♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 26, 2016

" သင့်အိမ်သာထက် ပိုညစ်ပတ်တဲ့ နေ့စဉ်သုံး ပစ္စည်း (၁၀) ခု :

1. ရေခဲတုံးများ


ရေခဲဟာ ပူအိုက်လွန်းတဲ့ ရာသီဥတုတွေမှာ အအေးတစ်ခွက်သောက်ဖို့ အသုံးတည့်လွန်းပါတယ် ။ ဒါပေမယ့်လည်း အမြန်အစားအစာရောင်းချတဲ့ စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ ရေခဲတုံးတွေဟာ များစွာသော ဘက်တီးရီးယားတွေ ပါဝင်နေပြီး သင့်အိမ်သာထဲက ရေထက်ပိုညစ်ပတ်ပါတယ် ။

2. အနားယူခန်း ကြမ်းပြင်


ကြမ်းပြင်တွေတိုင်းဟာ ညစ်ပတ်ပါတယ် ၊ ဒါပေမယ့် အများပြည်သူ အနားယူခန်းက ကြမ်းပြင်တွေကတော့ ၂ မီလီယံလောက်ရှိတဲ့ ဘက်တီရီးယားတွေဟာ တစ်လက်မတိုင်းမှာ ကပ်ငြိနေပါသတဲ့ ၊ ပုံမှန်အိမ်သာ တစ်လုံးရဲ. ကြမ်းပြင်မှာတော့ တစ်လက်မတိုင်းမှာ ဘက်တီးရီးယား ၅၀ ခန့်သာ ရှိပါတယ် ။

3. အလုပ်စားပွဲ


ပုံမှန်အလုပ်စားပွဲတစ်ခုဟာ အိမ်သာထိုင်ခုံထက် ပိုပြီး ဘက်တီးရီးယားတွယ်ငြိမှု များပါတယ် ။ ဒါဟာ သင့်အနေနဲ့ အိမ်သာထဲသွားတာနဲ့ အလုပ်သွားတာ အလုပ်သွားတာက ရောဂါပိုရစေတယ်လို့ ဆိုလိုလိုက်တာပါပဲ ။

4. ကွန်ပျူတာကီးဘုတ်


များစွာသော လူတွေဟာ နေ့စဉ်လိုလို အိမ်မှာ အလုပ်မှာ ကီးဘုတ်ကို အသုံးပြုနေကြရပါတယ် ။ ကီးဘုတ်တွေမှာ ဘက်တီးရီးယား ရှိနေမှုဟာ အိမ်သာထိုင်ခုံမှာတော့ အဆပေါင်း ၂၀၀ လောက်ပိုပါတယ် ။

5. လက်ကိုင်ဖုန်း

လက်ကိုင်ဖုန်းဟာ လူသုံးအများဆုံး နေ့စဉ်သုံး ပစ္စည်းတစ်ခု ဖြစ်နေပါပြီ ။ လက်ကိုင်ဖုန်းဟာ အိမ်သာထဲမှာထက် ဘက်တီးရီးယား ဆယ်ဆပိုရှိပါတယ် ။ ဒါ့အပြင် လက်ကိုင်ဖုန်းတွေဟာ ကျွန်တော်တို့ရဲ့. မျက်နှာနဲ့ အမြဲလိုလို ထိတွေ့နေတဲ့ ပစ္စည်းမို့ သတိထားသင့်ပါတယ် ။

6. လိုက်ကာ


လိုက်ကာဟာ အိမ်ကို အလှဆင်ပေးနိုင်တဲ့ ပစ္စည်းဖြစ်ပေမယ့် တိရိစ္ဆာန်မွှေး ၊ ဖုန်မှုန့် ၊ အမှိုက် နဲ့ ပင့်ကူအိမ်တွေနဲ့ ညစ်ပတ်နေနိုင်ပါတယ် ။ ဒါကြောင့် နေ့စဉ် သန့်ရှင်းလုပ်ပေးသင့်တဲ့ အရာတစ်ခုပါ ။

7. ရေပန်းခေါင်း


ရေပန်းကနေ ကျလာတဲ့ ရေတွေဟာ သင့်ကို သန့်ရှင်းစေမယ်လို့ ထင်ပါသလား ? မှားပါတယ် ရေချိုးခန်း ရေပန်းခေါင်းဟာ ဘက်တီးရီးယားများစွာ ရှိနေပြီး သင်ဟာ ရေချိုးတိုင်း ဘက်တီးရီးယားတွေကို ခန္တာကိုယ်ပေါ် တင်နေသလိုပါပဲ ။

8. လက်ကိုင်အိတ်


အမျိုးသမီးလက်ကိုင်အိတ်တွေမှာ များသောအားဖြင့် လက်ကိုင်ဖုန်း ၊ ပိုက်ဆံ နဲ့ အခြားသော နေ့စဉ်သုံးပစ္စည်းတွေ ထည့်သွင်းကိုင်ဆောင်လေ့ရှိပြီး ဒီပစ္စည်းတွေဟာ များစွာသော ဘက်တီးရီးယားတွေ ရှိနေပါတယ် ။ ဒါဟာ ဘက်တီးရီးယားတွေကို ထုတ်ပိုးသယ်ဆောင်နေတာနဲ့ တူနေပါတယ် ။

9. ခေါင်းအုံး


သင့်ရဲ. ခေါင်းအုံးမှာ သေနေတဲ့ ဆဲလ်တွေ ၊ ဖုန်တွေ ၊ မှိုတွေ နဲ့ အခြားသော အရာတွေ ကပ်ငြိနေပါတယ် ။

10. ပန်းကန်ဆေးဝတ်


ပန်းကန်ဆေးရာမှ အသုံးပြုတဲ့ ဒီပစ္စည်းဟာ များစွာသော အညစ်အကြေးတွေကို သန့်စင်ပေးနိုင်ပေမယ့် သူ့ကိုယ်တိုင်မှာတော့ ၁၀ မီလီယံလောက်ရှိတဲ့ ဘက်တီးရီးယားတွေဟာ တစ်လက်မဆီတိုင်းမှာ ရှိနေပါတယ် ။

Ref : lolwot
buzz.myanmarportal
 

No comments:

Subscribe

လာလည်သူများ

free counters