♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 26, 2016

" သင့်အတွက် အရေးပါသူတွေကို သင့်အပေါ် အချစ်တိုးစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အရာများ "


ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့အနီးစပ်ဆုံး ကိုယ့်ဘေးမှာရှိနေကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို ချစ်ခင်ကြောင်း၊ သူတို့ကိုယ့်အတွက် လုပ်ဆောင်ပေးတဲ့ အရာတွေအတွက် ကျေးဇူးတင်ကြောင်းကို ပါးစပ်က ပြောတာထက် ပိုထိရောက်တဲ့ နည်းလေးတွေ ရှိနေပါတယ်။ သူတို့စိတ်ထဲမှာလည်း ပျော်သွားမယ့်အပြင် ကိုယ့်အနေနဲ့လည်း ခုလို လုပ်ဆောင်လိုက်ရတဲ့အတွက် ၀မ်းသာပီတိ ဖြစ်ရမှာပါ။ ဒီတော့ တစ်ပတ်အတွင်း သင့်ဘေးနားက ချစ်သူ၊ ခင်သူတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာနေအောင် သင့်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုတော့

၁။ တနင်္လာနေ့မှာ မိဘတွေဆီကို ပန်းစည်းလေး ပို့ပေးလိုက်ပါ။

၂။ အင်္ဂါနေ့မှာ သင်အခင်ရဆုံး၊ သင်နဲ့အရင်းနှီးဆုံး အပေါင်းအသင်း၊ သူငယ်ချင်း ၅ယောက်ဆီ ကျေးဇူးတင်လွှာ ကတ်လေးတွေ ပို့ပေးလိုက်ပါ။ ကတ်လေးတွေထဲမှာ သင်သူတို့ကို ဘယ်လောက် ကျေးဇူးတင်ရပါကြောင်း ဘာ့ကြောင့် ကျေးဇူးတင်ရကြောင်း သင့်လက်ရေးနဲ့ရေးသားကာ ပို့ပါ။

၃။ ဗုဒ္ဓဟူးနေ့မှာ အိမ်က အလုပ်သမား၊ အိမ်အကူ စတဲ့သူတွေကို အပိုဆုငွေလေး ဆုချလိုက်ပါ။

၎။ ကြာသပတေးနေ့မှာ သင့်ချစ်သူရဲ့ အိပ်ခန်း၊ ဒါမှမဟုတ် သင်နဲ့သင့်သူငယ်ချင်း အတူနေတဲ့ အခန်းလေးကို ရှင်းလင်းလိုက်ပါ။

၅။ သောကြာနေ့မှာတော့ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီ၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေအတွက် အိမ်မှာလုပ်ထားတဲ့ မုန့်လေးတွေ
ယူသွားပေးလိုက်ပါ။

၆။ စနေနေ့မှာတော့ သင့်အပေါ်လွှမ်းမိုးမှုရှိတဲ့၊ သင်လေးစားရတဲ့သူ တစ်ယောက်ယောက်ဆီကို အလည်သွားပါ။

၇။ တနင်္ဂနွေနေ့မှာတော့ သင့်အချစ်ဆုံး သူငယ်ချင်းအတွက် ကိုယ်တိုင် ထမင်း၊ ဟင်း ချက်ပြုတ်ကျွေးမွေးလိုက်ပါ။

ကဲ တစ်ပတ်စာလုံး ကိုယ့်ဘေးနားက ကိုယ်ချစ်သူ ခင်သူတွေအတွက် ခုလို လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် သူတို့စိတ်ထဲမှာလည်း သင့်အပေါ်အချစ်တွေတိုးပြီး သင်ဒီလောက်လေး လုပ်ဆောင်ပေးတာမျိုးကိုတောင် သူတို့တစ်သက်မမေ့နိုင် သတိရနေပါလိမ့်မယ်။

Ref:popsugar
ဟန်နီ - 

Credit : http://www.trend.com.mm/2016/03/24/lifestyle-9146

No comments:

Subscribe

လာလည်သူများ

free counters