♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 25, 2016

" စေတနာရှင် ဆရာဝန် တစ်ဦး နှင့် ဖုတ်ဝင်သည်ဟု ပစ်ပယ်ထားခြင်းခံရသည့် လူနာအဖိုးအို "

 
မနေ့ညနေကဘဝပဲ့ကိုင်ရှင်ဆုံးရှုံးသွားသလိုခံစားရလို့စိတ်ပြေလက်ပြောက် ကားဦးတဲ့ရာ တစ်ယောက်ထဲ စိတ်ညစ်
ညစ်နဲ့ထွက်ခဲ့တာတစ်နာရီလောက်ကြာတော့လမ်းမကောင်းလို့ဆက်မမောင်းပဲဘယ်ရွာလဲမေးတော့ပန်းတနော်ပိုင်။ တူးချောင်းရွာတဲ ကရင်လူမျိုးတွေနေတဲ့ ရွာငယ်လေးပါတဲ့။ ဆက်သွားလို့မရလို့ နောက်ဆုတ်ဖို့ကြည်တုံး တဲအိမ်လေး
ရှေ့မှာလူတစ် သိုက်တိုးတိုး စကားပြောရင်း။ အချို့အမျိုးသမီးတွေကမျက်ရည်သုတ်နေကျ တာမြင်တော့မနေနိုင်တာနဲ့
ဝင်စပ်စုတဲ့အခါ ဦးဝင်းတစ်ယောက် နေမကောင်းဖြစ်ပြီး ဖုတ်ဝင်နေတာ လေးလလောက်ရှိပြီ အခုတော့ အသက်ငင်
နေလို့ မိသားစုတွေစုပြီး အသက်ထွက်တာ စာင့်နေကြတာတဲ့။ ဒါနဲ့ စိတ်ဝင်စားပြီး ကျွန်တော်ခန ကြည့်ပါရစေဆိုတော့
ရှင်က ဘယ်ကတုံး။ ဘာလုပ်မှာလဲတဲ့။ မေးမှာပေါ့လေ ဆရာဝန်ရုပ်မှ မပေါက်ပဲ။ အကျိုးကြောင်းရှင်းပြတော့ သိပ် 
လက်မခံချင်ဖူး။ ဖုတ်ဝင်တယ်လို့ ယူဆကြတော့ ကြောက်ပြီး မြန်မြန်သေစေချင်ပုံရတယ်။ ဒါနဲ့ ဆရာဝန်ဆိုပေမဲ့ 
ဖုတ်လဲ သွင်းတတ်ပါတယ်။ ဖုတ်လဲထုတ်တတ်ပါတယ်၊ ဖုတ်သွင်းတယ်ဆိုတာ သားဆက်ခြားပစ္စည်းတစ်သောင်းကျော်
ထဲ့ခဲ့တာပါ။ ဖုတ်ထုတ်တယ်ဆိုတာက သြဇာရွက်ခုနှစ်ကို ရွက်ဖင်အောက်မှာထား။ ကုလားဖဲသုံးချပ် ကိုကျောအောက်ခု။ ခုံဖနပ်တစ်စုံကို ကျောချင်းကပ်ပြီ လူနာခေါင်းအောက်မှာ ထားရင် ဖုတ်ချက်ချင်းထွက်တယ်လို့ ပြောတော့နဲနဲ ယုံသွားပုံရပြီး
ကြည့်ချင်ကြည့်လေ ဆိုတော့မှ နတ်စင်သာသာ တဲလေးပေါ်လေးဖက ထောက်ပီးကြည်လိုက်တော့ မလှဲနိုင်လို့အိမ်တိုင်
ဖက်ကာ အသက်လုရှူပြီး အသက်ငင်နေတဲ့ အသက်ခြောက်ဆယ်ခန့် လူနာကို စိတ်မကောင်းစွာ တွေ့ရလို့ခနစမ်းသပ်ခွင့်
တောင်းတော့ ခွင့်ပြုတာနဲ့ ကားဆီပြေးပြီး အသက်ကယ်အိပ်နဲ့ တယ်လီဗေးရှင်း ဓါတ်မှန်စက်ပြေးယူပီးကြည့်လိုက်တော့ညာဖက် ရင်ခေါင်းတစ်ခုလုံး ရေတွေပြည့်နေတာ တွေ့တော့လူနာရှင်နဲ့ အနားမှာရှိတဲ့ရွာလူကြီးတွေခေါ်ပြီး ဒီလူနာဟာ
ဖုတ်ဝင်တာမဟုတ်ဖူး။ အဆုပ်ထဲရေဝင်တာ။ ဖေါက်ထုတ်ရင် အသက်ရှင်နိုင်ကြောင်း။ ဒီတိုင်းထားရင်မကြာခင်သေတော့
မည်ဖြစ်ကြောင်း ရှင်းပြတော့ အားလုံးသဘောတူတာနဲ့ လက်မှတ်ထိုးခိုင်းပြီး ပါလာတဲ့ သွေးခံအိပ်က ပိုက်ကိုဖြတ်ပြီးဖေါက်

ထုတ်လိုက်တာ တစ်လီတာရေသန့်ဘူး သုံးပုလင်းခွဲရတယ်။ လူနာလဲ အသက်ပြန်ရူလာပြီး သတိပြန်ရလာတယ်။
 
အသက်ကယ်ဆေးပါ ထိုးလိုက်တော့ နာရီဝက်လောက်ကြာတော့ စကားပြန်ပြောနိုင်လို့။ ဘာဖြစ်လို့ဒီလောက် ထိအောင်
အဖြစ်ခံရလဲလို့ မေးတော့ဆေးကုဖို့ ပိုက်ဆံမရှိတာက တစ်ကြောင်း။ ဝေဒနာကြာလာတော့ ဆေးပညာအသိနဲတော့ သူ
များပြုစားတယ်။ ဖုတ်ဝင်တယ်ဆိုပြီးရေမတိုက်။ အစာမကျွေး အနားမှာဘယ်သူမှ မကပ်ကျတော့ပဲပြစ်ထားတယ်ဆိုပြီး
ရိုက်ကြီးတငင်ငိုတာနဲ့ အားမငယ်နဲ့အဘရဲ့အ သက်ကို ကျွန်တော်တာဝန်ယူတယ်။ ပျောက်သည့်အထိအခမဲ့ကုပေး
မယ်လို့ကတိပေးပြီး အဟာရတွက်ပါလာတဲ့ ငွေနှစ်သောင်းနဲ pSI ကပေးတဲ့ကိုကာဥထုတ် ပေးခဲ့ပြီးလူနာရှင်တွေကိုလဲ
ရှေးရိုးစဉ်လာအစွဲလန်းတွေမထားဖို့ အသေးစိတ်ရှင်းပြခဲ့ရင်း နောက်နေ့လူနာကို ဓါတ်မှန်ရိုက်ဖို့လာခေါ်မည်ဖြစ်ကြောင်း
မှာကြားပြီး လူနာစိတ်ချရမှ ပြန်လာရင်းဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပါတယ်။ နောင်ဆိုရင်အဲယားကွန်ခန်း
ထဲမှာထိုင်ပြီးလွမ်းဆွေးနေမဲ့စား ဆင်ရဲတွင်းနက်ပြီဝေဒနာခံစားရင်း။ ဆရာဝန်ငံ့လင့်နေတဲ့ ရောဂါရှင်တွေ ဆီသွား
ပြီးအသက်ကယ်တော့မယ်လို့းးးးးးးးးးး

 


credit lwan wai
Copy from တပင်ထဲရင်ထဲကနွယ
အကြီးကြီးလေးစားမိသွားလို့ ရှယ်ပေးလိုက်တာပါ ...........
ဒီလို ဆရာဝန်တွေ များများပေါ်ပေါက်လာပါစေ...........
ပြည်သူတွေရဲ့ နောက်ကျကျန်နေခဲ့တဲ့ အသိပညာတွေ တိုးတက်လာပါစေ ...........
မြန်မာနိုင်ငံကြီး အမြန်ကျန်းမာလာပါစေ...........

Pan


Credit : မောင်(စွယ်စုံကျမ်း)

No comments:

Subscribe

လာလည်သူများ

free counters