တစ်ခါက ဂျပန်တစ်ယောက်၊ အင်ဒိုနီးရှားတစ်ယောက်နှင့် ပြင်သစ်တစ်ယောက်တို့
ပင်လယ်တွင်းရှိ လှေတစ်စီးပေါ် ရောက်နေကြသည်။ လှေမှာ သေးငယ်နေ၍
ဝန်ပေါ့သွားစေရန်အတွက် မလိုအပ်သည့် ပစ္စည်းများကို ပင်လယ်တွင်း ပစ်ချခဲ့ရန်
ဆုံးဖြတ်လိုက်ကြသည်။
ပထမဆုံး ကိုဂျပန်က သူဝတ်ထားသည့် ရိုးရာဝတ်စုံ၊ စီဒီကက်ဆက်၊
ဟိုင်ဖိုင်ရေဒီယို၊ ကင်မရာ စသည်တို့ကို ချွတ်ယူ၍ ပင်လယ်ထဲ
စွန့်ပစ်လိုက်သည်။
အင်ဒို+ပြင်သစ်။ ခင်ဗျား ဘာလို့ ဒီအဖိုးတန်ပစ္စည်းတွေ လွှင့်ပစ်လိုက်ရတာလဲ။
ဂျပန်။ အို ဒီပစ္စည်းတွေက ဘာလုပ်ဖို့လဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ပေါလွန်းလို့။
နောက် ကိုအင်ဒိုက သူဝတ်ထားသည့် ပါတိတ်အင်္ကျီနှင့် ပါတိတ်ပုဆိုးကိုချွတ်ကာ ရေထဲလွှင့်ပစ်ပြန်သည်။
ဂျပန်+ပြင်သစ်။ အဖိုးတန်ပါတိတ်တွေဗျာ။ ဘာဖြစ်လို့လဲ။
အင်ဒို။ ပါတိတ်ဆိုတာများဗျာ။ ကျွန်တော်တို့တိုင်းပြည်မှာ ပေါမှပေါ။
ကိုပြင်သစ် မတ်တတ်ထရပ်လိုက်သည်။ ဘောင်းဘီဇစ်ကိုဖွင့်ကာ ပင်လယ်ထဲ အပေါ့စွန့်ပစ်လိုက်သည်။
ဂျပန် + အင်ဒို။ ဟာ... ခင်ဗျား ဘာလုပ်တာလဲ။
ပြင်သစ်။ ကျွန်တော်တို့ဆီမှာ ရှူးရှူးက အပေါဆုံး။
No comments:
Post a Comment