ချဉ်ပေါင်ပင် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးပြုနိုင်ပါသည်။ ချဉ်ပေါင်ရွက်ကို ချဉ်ပေါင်ကြော်၊ ဟင်းချို ၊ ချဉ်ရည်ဟင်း...စသည့် ထမင်းမြိန် ဟင်းလျာများအဖြစ် စားလေ့ရှိကြပါသည်။ တချို့ အရပ်ဒေသများ တွင် အရွက်ရင့်ရင့်၊ အပွင့်နှင့် အသီးတို့ ကို နေပူပူ တွင် အခြောက်လှန်း ပြီးလက်ဖက်ရည်ကြမ်း လုပ်သောက်ကြပါသည်။
အသားထူသည့် အနီရောင်ချဉ်ပေါင်ဖူးတို့ ကို လည်း ကြော်၍သော်လည်းကောင်း၊ ချဉ်ရည်ဟင်းအဖြစ်လဲချက်စားနိုင်ပါသည်။ ထို့ ပြင် ချဉ်ပေါင်ဖူးနှင့် ချဉ်ပေါင်ပွင့်တို့ ကို ထန်းလျက်(သို့ မဟုတ်)သကြား ဖြင့်ယိုထိုး၍ သော်လည်းကောင်း၊ Jam၊ သကြားရည်အနှစ်၊
ရှာလကာရည် စားသုံးနိုင်ပါသည်။
ချဉ်ပေါင်ဖူးယို သည် အနံ့ အရသာပိုစူးသဖြင့်၊ ၄င်းကို ဇီးယိုထက်ပို၍ လူကြိုက်များကြပါသည်။ ဒါ့အပြင် အသီးရင့်ရင့်ကို သကြား၊ဆားအနဲငယ်တို့ ဖြင့်ရောကြိုပြီး၊ ဆူလာပါက အအေးခံ၍ ဖျော်ရည်အဖြစ်သောက်နိုင်ပါသည်။
၁။ အူသိမ်၊ အူမတို့ ကို ကောင်းကျိုးပြုပါသည်။
၂။ချဉ်ပေါင်ရွက်ထဲတွင် hydroxy နှင့် amino အက်ဆစ်များကြွယ်ဝစွာပါရှိသောကြောင့် ဆီးအား ကောင်းစေပါသည်။ ဆီးရွှင်၍ ၀မ်းကိုလဲ သက်စေပါသည်။
၃။Vitamin C နှင့် သတ္တုဓာတ်တို့ အမြောက်အများပါရှိသောကြောင့် ကိုယ်ခံစွမ်းအားကောင်းမွန်ခြင်း၊ ဆဲလ်များသေဆုံးခြင်းမှ ကာကွယ်ပေးခြင်း၊ သွားဖုံးနှင့် သွားတို့ ကိုကျန်းမာစေခြင်း၊ free radicals အန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အရွယ်ကိုနုပျိုစေ ခြင်း၊ ကင်ဆာရောဂါများ ဖြစ်နိုင်ချေအလားအလာနည်းပါးစေနိုင်ခြင်း၊ အဆုတ်ကိုကျန်းမာစေခြင်း၊ အအေးပတ်ခြင်း၊ ရာသီပေါ်နှာစေးချောင်းဆိုး ကူးစက်ရောဂါများနှင့် နှာရည်ယိုနှာပိတ်ခြင်းတို့ မှလဲ ကာကွယ်ပေးခြင်း...စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၎။ Calcium ဓာတ် အမြောက်အများ ပါရှိသောကြောင့် အရိုးကိုသန်မာစေခြင်း၊ အာရုံကြောအဖွဲ့ အစည်းများနှင့် ကြွက်သားများ ဖွဲ့ စည်းမှုကို တိုးတက်ကောင်းမွန်စေခြင်း၊ သွေးကျဲခြင်းမှကာကွယ်ပေးခြင်း၊ ခြေလက်များတဆစ်ဆစ်နာကျင်ခြင်း နှင့် ထုံထိုင်း လေးလံခြင်းတို့ ကိုသက်သာပျောက်ကင်းစေခြင်း၊ ကလေးငယ်များ ဖွံ့ ဖြိုးမှုနှေးကွေးခြင်းမှ ကာကွယ်ပေးခြင်း.. စသည်ဖြင့် ကောင်းကျိုးပြုပါသည်။
၅။ချဉ်ပေါင်ပန်းပွင့်သည် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါသည်။
၆။ချဉ်ပေါင်ဖူး၏ အစေ့မှလဲ အဆီထုတ်ယူနိုင်ပါသည်။ ထိုအဆီဖြင့် အရေပြားပေါ်ရှိအနာအမျိုးမျိုးတို့ ကို လိမ်းပေးခြင်းဖြင့် ရောင်ကိုင်းခြင်းကိုသက်သာစေပြီး၊ အနာများလဲ ကျက်စေပါသည်။
၇။ ခြေလည်ပင်းပြတ်ရှနာများ၊ ဖက်ခွက်နာနှင့် ပြန်တည်နာများအတွက် ချဉ်ပေါင်ရွက်ကို မီးမြှိုက်၍ အုံပေးခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။
၈။ချဉ်ပေါင်ဖူးဖျော်ရည်ကိုသောက်သုံးခြင်းဖြင့် ချောင်းဆိုးရောဂါကိုသက်သာပျောက်ကင်းစေပါသည်။ လူကိုလန်းဆန်းစေနိုင် ပါသည်။
၉။ ချဉ်ပေါင်အစေ့ပြုတ်ရည်ကို သောက်သုံးခြင်းဖြင့် အစာနင်ခြင်းနှင့်အစာမကျေခြင်းတို့ ကို သက်သာပျောက်ကင်းစေ နိုင်ပါသည်။
၁၀။ ချဉ်ပေါင်ရွက်ကို လက်ဘက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် ကိုလက်စထရောကိုကျစေခြင်း၊ ကိုယ်အလေးချိန်ကျစေပြီး သွေးလည်ပတ်နှုန်းကိုလဲ ကောင်းမွန်စေပါသည်။ ကင်ဆာရောဂါအမျိုးမျိုးတို့ ကိုလဲ ဟန့်  တားကာကွယ်ပေးနိုင်ပါသည်။
၁၁။ဒူးရင်းသီးစားပြီးပါက၊ ချဉ်ပေါင်သီးဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် အပူကန်ခြင်းကို ကာကွယ်နိုင်ပါသည်။
သတိပြုရန်။
• သွေးတိုးရောဂါရှိသူများ အလွန်အကျွံမစားသင့်ပါ။ သွေးပေါင်ချိန်တက်နိုင်ပါသည်။ • ချောင်းဆိုးရင်ကြပ် ဝေဒနာသည်များ နှင့်လည်းမသင့် တော်ပါ။
ဘေးထွက်ဆိုးကျိုးအလွန်နဲပါးပြီး၊ ဈေးနှုန်းလဲမကြီးသော မိမိတို့ လက်တကမ်းမျှ ၁၂-လ ရာသီပတ်လုံး အလွယ်ကတူရရှိနိုင်သော ချဉ်ပေါင်ရွက် တို့ ကို အစာလဲဆေး၊ဆေးလဲအစာ အဖြစ် စားသောက်ပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။
ဘာသာပြန်သူ ပေါက်ပေါက်
https://www.facebook.com/364484143692148/photos/a.364489287024967.1073741828.3 Credit: satekuupuyar.blog
ချဉ်ပေါင်ပင် အကြောင်းသိကောင်းစရာ
ဒီတစ်ခါတော့ အညာမြေရဲ့ အဓိက အစားအစာထဲမှာ ပါဝင်တဲ့ ချဉ်ပေါင်ပင်အကြောင်းကို ရေးအုံးမယ်နော်
..။ဘယ်လို စိုက်ပျိုးတယ်..ဘယ်လို အသုံးဝင်တယ်ဆိုတာလေးတွေပေါ့။
ချဉ်ပေါင်ပင်ကိုတော့ လူတိုင်းသိလိမ့်မယ်လို့ ထင်ပါတယ်။ ချက်စားပုံ ချက်စားနည်းတွေကတော့ မူကွဲ
လေးတွေ ရှိနိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ဒီပို့စ်လေးကို ရေးသားရခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီ
ပို့စ်လေးက ဗဟုသုတ မရဘူးဆိုရင်လည်း ဒီပို့စ်ကို ဖတ်တဲ့သူတွေတိုင်းကို ကျွန်တော် ကြိုပြီးတောင်းပန်
ပါတယ်ဗျာ။
ချဉ်ပေါင်ပင်က ရာသီတိုင်းမှာ စိုက်ပျိုးလို့ရတဲ့အပင်ပါ။ မြေဆွေးလေးထဲ ထည့်ပြီးစိုက်လိုက်ရင်ကို ဖြစ်တ
ာပါ။ ကျွန်တော်တို့ ဆီမှာတော့ တကူးတက မစိုက်ပျိုးကြပါဘူး။ တောထဲမှာ အလေ့ကျကို ပေါက်တာပါ။
အရင်နှစ်တွေက စိုက်ပျိုးပြီးသား အပင်ဟောင်းတွေက နောက်နှစ် မိုးဦးကျတာနဲ့ တန်းပေါက်တော့တာပါ
ပဲ။ အဲဒီ အလေ့ကျ ပေါက်နေတဲ့ အပင်လေးကို ရွှေ့စိုက်လိုက်ရင်ကို ပြီးပါပြီ။ ဘာမှကို လုပ်စရာမလိုတာ
ပါ။ ချဉ်ပေါင်ရွက် ပေါပုံများ တခါတလေဆို နွားတောင် ရိတ်ကျွေးကြပါသေးတယ်။ ချဉ်ပေါင်ပင်ကိုသုံးမျိုး
ခွဲထားတာပါ...ဘိလပ်ချဉ်ပေါင်၊ လက်ခြား၊ ဗမာချဉ်ပေါင်ဆိုပြီးပေါ့။
ချဉ်ပေါင်သုံးမျိုးစလုံးပေါက်ရောက်ပုံချင်း အကုန်တူပါတယ်။ ကွဲပြားသွားတာက အရွက်ပုံစံလေးရယ်၊ အ
ရသာရယ်ပေါ့။ ကျွန်တော်တို့ ရွာဘက်တွေမှာတော့ ချဉ်ပေါင်ပင်ကို နွေရာသီမှာ မစိုက်ပျိုးကြဘူးလေ။ဘာလို့လည်း ဆိုတော့ ချဉ်ပေါင်ပင် ကြီးထွားဖို့ ရေအဆင်မပြေလို့ပါ။ အညာနွေကတော့ သိတဲ့အတိုင်းပဲလေ
...လေကတဖြူးဖြူး၊ ဖုန်ကတထောင်းထောင်း၊ နေကဆို ပူလိုက်တာ အရမ်းပေါ့။စက်ရေတွင်းတူးထားတဲ့
သူတွေကတော့ ရေလောင်းပြီး စိုက်ပျိုးတာပေါ့ဗျာ။ အရွယ်ရောက်ပြီဆိုမှ ရောင်းစားတာပေါ့။ တောအရပ်
ဒေသဆိုတော့ ချဉ်ပေါင်ရွက် တစ်ရာဖိုး လှည်းတစ်စီးတိုက် ရတယ် ဆိုသလိုပါပဲ။ အဲလိုပေါတာဆိုတော့
ချဉ်ပေါင်ရွက်က အညာမြေရဲ့ အဓိကအစားအစာဖြစ်လာတာပေါ့။
ဘိလပ်ချဉ်ပေါင်ပင်
ဘိလပ်ချဉ်ပေါင်ဆိုတာ အရွက်က လက်ဝါးပုံစံလေးပါ။ သူ့ရဲ့ အရသာက နည်းနည်းဖန်ပါတယ်။ အဲဒီချဉ်ေ
ပါင်ကို ငရုတ်သီးအစိမ်းနဲ့ ငါးပိလေးထည့်ပြီး(ချဉ်ပေါင်ရွက် ငါးပိချက်) ချက်စားရင် အရမ်းကောင်းတာပါ။
တစ်ခါတစ်လေတော့လည်း ချဉ်ရည် ချက်တဲ့အထဲမှာ ထည့်တတ်ကြပါတယ်။ ချဉ်ပေါင်သီးကတော့ ထေ
ာင်းစားရတာပေါ့ဗျာ။ ချဉ်ပေါင် ရွက်ကို မျှစ်ပေါက်လေးနဲ့ ကြော်စားရင်လည်း အရမ်းကောင်းတာဗျ။
ချဉ်ပေါင်လက်ခြား
ချဉ်ပေါင်လက်ခြားဆိုတာကတော့ အရွက်က ချွန်ချွန်လေး သုံးခွပါပါတယ်။ အဲဒီချဉ်ပေါင်ကတော့ အရသ
ာ ကောင်းပါတယ်။ အရမ်းအချဉ်ကြီးလည်း မဟုတ်ဘူး၊ ဖန်လည်းမဖန်ဘူး။ အဲဒီအရွက်ကိုတော့ ငရုတ်သီး
စိမ်း၊ ပုဇွန်ခြောက်လေးနဲ့ ကြော်စားရင် အရမ်းကောင်းပါတယ်။ ချဉ်ရည်ချက်တဲ့ အခါမှာတော့ အဲဒီအရွက်
ကို အသုံးပြုပါတယ်။ အဲဒီအရွက် မရှိတော့ဘူး ဆိုမှ ဘိလပ်ရွက်တို့၊ ဗမာချဉ်ပေါင်ရွက်တို့ကို ထည့်တာပါ။
အဲဒီ ချဉ်ပေါင်လက်ခြား ချက်ထားရင်တော့ လူကြီးတွေ ပြောတတ်ကြပါတယ်..“ချဉ်ပေါင်လက်ခြား ကြက်
သားနဲ့မလဲနိုင်”ဘူးတဲ့လေ။ အဲဒီချဉ်ပေါင်ကိုတော့ ရွှေဘိုချဉ်ပေါင်လို့လည်း ခေါ်ပါသေးတယ်။
ဗမာချဉ်ပေါင်(ချဉ်ပေါင်ခါး)
ချဉ်ပေါင်လက်ခြားပင်နှင့် ချဉ်ပေါင်သီး
ချဉ်ပေါင်ချဉ်ရည်ဟင်း
ချဉ်ပေါင်ကြော်
ဗမာချဉ်ပေါင်ဆိုတာကတော့ အရွက်က နည်းနည်း ကြမ်းသလိုပါပဲ။ အရွက်က သုံးခွ ပေမယ့် သူကနည်း
နည်းကြီးတော့ ချဉ်ပေါင်လက်ခြားနဲ့က တူသလိုနဲ့ မတူပါဘူး။ အဲဒီချဉ်ပေါင်ရွက်က နှင်းကျပြီးသွားရင် ခါး
ပါတယ်။ အဲဒါကြောင့် အဲဒီချဉ်ပေါင်ကိုတော့ နှင်းမကျတော့တဲ့ တပေါင်းလလောက်မှ စားလို့ကောင်းတာ
ပါ။ အဲဒီအရွက်ကိုတော့ သိပ်တောင် မစားကျပါဘူး။ ဟိုချဉ်ပေါင် နှစ်မျိုး တုန်းပြီဆိုမှ (လက်ခြားနဲ့ ဘိလပ်
ရွက်တွေ မရှိတော့မှ) စားကြတာပါ။ ချဉ်ပေါင်သီးကတော့ အပင်သုံးမျိုးစလုံး တူတူပါပဲ။ အဲဒါကြောင့် ချဉ်
ပေါင်သီးကို ဆွတ်၊ အဲဒီအသီးပေါ်က အခွံလေးတွေကိုခွါရပါတယ်။ အဲဒီ အခွံခွါရာမှာလည်း ဘေးကအတ
က်ကလေးတွေ မပါအောင် ခွါရတာပါ။ ခွါလို့ရတဲ့ အဖတ်ကလေးတွေကိုတော့ ငရုတ်သီးနဲ့ ထောင်းစားပါ
တယ်။ ချဉ်ပေါင်ဖူးထောင်း၊ ငါးပိကင် ၊ ပဲဟင်းချက် ၊ ဟင်းချိုလေးနဲ့ ဆိုရင်ကို အသားမပါပဲ စားလို့ အရမ်း
မြိန်တာပါ။ အညာဒေသမှာ ချဉ်ပေါင်က ပေါတော့ အခြောက်လှမ်းထားတယ်ဆိုတာ မရှိသလောက်ပါပဲ။
ချဉ်ပေါင်ရွက်ခြောက်ကို ကျွန်တော် ဒီရောက်မှ စားဖူးတာပါ။ အခုတော့လည်း ချဉ်ပေါင်ရွက်ကို အရမ်းလွ
မ်းတယ်ဗျာ..ဒီမှာ ချဉ်ပေါင်ရွက်မရှိဘူးလေ။ ရွာမှာတုန်းကတော့ ချဉ်ပေါင်ရွက်က ပေါလွန်းလို့ မုန်းချင်သ
လိုကိုဖြစ်နေတာ။
အညာဒေသမှာ ချဉ်ပေါင်ရွက် ပေါပုံကို ပြောပါအုံးမယ်...အနည်းငယ်ပေါ့။ ကျွန်တော်တို့ အညာဒေသကပုံ
ပြင်လေးပေါ့...။ တစ်ခါက အညာဒေသရဲ့ ရွာကလေးတစ်ရွာမှာ ဘုန်းကြီး အာဂန္တု တစ်ပါး ရောက်လာတာ
ပေါ့။ အဲလို ရွာကိုရောက်လာတော့ ရွာသူ၊ ရွာသားတွေက ဘုန်းကြီးကျောင်းကို ပို့လိုက်ပါတယ်။ ရွာသူ၊ရွာ
သားတွေက ဆွမ်း၊ ကွမ်း ဝေယျာဝစ္စ အားလုံးတာဝန်ယူကြတာပေါ့။ ဘုန်းကြီးကိုလည်း ပဋိသန္တာယ စကား
ပြောကြတာပေါ့။ “တပည့်တော်တို့ရွာကို ရောက်လာတဲ့အချိန်မှာ ဆွမ်း၊ ကွမ်း အတွက် မပူပါနဲ့ဘုရား။ဟင်း
မကောင်းဘူးဆိုရင်တောင် ရွာမှာ အသီးအရွက်တွေပေါပါတယ် ဘုရား”လို့လျှောက်ကြတာပေါ့။ ဘုန်းကြီး
ကလည်း ပြန်ပြီး မိန့်လိုက်တာပေါ့...“ဒကာ၊ဒကာမတို့ အဲဒီအတွက်တော့ ဘာမှမပူကြနဲ့ ဘုန်းကြီးကအ
သီးရွက်ကို ပိုပြီး ကြိုက်နှစ်သက်တယ်”လို့ မိန့်လိုက်ပါတယ်။ ဒကာ၊ဒကာမတွေလည်း ရွာကထွက်တဲ့ ပဲ
ဟင်း၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း စတဲ့ ဟင်းတွေနဲ့ပဲ ကပ်တာပေါ့။ဘုန်းကြီးလည်းစားကောင်းလွန်း
လို့ သဘောကို ကျနေတာပဲ။ ရွာသူ၊ ရွာသားတွေကလည်း ဘုန်းကြီးစားတာကို ၀မ်းသာအားရဖြစ်ပြီး...
“ဘုန်းကြီးက ချဉ်ပေါင်ဟင်းကို သိပ်ကြိုက်တာပဲ” သူတို့ချင်း ပြောကြတာပေါ့ဗျာ။ အဲဒီလို ကြိုက်တယ်ဆို
တာသိတော့ တစ်ယောက်ကလာပြီးဆွမ်းပို့လည်း တခြားဟင်းတွေသာပြောင်းပြောင်းပြီးပါတယ် ချဉ်ပေါင်
ရွက်က အမြဲပါတာပေါ့။ ဘယ်လောက်ပဲ ကြိုက်လှပါတယ်ပြောပြော..ကြာရင်တော့ ငြီးငွေ့တတ်တာ လူေ
တွရဲ့ သဘာဝဆိုတော့ ဘုန်းကြီးလည်း ချဉ်ပေါင်ရွက်ကို မုန်းနေတာပေါ့ဗျာ။ တစ်ရက်တော့ ဒကာမ တစ်
ယောက် ဆွမ်းအုပ် လာပို့ရော။ ဘုန်းကြီးလည်း ချဉ်ပေါင်ရွက် ပါ-မပါ လှမ်းပြီးအကဲခတ်လိုက်တာပေါ့။
ဒကာမကလည်း ဘုန်းကြီး ကြည့်နေတာကိုမြင်ပြီး.. “ဘုန်းဘုန်းဘုရား တပည့်တော်စိတ်မကောင်းပါဘူး
း..ဒီနေ့ ချဉ်ပေါင်ဟင်းမပါခဲ့ဘူးဘုရား”လို့ လျှောက်လိုက်တော့ ဘုန်းကြီးလည်း ၀မ်းသာအားရဖြစ်ပြီး....
“ဟာ..သိပ်ကောင်းတယ်ဟေ့..ဘုန်းဘုန်းကတော့ ချဉ်ပေါင်ရွက်ဆိုတဲ့ အသံကြားရင်ကို သွားကကျိန်းနေ
တာဟေ့”တဲ့။ ကိုင်း..အဲလောက်တောင် ချဉ်ပေါင်ရွက်ပေါတာပါ။
ကျွန်တော်လည်း ချဉ်ပေါင်ရွက်ကို မုန်းတုန်းက မုန်းခဲ့ပေမယ့် အခုတော့ လွမ်းနေတယ်ဗျာ။ ချဉ်ပေါင်ဟင်း
အရမ်းစားချင်မိတယ်...။ ကျွန်တော်တို့ ရွာက ယာတောလေးကို သတိရလိုက်တာဗျာ။ ကျွန်တော်လို ချဉ်
ပေါင်ရွက်ကို လွမ်းနေတဲ့သူတွေ ရှိနေကြမလား မသိဘူးနော်....
(ကျွန်တော့်ရဲ့ရေးသားချက်များအဓိပ္ပါယ်မပေါ်လွင်ခဲ့ပါကကျွန်တော့်ရဲ့ညံ့ဖျင်းမှုသာဖြစ်ပါကြောင်း
ဝန်ခံအပ်ပါတယ်ခင်ဗျား။)
စာဖတ်သူရဲ့ ရင်ထဲကလာတဲ့ စကားလေးတွေကို စောင့်မျှော်နေပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်...
ရာဇာ(ကျေးတောသားလေး)
Credit : villagethar2011.blog
No comments:
Post a Comment