♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 25, 2016

" ယောက်ျားနဲ့ မိန်းမကြားထဲက စဉ်းစားတွေးခေါ်ပုံ ကွဲပြားခြားနားမှု "

 
မိန်းမတွေဟာ ယောင်္ကျားတွေထက် အများကြီးရှုပ်ထွေးပြီး ယောင်္ကျားတွေက အရမ်းကို ရိုးရှင်းလွန်းတယ်လို့ ပြောကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ သင်သိပါသလား။ ဘာကြောင့်လဲဆိုရင် ယောင်္ကျားနဲ့ မိန်းမ ဦးနှောက်ချင်းကအစ မတူညီကြလို့ ဖြစ်ပါတယ်။ ပထမဆုံး ယောင်္ကျားတွေအကြောင်းကို အရင်ဆွေးနွေးချင်ပါတယ်။
ယောင်္ကျားတွေရဲ့ ဦးနှောက်က အရမ်းကို အနှိုင်းမဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ ယောင်္ကျားတွေရဲ့ ဦးနှောက်မှာ သီးခြား
အကန့်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လိင်မှုကိစ္စ၊ အားကစားပွဲ၊ ကားကိစ္စ၊ ငွေရေးကြေးရေးနဲ့ အလုပ်ကိစ္စ၊ အိမ်
ထောင်ဖက်၊ ချစ်သူအတွက်၊ ကလေးတွေအတွက် စသဖြင့် သီးခြားအကန့်လေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါ
တယ်။ ယောက္ခမအတွက်တောင်မှ သိပ်အရေးမပါတဲ့ အကန့်လေးတစ်ကန့်ကို ပေးထားတတ်ပါသေးတယ်။

ဟုတ်ပါတယ်။ အစစအရာရာ အားလုံးအတွက် သီးခြားအကန့်လေးတွေရှိပါတယ်။ ပြီးတော့ စည်းမျဉ်းတစ်ခုက အကန့်တွေ ထိတွေ့ရောနှောမသွားဖို့ပါပဲ။ ယောင်္ကျားတစ်ယောက်က အကြောင်းအရာတစ်ခုကို ပြောနေပြီးဆိုရင် သက်ဆိုင်ရာ အကန့်
ကိုပဲစဉ်းစားပါတယ်။ ပြောစရာရှိတာပြောပါတယ်။ ပြီးရင်လည်း သေချာပြန်ပိတ်ပြီး အခြားအကန့်တွေနဲ့ ရောမသွားအောင် ဂရုတစိုက်ပြန်သိမ်းထားတတ်ပါတယ်။

မိန်းမတွေရဲ့ ဦးနှောက်ကတော့ ယောင်္ကျားတွေနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ မိန်းမတွေရဲ့ ဦးနှောက်က ၀ိုင်ယာကြိုးတွေထွေးချည်ထားတဲ့ ကြိုးလုံးကြီးတစ်ခုနဲ့တူပါတယ်။ ကိစ္စအားလုံးက ဆက်သွယ်မှုရှိနေပါတယ်။ ငွေကြေးကိစ္စက ကားကိစ္စနဲ့ ဆက်နွယ်နေသလို ကားကိစ္စကိုလည်း သင့်ရဲ့အလုပ်အကိုင်နဲ့ ဆက်သွယ်ထားတတ်ပါတယ်။ အားလုံးကို ဆက်သွယ်ထားတာဖြစ်ပါတယ်။ နောက်ထပ်ဥပမာပေးရရင် မိန်းမတွေရဲ့ ဦးနှောက်က အင်တာနက်ဆက်ကြောင်းတွေနဲ့
တူညီပြီး စိတ်ခံစားမှုတွေကို စွမ်းအင်အဖြစ်အသုံးပြု လှုပ်ရှားပါတယ်။ ဒီလိုဖွဲ့စည်းမှုကြောင့်လည်း မိန်းမတွေက အရာအားလုံးကို မှတ်မိနေတာဖြစ်ပါတယ်။

အဖြစ်အပျက်တစ်ခုရှိလာပြီဆိုရင် စိတ်ခံစားမှုနဲ့ ဆက်သွယ်ပြီး မှတ်ဉာဏ်ထဲမှာ လောင်ကျွမ်းသွားစေပါတယ်။ ဒါ့ကြောင့် ထာဝရအမှတ်တရဖြစ်နေတတ်တာပါ။ အလားတူအဖြစ်အပျက်မျိုး ယောင်္ကျားတွေမှာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့တွေက ဂရုမစိုက်တတ်ပါဘူး။ မိန်းမတွေကတော့ အားလုံးကိုဂရုစိုက်တတ်ပါတယ်။

ယောင်္ကျားတွေမှာ မိန်းမတွေ သတိမထားမိတဲ့ အကန့်တစ်ခုရှိတယ်။ ဒီအကန့်ထဲမှာ ဘာဆိုဘာမှမရှိပါဘူး။ ဒီအကန့်ကို ဗလာကန့်လို့ ခေါ်ပါတယ်။ ဒီအကန့်ကိုလည်း ကျွန်တော်တို့ ယောင်္ကျားတွေက အကြိုက်ဆုံးဖြစ်ပါတယ်။ အခွင့်အရေးရတာနဲ့ ဒီအကန့်မှာပဲရှိနေတတ်ပါတယ်။ ဒါ့ကြောင့်လည်း ဘာကိုမှအရေးတယူမလုပ်ပဲ အေးဆေးဖြစ်နေတတ်တာမျိုး ယောင်္ကျား
တွေမှာ ရှိတာဖြစ်ပါတယ်။ နောက်ပြီး လေ့လာဆန်းစစ်မှုတွေအရလည်း ယောင်္ကျားတွေမှာ အသက်ရှုတာကလွဲပြီး ဘာမှမတွေး၊ ဘာမှမလုပ်ပဲ ခံစားမှု၊ လှုပ်ရှားမှု ဗလာနတ္ထိဖြစ်နေတဲ့အချိန်တွေ ရှိတယ်လို့ ဆိုပါတယ်။

မိန်းမတွေကတော့ ဒီလိုမဟုတ်ပါဘူး။ သူတို့ရဲ့ စိတ်ကဘယ်တော့မှ ငြိမ်သက်နေတာမျိုးမရှိပါဘူး။ သူတို့က ဗလာကန့်
အကြောင်းကို နားမလည်ကြပါဘူး။ ဒီလို ကွာခြားချက်ကြောင့်ပဲ ဘာမှမလုပ်ပဲ အေးဆေးဖြစ်နေတဲ့ ယောင်္ကျားတွေကို နားမလည်နိုင်ကြတာဖြစ်ပါတယ်။

No comments:

Subscribe

လာလည်သူများ

free counters