♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 22, 2016

" နယူးဇီလန်မှ ထူးထူးဆန်းဆန်း အတွင်းခံသူခိုး "

 
နယူးဇီလန်တွင် အမျိုးသား အတွင်းခံ အဝတ်အထည်များကို လိုက်လံခိုးယူသည့် ထူးထူးဆန်းဆန်း သူခိုးကို ဖော်ထုတ် သိရှိလာခဲ့သည်။ ထူးဆန်းသည် ဆိုခြင်းမှာ ယင်းသူခိုးသည် လူမဟုတ်ဘဲ ကြောင်လေးတစ်ကောင်
ဖြစ်နေသောကြောင့်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက ဟယ်လ်မီတန်မြို့တွင် အမျိုးသား အတွင်းခံဘောင်းဘီများ၊ ခြေအိတ်များ ပျောက်ဆုံးမှုများ ရှိခဲ့သည်။ ယင်းနောက်တွင်မူ အဆိုပါ ပျောက်ဆုံးမှုများ၏ လက်သည်မှာ ၆ နှစ်အရွယ်ရှိ တွန်ကင်နီဆီ
မျိုးနွယ် ကြောင်ကလေး ဘရီဂျစ် ဖြစ်နေကြောင်း ဖော်ထုတ်လာနိုင်သည်။

ကြောင်မလေး၏ ပိုင်ရှင်ဖြစ်သူ ဆာရာနေသန်က အတွင်းခံ ဘောင်းဘီ ၁၁ ထည်နှင့် ခြေအိတ် အစုံ ၅၀ တို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်လိုကြောင်း ကြေညာခဲ့သည်။ သူမက ကြောင်မလေး၏ ထူးထူးဆန်းဆန်း စွဲလမ်းမှုကိုလည်း Facebookပေါ်တွင် ရေးသား မျှဝေခဲ့သေးသည်။

“ကျွန်မတော့ ရူးချင်ချင် ဖြစ်လာပြီ။ ဒီပစ္စည်းတွေ ပျောက်နေတဲ့သူတွေများ ရှိမလား”ဟုဆိုကာ သူမက ကြောင်မလေးနှင့် ခိုးရာပါ ပစ္စည်းများ အတူတွဲရိုက်ထားသည့် ဓာတ်ပုံကို Facebookပေါ် တင်ခဲ့သည်။ အဝတ်လျှော်ရန်
ပြင်ဆင်ချိန်တွင် သူမ၏ အဝတ်ပုံထဲ၌ မမြင်ဖူးသည့် ယောက်ျားဝတ် အတွင်းခံများကို တွေ့မြင်မိရာမှ ဘရီဂျစ်၏ အကျင့်ဆိုးကို သတိပြုမိလာခြင်းဟု နေသန်က ဖွင့်ဟခဲ့သည်။

“အိမ်မှာ ဘယ်သူမှ အဲဒီဟာတွေ မဝတ်ကြဘူးလေ။ တစ်နေ့တော့ ဘရီဂျစ်က ကြောင်ပေါက်လေးတစ်ကောင် တွေ့သမျှ လျှောက်ကိုက်နေသလို အကျင့်မျိုးနဲ့ ခြေအိတ်တစ်စုံ ကိုက်ချီပြီး
အိမ်ထဲဝင်လာရော”ဟု သူမက ဆိုသည်။ ဘရီဂျစ် ဒုက္ခပေးသဖြင့် အကျပ်ရိုက်ခဲ့သူများသည် အနီးအနား ရပ်ကွက်တွင် နေထိုင်သူများ ဖြစ်နိုင်ကြောင်းလည်း နေသန်က ခန့်မှန်းခဲ့သည်။

သူမက “နယူးဇီလန်မှာတော့ အိမ်ထဲမှာ ကြောင်တွေ ခေါ်မွေးထားတာမျိုးက နည်းနည်းရှားတယ်။ ဘရီဂျစ်က ကြက်ကလေး၊ ငှက်ကလေးတွေကို အန္တရာယ်ပြုတာမျိုးတော့ မရှိပါဘူး။ အခုလိုမျိုး အတွင်းခံတွေ လျှောက်ခိုး
တာတော့ တော်တော်လေး စိတ်ရှုပ်ရတယ်။ ကျွန်မရဲ့ အိမ်နီးချင်း အများစုက သဘောကောင်းကြလို့ တော်သေးတာပေါ့။ သိပ်မကြာခင်တော့ ဘရီဂျစ်ရဲ့ အခုအကျင့်ဆိုး ပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်” ဟုလည်း
ပြောကြားသွားသည်။

Ref: BBC

7day daily

Credit : http://www.searchmyanmar.com/link/comment/cid/57464/domain/7daydaily.com

No comments:

Subscribe

လာလည်သူများ

free counters