♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 24, 2016

" ပူပြင်းတဲ့နွေရာသီမှာ အပူဒဏ်ကို ဘယ်လိုကာကွယ်မလဲ "

 
မြန်မာနိုင်ငံမှာ မတ်လနဲ့ ဧပြီလတွေက အပူဆုံးလတွေ ဖြစ်ပါတယ်။ ဒီနှစ်ကလည်း မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အပူစံချိန်တင်မယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောထားပြီး မတ်လရဲ့ နောက်ဆုံးရက်တွေမှာ ခရမ်းလွန်ရောင်ခြည်တွေက ဆက်လက် မြင့်မားနေပြီး အပူချိန်တွေလည်း ဆက်လက်မြင့်တက်နေဦးမှာပါ။

အယ်နီညိုအပူလွန်ကဲတဲ့ ရာသီဥတုနှစ်ဖြစ်တာကြောင့် အပူချိန်မြင့်မားတဲ့ဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ ရေများများသောက်ပေးပါ

ပူပြင်းတဲ့ ရာသီဖြစ်တာကြောင့် လူတွေမှာ ချွေးတစ်ပြိုက်ပြိုက်နဲ့ ကိုယ်ခန္ဓာမှာ ရေဓာတ်ဆုံးရှုံးမှုတွေ ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဒီလို ပူအိုက်တဲ့ရာသီတွေမှာ ရေကို များများသောက်ပေးဖို့လိုသလို အပြင်ထွက်ပြီး လှုပ်ရှားနေရသူတွေအနေနဲ့ ဓာတ်ဆားရည်တွေကို ဆောင်ထားသင့်ပါတယ်။

၂။ အပူဒဏ်ကာကွယ်နိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ

အပြင်ထွက်တဲ့အခါ နေပူဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုပ် တို့ဆောင်းဖို့ မမေ့ပါနဲ့။ အဝတ်အထည်တွေကိုလည်း အရောင်ဖျော့တာနဲ့ ချွေးစုပ်လွယ်တဲ့ ချည်သားထည်လေးတွေ ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အသားအရေတွေကိုနေလောင်ဒဏ်ခံရလွန်းရင် အရေပြားအတွင်းမှာ တစ်ရှုးတွေကိုပျက်စီးစေပါတယ်။ နောက်ပြီး အရေပြားကင်ဆာဖြစ်စေဖို့ အခွင့်အလမ်းများစေပါတယ်။

၃။ အစားအသောက် ဂရုစိုက်ပါ

အပူရှိန် ပြင်းတာကြောင့် အစားအစာတွေဟာ အလွယ်တကူ ပုတ်သိုးလွယ်တတ်ကြပါတယ်။ သစ်သီးဝလံတွေကိုအတတ်နိုင်ဆုံးများများစားပေးသင့်ပါတယ်။ ဒါဟာ အပူရှိန်ဒဏ်ကြောင့် လူတွေရဲ့နွမ်းနယ်မှုဒဏ်ကို ကာကွယ်ပေးစေပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ရာသီပေါ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ၊ အသားငါး နဲ့ ဥတွေဟာ နွေရာသီအတွက် အသင့်တော်ဆုံး အစားအစာတွေပါ။

၎။ အရိပ်အာဝါသအောက်မှာ နေထိုင်ပါ

မြန်မာနိုင်ငံမှာ လူတန်းစားအမျိုးမျိုး နေထိုင်နေကြတာဖြစ်တာကြောင့် မိမိတို့ပတ်ဝန်းကျင်မှာ မိမိတို့တတ်နိုင်တာလေးနဲ့ အေးမြအောင် ကြိုးစားနေထိုင်ရင် အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

၅။ အနေအထိုင် ဆင်ခြင်ပါ

ပူပြင်းတဲ့ရာသီမှာ လူတွေအများကြုံရတာက ရေချိုးမှားတာပါပဲ။ ပူလွန်းတာကြောင့် အကြိမ်ကြိမ် ရေချိုးတာ
၊ နေပူထဲက ပြန်လာပြီး ရေချိုးမိခြင်း ၊ အရက်သောက်ပြီး ပန်ကာ အကြာကြီး ဖွင့်အိပ်တာတွေ၊ နေပူထဲက ပြန်လာပြီး ရေခဲရည်သောက်တာတွေက ကျန်းမာရေးကို အဆိုးရွားဆုံး ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။

ဒါကြောင့် မိမိကိုယ်ကို ဂရုစိုက်တဲ့အနေနဲ့ ရာသီနဲ့ကိုက်ညီအောင် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသောက်နေထိုင်ခြင်း၊ အားလပ်ရက်တွေမှာ ရေကူးခြင်း၊သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ပြီး ပူပြင်းတဲ့နွေရာသီကို ဖြတ်ကျော်နိုင်ပါတယ်။

Source : Yangon Life
Photo   : weatherenglish

Credit  : http://www.lwinpyin.com/2016/03/blog-post_35.html 

No comments:

Subscribe

လာလည်သူများ

free counters