♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 23, 2016

" ဆင်နှာမောင်းနှင့်ကိုင်ပေါက်ပြီး ဆင်နင်းခံလိုက်တဲ့ အမျိုးသား "

 The short video clip, filmed by fellow villagers in rural West Bengal, shows Prakash Boyra, 40, being thrown in the air by a wild elephant
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဆင်ရိုင်းတွေ ဝင်မွှေနေတဲ့သေဆုံးသူလေးဦး ရှိသွားပြီဖြစ်ပြီး နောက်ဆုံး သေဆုံးခဲ့ရသူရဲ့ ဗီဒီိယိုဖိုင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။


 အရှေ့ဘန်ဂေါနယ်တစ်ဝိုက်မှာ ဆင်ရိုင်းမွှေလို့ သေဆုံးသူတွေရှိနေတာပါ။ ဗီဒီယိုဖိုင်ထဲမှာ မှာတော့ ဆင်ရိုင်းက အမျိုးသားတစ်ဦးကို လေထဲမြောက်တက်သွားအောင် အစွယ်နဲ့ ထိုးကော်လိုက်တာတွေ့ရမှာပါ။ အဆိုပါ အမျိုးသားကို နင်းခြေသတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။


သေဆုံးသူ လေးဦးနဲ့အတူ ဒဏ်ရာရသူ နှစ်ဦးလည်း ရှိတယ်လို့ ဆိုပါတယ်။ သောင်းကျန်းတဲ့ ဆင်ရိုင်းကြောင့် လူတွေတစ်ဦးနဲ့ တစ်ဦး မကူညီနိုင်ပဲ အပြေးအလွှား အော်ဟစ်နေကြရပါတယ်။

 အဆိုပါဒေသရဲ့ သစ်တောဦးစီးမှူးအဆိုအရ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ဒယ်လ်မာတောထဲက ဆင်ရိုင်းငါးကောင်ဟာ အရှေ့ဘန်ဂေါဒေသကို ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 ကွင်းပြင်ထဲ ရောက်ာလာခဲ့တဲ့ဆင်တွေကိုလူတွေက ကျောက်တုန်းတွေနဲ့ ပေါက်ပြီး ခြောက်လှန့်ကြတဲ့အတွက် ဒေါသထွက်လာတဲ့ ဆင်တွေနင်းခြေခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ အရှေ့ဘန်ဂေါသစ်တောဝန်ကြီးက ပြောပါတယ်။


Credit :  Duwun 
Credit :  ဖိုးသူတော် (http://www.phothutaw.com/2016/03/blog-post_453.html)

No comments:

Subscribe

လာလည်သူများ

free counters