♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 21, 2016

" ဆန်အတုတွေကို နေပြည်တော်မှာ စစ်ဆေးနေ "

ဆန်အတုတွေအပါအဝင် စားသောက်ကုန်တွေကို နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဓာတ်ခွဲခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆန်အတု ၁၄ မျိုးကို မန္တလေးတိုင်း FDA ရုံးခွဲက ဖေဖော်ဝါရီလလယ်က ပေးပို့ထားတာကြောင့် စစ်ဆေးမှုတွေပြုလုပ်နေ
တာဖြစ်ကြောင်း နပြည်တော် FDAမှစီမံကိန်းဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောကြားထားတယ်လို့ 7Day Daily ကဖော်ပြပါတယ်။

ဆန်အတုတွေအပြင် စားသုံးဆီ အမှတ်တံဆိပ် ၈၈ မျိုး၊ သောက်ရေ သန့် ၃၆ မျိုး၊ ကော်ဖီမစ်အမှတ် တံဆိပ် ၂၇ မျိုးကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးတဲ့ရလဒ်အရ စားသုံးဖို့ မသင့်ဘူးဆိုရင် ရောင်းချခွင့်ပိတ်ပင်ပြီး အရေးယူမှုတွေ

လည်း ပြုလုပ်မယ်လို့ သိရပါတယ်။

Source: 7Day Daily
Credit : http://www.searchmyanmar.com/link/comment/cid/57438/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters