♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 21, 2016

" သင့်ကို လူတွေ ချက်ချင်း စိတ်ပျက်သွားစေနိုင်သည့် အချက်(၉)ခု "

 
လူတွေ စိတ်ပျက်သွားစေနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် သိပ်တောင် အားစိုက်စရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ သင့်ရဲ့ လူမှုကွန်ယက်ပေါ်က အကြောင်းအရာတစ်ခုခုကို တွေ့ရချိန် ဒါမှမဟုတ် လူချင်း မိတ်ဆက်တဲ့အချိန်မှာပဲ တဖက်လူက လုံးဝစိတ်ပျက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လူမှုကွန်ယက်တွေမှာနဲ့ လူချင်းတွေ့ဆုံကြချိန်မှာ သင့်ကိုလူတွေ စိတ်ပျက်သွားစေနိုင်တဲ့ အချက်တွေကို သိရှိဆင်ခြင်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

၁။ Facebook ပေါ်တွင် ဓာတ်ပုံတွေ အများကြီး ရှဲလုပ်ခြင်း
သင့်အနေနဲ့ သင့်ရဲ့Wall ပေါ်မှာ ဓာတ်ပုံတွေ များနိုင်သလောက် များများ တင်ချင်မှာသေချာပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ Facebook ပေါ်မှာ ဓာတ်ပုံတွေ တင်လွန်းတာက အပြင်လောကထဲက ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိသားစု၊ ဆွေမျိုးတွေနဲ့ ပုံတွေကို တင်လွန်းတဲ့အခါ သူငယ်ချင်းတွေက မကြိုက်တတ်သလို သူငယ်ချင်းတွေနဲ့ ပုံတွေချည်းပဲတင်ပြန်တော့လည်း မိသားစုဆွေမျိုးတွေက အမြင်မကြည်တတ်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံတွေ တင်တာက ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်သလို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို သတိပြုဆင်ခြင်ပါ။

၂။ Facebook ပေါ်မှာ သူငယ်ချင်း များလွန်းခြင်း၊ နည်းလွန်းခြင်း
လေ့လာမှုတစ်ခုအရ Facebook မှာ သူငယ်ချင်းဦးရေ (၃၀၀)၀န်းကျင်ပဲ ရှိတာက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Facebook သူငယ်ချင်း (၁၀၀)အောင်နည်းသူတွေကိုလည်း အခြားသူတွေက သဘောကျလေ့ သိပ်မရှိသလို (၃၀၀)ထက်များလွန်းနေရင်လည်း စိတ်မ၀င်စားတတ်တော့ကြတာကို စစ်တမ်းကောက်ယူပြီး သိရှိခဲ့တာဖြစ်ပါတယ်။ Facebook ပေါ်မှာ သူငယ်ချင်းတွေ အများကြီးရှိနေတာက အမှန်တကယ် မိတ်ဆွေ အပေါင်းအသင်းရှာဖွေတာမျိုးမဟုတ်ပဲ ထင်ပေါ်ကျော်ကြားလိုစိတ်များတာဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။

၃။ ကနဦးဆက်ဆံရေးအခြေအနေမှာ မိမိအကြောင်းတွေ အလွန်အကျွံထုတ်ပြောခြင်း
ယေဘုယျအားဖြင့် လူတွေက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုရှိလာပြီးမှ နှစ်သက်ခင်မင် သွားတတ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်သူတွေအနေနဲ့ မိမိအကြောင်းကို ဖွင့်ဟပြောဆိုပြီး ယုံကြည်မှုတည်ဆောက်တာက မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို ပြောရာမှာ
လိုတာထက်ပိုပြီး အတွင်းရေးကိစ္စတွေ လျှောက်ပြောနေလို့လည်း မဖြစ်ပါဘူး။ သင့်ရဲ့ဝါသနာ၊ ငယ်ငယ်တုန်းက အမှတ်ရစရာကိစ္စတွေလောက်ကိုပဲ ပြောတာက နွေးထွေးပျူငှာပြီး ခင်မင်ချင်စရာကောင်းပါတယ်။

၎။ ကိုယ့်အကြောင်းမပြောပဲ တဖက်သူကိုချည်း မေးခွန်းထုတ်နေခြင်း
ဆက်ဆံရေးတစ်ခုတည်ဆောက်ချိန်မှာ ကိုယ့်အကြောင်းကို အတန်အသင့်ပြောတာက ပိုမိုနီးကပ်ခင်မင်သွားစေနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီလိုဖွင့်ဟပြောဆိုတာက အပြန်အလှန်ဖြစ်သင့်ပါတယ်။ လူတွေက သူတို့အကြောင်းကို အပြန်အလှန်ပြောခွင့်ရမယ်ဆိုရင် သင့်ကို ပိုပြီးသဘောကျ ခင်မင်ချင်တတ်ကြပါတယ်။ လူတောမတိုးပဲ ရှက်ကြောက်တတ်သူတွေကပဲ သူတို့ဆီကို အများအာရုံမစိုက်မိအောင် အခြားသူတွေကို မေးခွန်းတွေ စွတ်မေးနေတတ်တာဖြစ်ပါတယ်။ ဆက်ဆံပြောဆိုနေချိန်မှာ နှစ်ဦးနှစ်ဖက် အပြန်အလှန်ပြောဆိုမေးမြန်းနေတာမျိုးပဲ ဖြစ်သင့်ပါတယ်။

၅။ အနီးကပ်ဓာတ်ပုံကို Profile ပုံတင်ခြင်း
လေ့လာမှုတွေအရ အကွာအဝေ ()ပေခွဲလောက်ကနေ ရိုက်ထားတဲ့ ပုံတွေက ဆွဲဆောင်မှုနည်းပြီး ()ပေခွဲလောက်အကွာကနေ ရိုက်ထားတဲ့ပုံတွေက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

၆။ စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားခြင်း
လူတွေနဲ့ဆက်ဆံရတဲ့အခါမှာ သင့်ရဲ့စိတ်ခံစားချက်ကို အမှန်အတိုင်းချပြတာက အကောင်းဆုံးဖြစ်ပါတယ်။ စိတ်ခံစားချက်ကို ဖိနှိပ်သိုဝှက်ထားမယ်ဆိုရင် လူတွေက စိတ်မ၀င်စားတတ်ကြတဲ့အတွက် ခင်မင်ရင်းနှီးဖို့ ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

၇။ လောကွတ်ပိုခြင်း
လူတွေကို အလိုကိုလိုက်ပြီး ဆက်ဆံရင် အားလုံးအဆင်ပြေမယ်လို့ သင်ထင်ရင်မှားသွားပါလိမ့်မယ်။ လိုတာထက်ပိုပြီး လောကွတ်ပိုကာ လိုက်လျောလွန်းသူတွေကိုလည်း အများစုက သဘောမကျတတ်ကြပါဘူး။ ဒါ့ကြောင့် လိုအပ်တဲ့အချိန်မှာ ငြင်းပယ်တတ်ပါစေ။ ဘာကြောင့်ငြင်းရတာလဲဆိုတာကိုတော့ ရှင်းပြပေးပါ။

၈။ နှိမ့်ချသလိုနဲ့ ကြွားဝါတတ်ခြင်း
သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တဲ့အခါမှာ၊ အလုပ်အင်တာဗျူးဖြေဆိုတဲ့အခါမှာ သင့်ကိုယ်သင် အမွှမ်းတင်ပြောတာမျိုးကို ရှောင်ကျဉ်ရမှာ ဖြစ်သလို သင့်ကိုယ်သင်အပြစ်တင်သလို၊ ဝေဖန်နှိမ့်ချသလိုနဲ့ ကြွားဝါတာမျိုးကိုလည်း မလုပ်သင့်ပါဘူး။ လေ့လာမှုတွေအရ ဟန်ဆောင်နှိမ့်ချတတ်သူတွေထက် ရိုးသားမှုရှိသူတွေကို လူတွေက ပိုပြီးသဘောကျခင်မင်တတ်ကြတယ်လို့ ဆိုပါတယ်။

၉။ စိတ်ဖိစီးမှုများလွန်းခြင်း
စိတ်ဖိစီးမှုများတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်ကထွက်တဲ့ချွေးနံ့ကို ဘေးပတ်ဝန်းကျင်က လူတွေက ခံစားသိရှိနိုင်ပြီး သင့်ရဲ့ကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်တတ်ကြပါတယ်။ ဒီလို အကဲဖြတ်မှုကနေတဆင့် စိတ်ဖိစီးမှုများသူတွေကို လူတွေက ယုံကြည်မှုနည်းပြီး ခင်မင်လိုစိတ်သိပ်မရှိတတ်ကြဘူးလို့ လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။



No comments:

Subscribe

လာလည်သူများ

free counters