်ချေပြီ။
သို့သော် အခု မြွေ နှစ်ကောင်သည် ကျွန်တော်သတ်ဖူးသော မြွေများလို ကျွန်တော်က တဖတ်သတ် သတ်ဖူးသော မြွေ အာပါးပါးများ မဟုတ် ကျွန်တော့်ကို သတ်ရန် ကြံစည်နေသော မြွေစုတ် မြွေပဲ့များသာ ဖြစ်သည်။
ခြင်ထောင်ကြိုးသည် ပြတ်လုခါနီးဖြစ်လာချေပြီ ။
ခြင်ထောင်ကြိုး ဖြတ်နေသော မြွေသည် ပြတ်ခါနီးလေ ကျွန်တော့်အား သတ်ရမည် ကို ၀မ်းသာ၍ ပို၍ အားစိုက်ကာ ကိုက်ဖြတ်လေ ဖြစ်နေလေသည်။
ကြက်သီးမွှေးတို့သည် နေရာအနှံ့မှ ထကြွလာချေပြီ တကား။
ရုတ်တရက် အကြံတစ်ခု လာလေသည်။
ခြင်ထောင်ကို ကျွန်တော် ဆွဲဖွင့်လိုက်သည် ၊ခေါင်းအုံးအား လိမ်ပတ်၍ ကိုက်ခဲနေသော မြွေသည် ခြင်ထောင် ဖွင့်ထားသည့် အထဲသို့ ပြေးဝင်ရန် တာစူကာ ပါးပျဉ်း ထောင်နေချေပြီ ။
ခြင်ထောင်ကြိုး ဖြတ်နေသော မြွေသည် ရုတ်တရက် ခြင်ထောင် အောက်သို့ ဖြုတ်ချကာ ခြင်ထောင်အတွင်းသို့ ၀င်လာချေသည်။
ကျွန်တော်ချွေးပျံနေချေပြီ။
ကြောက်ရွံ့မှု့တို့သည် အကြီးမားဆုံး ဖြစ်လာကာ ခြင်ထောင်ထောင့် လေးသို့ ပြေးကပ် လိုက်သည်။
နောက်မြွေ တစ်ကောင်ပါ ခြင်ထောင်အတွင်းသို့ ၀င်လာချေပြီ ။
ရုတ်တရတ် လှုပ်ရှားမှု့တစ်ခုကို ကျွန်တော် လုပ်လိုက်သည် ခြင်ထောင်အပြင်ဘက်သို့ ပြေးထွက်ကာ မြွေဝင်လာသော ခြင်ထောင် အပေါက်ကို ခေါင်းအုံးဖြင့် ဖိ၍ ပြန်ပိတ်လိုက်ခြင်းပင်ဖြစ်သည်။
ပြီးတော့ ကျွန်တော် အရင်မြွေတွေကို လုပ်သလို .........။
ခိုင်မိုးဇာ (Tun Lin Aung)
======
အကြမ်းရေးလိုက်တာ ဗျ ။
ပြန်ဖတ်ပြီး ပြန်ချောချင်စိတ် မရှိတော့လို့ ဒီအတိုင်း ပဲ ဖတ်ပေး ။ပိုတာ လိုတာ ပြင်တာ ဆင်တာ နောက်မှ လုပ်တော့မည်။
ခိုင်မိုးဇာ
((ဖတ်ရတာ အပျင်းပြေတာနှင့် ဖေ့စ်ဘွခ်ပေါ်က မလာတာပါ ခင်ဗျာ... ))
Credit to Khaing Moe Zar
https://www.facebook.com/permalink.php?story_fbid=244958902516566&id=100010073741842
No comments:
Post a Comment