♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 23, 2016

" ကြာကြာထိုင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ "

 
၁ - အကြာကြီးထိုင်ခြင်းဟာ အစာခြေဖျက်မှုကို နှေးကွေးစေပါတယ်။ စားပြီးပြီးချင်းထိုင်တာကြောင့်လည်း အစာခြေဖျက်မှု စနစ်ဟာ ပိုမိုနှေးကွေးသွားပါတယ်။
၂ - လည်ပင်း၊ ကြောရိုးနဲ့ ပခုံးတွေကို နာကျင်စေပါတယ်။ အချိန်ကြာကြာထိုင်လေ ခန္ဓာကိုယ်ပုံစံဟာ ညွတ်ကျသွားလေဖြစ်ပြီး ပုံသဏ္ဌာန်ပျက်သွားပါတယ်။
၃ - အထိုင်များခြင်းဟာ သွေးလည်ပတ်မှု အားနည်းခြင်း၊ အရိုးတွေအားနည်းခြင်းနဲ့ စတဲ့ပြဿနာတွေကို ဖြစ်စေပါတယ်။
၎ - ကြွက်သားတွေ အားနည်းလာပါတယ်။ လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကြွက်သားတွေ မာကြောခြင်းမရှိဘူးဆိုပေမဲ့ ကွေးလွယ် ညွတ်လွယ်ရှိပါတယ်။ အထိုင်များရင်တော့ ဒီလို မဟုတ်တော့ပါဘူး။

 ရှောင်ရန်နည်းများ


၁ - ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။
၂ - သွားမယ့်နေရာရဲ့ ဝေးဝေးမှာ ကားရပ်တာ၊ ဝေးတဲ့မှတ်တိုင်မှာ ဆင်းတာမျိုးတွေ လုပ်ပြီး လမ်းလျှောက်
ပါ။
၃ - လက်တင်မပါတဲ့ ခုံမှာ ထိုင်ပါ။ ဒီလိုခုံတွေက သင့်ကို ပိုပြီး မတ်မတ်ထိုင်စေပါတယ်။
၎ - ၁ နာရီထိုင်ပြီးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်ပါ။
၅ - နေ့လည်စာစားပြီးတိုင်း လမ်းလျှောက်ပါ။ ကော်ဖီဆိုင်လမ်းလျှောက်သွားတာမျိုး အကျင့်လုပ်ပါ။


Credit : Duwun
Credit :ဖိုးသူတော်   http://www.phothutaw.com/2016/03/blog-post_995.html

No comments:

Subscribe

လာလည်သူများ

free counters